စာသင်မယ်လို့ ပြောပြီး ကောင်းကောင်းမွန်မွန်စာသင်နေတာ အခုဆိုရင် တစ်ပတ်၀န်းကျင်လောက်ရှိပါပြီ ဒါပေမယ့် စာမရတာလေးတစ်ခုပါပဲ စာလိုက်မလုပ်တာမျိုးပေါ့ .....
စာလည်းမရပါလား P'Ou " လို့ မေးရင် ညဘက် စောအိပ်လိုက်တာတို့။ ညက ဗိုက်ကိုက်ပြီး ခေါင်းအောင့်နေလို့ စာမလုပ်ရတာတို့ ။ ဂိမ်းဆော့လိုက်လို့ စာမေ့သွားတာတို့ ။ အကြောင်းပြချက်တစ်သိန်းနှင့် Daou Pittaya တို့ လှည့်နေလို့ Offroad တို့ခမျာ အကြပ်ရိုက်ရသည်။ အကွက်က အလုပ်ဖြစ်ပြီ ထင်ပေမယ့် ညအိပ်စောင့်ပေးရမဲ့အနေအထားမျိုးတောင် ဖြစ်နေသည်။
ထိုအကြောင်းအရာသာတွေးပြီး ဒီနေ့လည်း ဘယ်လိုအကြောင်းပြချက်မျိုးလာဦးမလဲဆိုတာ စဉ်းစားပြီး မနက်စောစော စာသင်ဖို့ ထွက်လာခဲ့သည်။ မနက်စောစောဆိုတော့ ဆင်းရဲတဲ့ရပ်ကွက်လေးဖြစ်တော့ အကုန်လုံးက လက်လုပ်လက်စားတွေဖြစ်ကြပြီး ဈေးလမ်းတစ်လျှောက်ပါ ဖြတ်လာရတော့ အော်ခေါ်ပြီး ဈေးရောင်းတာနဲ့ ဆရာလေး " စာသွားသင်မလို့ လို့ မေးလို့ ပြန်ဖြေရတာအမောပါ ။ အိမ်ကနေ မနက်စာ မစားလာခဲ့ရလို့ ဈေးမှာ မနက်စာကောက်ညှင်းပေါင်းနဲ့ကြက်ကင်လေးပါ ၀ယ်ဖို့ ၀ယ်နေကြ ဒေါ်ကြီးပုတို့ဆိုင်ရှေ့ ခဏရပ်လိုက်ပြီး။
" ဒေါ်ကြီး ကျွန်တော်ကို ကောက်ညှင်းပေါင်းနဲ့ကြက်ကင် နှစ်ခုပေးပါဦး "
" ဆရာပါလား မနက်စောစော စာသွားသင်မလို့လား "
" ဟုတ်တယ် ဒေါ်ကြီးရေ "
အဒေါ်ကြီးက ဒီဆိုင်ကို ရောင်းနေတာ နှစ်တွေလည်းအတော်ကြာနေပြီဖြစ်သည်။ Offroad ဒီရပ်ကွက်ကို ပြောင်းလာကတည်းက ဒီဆိုင်မှာ စားတာ အခုဆို ဆယ်စုနှစ်တစ်စုစာဖြစ်တော့မည်။" ဒီမှာ ပိုက်ဆံဒေါ်ကြီး ကျွန်တော် သွားလိုက်ပါဦးမယ် "
" ဟုတ်ပါပြီ "ပိုက်ဆံပေးပြီး အထုပ်လေးကို ဆွဲလာပြီး လမ်းမှာ ရှိသမျှ လူတွေနဲ့နှုတ်ဆက်ရင်း စကားပြောရင်းနဲ့ လာခဲ့သည်။ ဒီနေ့ ဆိုင်ကယ် မပါလာလို့ ဈေးလမ်းကဖြတ်ပြီးလာခဲ့သည်။ ပုံမှန်ဆို တခြားလမ်းကသွားနေကြ ဒီနေ့ဆိုင်ကယ်ပျက်နေတော့ လမ်းလျှောက် လာမယ်ဆိုပြီး ထွက်လာခဲ့သည်။