မနက်ခင်းကြက်တွန်သံနှင့်အတူ4နာရီထိုးသည်နှက့်မိုးဉီးဝသုန်နိုးလာသည်။ မျပ်နှာက်သစ်၊ ရေချိိုး၊ လုပ်စရာရှိတာလုပ်ဖို့ပြင်ဆင်ရသည်။ထို့နောက် ကျောင်းဝန်းထဲသို့ဝင်က သိရီဆောင် ဟူသောအဆောင်ကြီးရှိရာသို့သွားလေသည်။
"ခရေပင်လား....။နှမြောစရာကဒီလက မိုးရာသီဘဲ။ ငါဒီကျောင်းမှာဆောင်းရာသီအထိတောင်နေလို့ရပါ့မလား။"
ထိုသို့ညည်းတွားရင်း အခန်းတစ်ခုကသူ့ကိုဆွဲဆောင်နေသည်။ ထိုအခန်းမှာသီရိဆောင်အောက်ထပ်ကညာဘက်ဘေးစွန်းအခန်းပင်။
ဝသုန်လည်း ထူးဆန်းသည်မို့ ဝင်ကြည့်ချင်သည်။အခန်းရှိရာသို့သွားလိုက်ပြီး။
"ဟင် သောမြခတ်ထားပါလား။ ဝင်ကြည့်ရင်တော့ စိတ်မဆိုးလောက်ပါဘူး။"
ဆရာမကြီး စိတ်မဆိုးလောက်ပါဘူး။ ဒါလေးကအခန်းတစ်ခန်းဘဲဟာ။ အခန်းထဲဝင်ကြည့်တော့ နံရံတွေမှာ ပိုးမျှင်အနည်းငယ်ကပ်နေသည်။
ထူးဆန်းသည်က ကျောက်သင်ပုန်းပင်။ဝသုန်ဝင်လာတုန်းက ကျောက်သင်ပုန်းမှာဘာမှမရေးတွဲထား။ အခုသူကြည့်တော့ ကျောက့သင်ပုန်းမှာပုံတွေဆွဲထားသည်။
"ငါဝင်လာတုန်းက ကျောက်သင်ပုန်းပေါ်မှာ ပုံဆွဲထားတာမရှိပါဘူး။ ထားပါငါမမြင်လို့နဲ့တူတယ်။"
အခန်းတစ်ခုလုံးကိုလှည့်ပတ်ကြည့်နေတုန်း ခုံတစ်ခုမှာလူတစ်ယောက်ထိုင်နေသည်ကိုတွေ့လိုက်ရသည်။ ကျောင်းသားလေးတစ်ယောက်ပေါ့။အစကတော့သာမာန်ပါဘဲ။ နောက်တော့အဲ့ ကျောင်းသားက ကျောက်သင်ပုန်းပေါ်မှာ ကြောက်စရာကောင်းတဲ့ ပုံတွေဆွဲနေတာကို ဝသုန်မြင်တော့
"ဟေး..."
သူ့ခေါ်သံကြားတော့ နောက်လှည့်ကြည့်လာသည်။
"သားကဒီအခန်းကလား"
မေးတော့ခေါင်းငြိမ့်ပြသည်။
"ဒီအခန်းကစာသင်သေးလား။ မသုံးတာတော်တော်ကြာတဲ့ပုံဘဲ။"
YOU ARE READING
ပြောင်းလဲခြင်းသည်သာမှန်ခဲ့လျင်(U/Z)
Horrorဘယ်အထက်လမ်းဆရာမှမနိုင်တဲ့အောက်လမ်းဆရာရဲ့နှလုံးသားကိုအရည်ပျော်စေဖို့အထက်တန်းကျောင်းဆရာတစ်ဉီးရဲ့အပြုံးလေးနဲ့စကားသံလေးသာလိုပါတယ်။