ကားတစ်စီးသည် မြို့တစ်မြို့သို့တစ်ရွေ့ရွေ့သွားနေသည်။
ကားဂိတ်ရောက်သည်နှင့်ဆင်းသူဆင်းတတ်သူတတ်နှင့် လူတွေကျပ်နေသည်။
"အကို...။အကိုကမိုးဉီးဝသုန်လားဗျ။"
မိုးဉီးဝသုန်အတွေးများဖြင့်ငိုင်နေတုန်းကောင်လေးတစ်ယောက်မှသူ့အားလာမေးသည်။
"ဟုတ်ပါတယ်ဗျ။ ဒါနဲ့ဒီကညီလေးက"
"အော်။ ကျတော့်ကိုကျောင်းအုပ်ကြီးကလွှတ်လိုက်လို့ပါဗျ။ အကိုမိုးဉီးဝသုန်ကိုကြိုဖို့လေ"
"အာ...။အလုပ်ရှုပ်ခံလို့ကွာ"
မိုးဉီးဝသုန်ဆိုသောသူသည် အသက်နှင့်မလိုက်အောင်ပင်ပညာဆုံသည်။ အသက်နှင့်မလိုက်အောင်ပင်နုနှယ်လွန်းသည်။
သူ့အားအသက်29ဟုပြောလျှင်ယုံကျမည်မဟုတ်။ ယောက်ျားတစ်ယောက်ဖြစ်ပေမယ့်အနည်းငယ်ပိန်သည်။ အပြင်ပိုင်ကကြည့်လျှင်အသက်22.23ဟုထင်ရမည်။
"အခုဘယ်သွားရမှာလဲကောင်လေး"
"ဟို ကျောင်းအုပ်ကြီးက ကျောင်းအရင်လာဖို့မှာလိုက်ပါတယ်ဗျ"
"အင်း ကျောင်းကိုဘဲအရင်သွားကျတာပေါ့"
ဟုပြောကာကျောင်းရှိရာသို့ဆိုင်ကယ်ဖြင့်ရောက်လာကျသည်။
အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဖြူးမြို့
ကျောင်းရှေ့သို့ရောက်သည်နှင့်
"အကိုမိုးဉီးဝသုန်...ဒီကနေတည့်တည့်လျှောက်ပြီး ဟိုမှာတွေ့လား ။"
သူညွှန်ပြတာကိုကြည့်လိုက်တော့
အောင်ဆန်းခန်းမ
"အဲ့အောင်ဆန်းခန်းမရဲ့နောက်က ကျောင်းအုပ်ကြီးရုံးခန်းဘဲဗျ"
"အင်း။ ကျေးဇူးကွာ။ လိုက်ပို့ပေးလို့"
"မဟုတ်တာ။ ကျတော်တို့ကျောင်းကိုရောက်လာတဲ့ဆရာဘဲကို လောက်ကတော့လုပ်ပေးသင့်တာပေါ့။ ဟိုကျတော့်ကိုသွားခွင့်ပြုပါဉီးဗျ။"
"အေးအေး ။ ကောင်းကောင်းသွားကောင်လေး"
ဟုဝတ်ကျေတန်းကျေပြောလိုက်သည်။ကျောင်းဝန်းသည် အလွန်ကျယ်သည်။ သစ်ပင်ပန်းပင်များစိုက်ပျိုးထားသည်။
YOU ARE READING
ပြောင်းလဲခြင်းသည်သာမှန်ခဲ့လျင်(U/Z)
Horrorဘယ်အထက်လမ်းဆရာမှမနိုင်တဲ့အောက်လမ်းဆရာရဲ့နှလုံးသားကိုအရည်ပျော်စေဖို့အထက်တန်းကျောင်းဆရာတစ်ဉီးရဲ့အပြုံးလေးနဲ့စကားသံလေးသာလိုပါတယ်။