6.4.1889
သင်္ကြန်လဆိုတော့မြို့မှာရှိသမျှလူတွေအကုန်ပျော်ရွှင်မြူးတူးနေကျသည်။
ထိုထဲမှကောင်လေးတစ်ယောက်မပါခဲ့။သူနမည်ကနွေဉီးဟူခေါ်သည်။ ယောက်ျားလေးဆိုတာမှန်ပင်မဲ့လဲ။
အများကမိန်းမလျာဟူခေါ်ကျသည်။
သူကိုယ်တိုင်ကတော့ယောက်ျားဆန်ဆန်ပါဘဲလေ။ ပတ်ဝန်းကျင်ကတော့သိတဲ့အတိုင်းပါဘဲ ကဲ့ရဲ့ချံ့ချဖို့ဘဲသိကျတာ။"ဟေ့ မိန်းမလျာ။ ဘယ်လိုလဲဒီနှစ်သင်္ကြန်မှအဆင်လေးတွေနဲ့လျှောက်မသွားချင်ဘူးလား။"
ထိုကဲ့သို့လှမ်းစတာကျသည်။ သူလဲသည်းခံစမြဲ။ ကြာလာတော့စိတ်ရှုပ်လာသည်။
သေချင်စိတ်ပေါက်လာသည်။
အမကမွေးတုန်းကဘာလို့ယောက်ျားဆန်ဆန်ခန္ဓာကိုယ်နဲ့မမွေးပေးတာလဲလို့သူခဏခဏမေးဖူးသည်။
အဖြေကတော့(အမဆိုတာအရင်ခေတ်ကအမေကိုခေါ်တာပါ)
"သားရယ်ဘယ်သူ့ကိုမှဂရုမစိုက်ပါနဲ့။ သားကိုယ်သားယောက်ျားလေးလို့မြင်ရင်ရပါပြီ။ သူတို့ကခင်လို့စကျတာပါသားရယ်။"
ဟုမိခင်ဖြစ်သူကပြန်ဖြေပေးတတ်သည်။
ပိုက်ဆံရှိသောလဲလူတစ်ကာရဲ့ ကဲ့ရဲ့ခြင်းခံရသည်။ ဖြစ်သင့်သလား။
နွေးဉီးတစ်ညနေခင်းမှာဖြူးချောင်းတံတားအောက်ထိုင်နေတုန်း လူတစ်ယောက်ရောက်လာသည်။
"ဟေး...မင်းကဟို...လူတွေပြောနေကျတဲ့မိန်းမလျာဆိုတာလား"
လူကိုကြည့်တော့တည်ကြည့်မယ့်ပုံနဲ့။ လူတစ်ကာကိုမိတ်ဆက်တာကဒီလိုတဲ့လား။
"စကားမပြောချင်နေ ကျုပ်ကိုလာပြီးဖိအားမပေးနဲ့"
နွေဉီးခပ်ပြတ်ပြတ်ပြောလိုက်သည်။
"ဟိုး...စိတ်လျော့ပါဗျာ။ ဒီလူကခင်ချင်လို့ပြောတာပါ။ ကျတော့်နမည်ကမာန်မာနပါ။ ဒီကနမည်ကကော"
"နွေဉီးလို့ခေါ်တယ်။"
ဟုစိတ်လျော့သောအသံလေးဖြင့်ပြောလာသည်။
အိုးနောက်တစ်ခါမောင့်ကို ဒီလိုအသံလေးနဲ့မပြောပါနဲ့လားဗျာ။ ဂင်ခုန်လွန်းလို့ပါ။ ဟုစိတ်ထဲ၌ရေရွတ်နေသူမှာ မာန်မာနဖြစ်သည်။
YOU ARE READING
ပြောင်းလဲခြင်းသည်သာမှန်ခဲ့လျင်(U/Z)
Horrorဘယ်အထက်လမ်းဆရာမှမနိုင်တဲ့အောက်လမ်းဆရာရဲ့နှလုံးသားကိုအရည်ပျော်စေဖို့အထက်တန်းကျောင်းဆရာတစ်ဉီးရဲ့အပြုံးလေးနဲ့စကားသံလေးသာလိုပါတယ်။