Description

167 9 0
                                    




ရုန်ယိဟာ အွန်လိုင်းမှာ ကောင်လေးတစ်ယောက်နဲ့ ရည်းစားထားခဲ့ပြီး သူ့ကောင်လေးဟာ ချစ်ဖို့ကောင်းပြီး ရှက်တတ်သလို အားကိုးလို့လည်း ရပြီး သူမကို တမ်းတမ်းစွဲဖြစ်နေကာ စက္ကန့်ပိုင်းအတွင်း သူမကို စာပြန်တတ်တယ်။ မကျေနပ်စရာကောင်းတဲ့ တစ်ချက်တည်းသော အချက်က သူဟာ အမြဲတမ်း အပြင်မှာတွေ့ဖို့ကို ငြင်းတတ်တာပဲ။

ရည်းစားလေး : [ယုန်လေး မျက်နှာကွယ်ထားပုံ.jpg] ကိုယ်..အင်း..ကိုယ်က ရုပ်ဆိုးတယ်။ ပြီးတော့ ကိုယ့်ရဲ့ အလုပ်ခွင်ကလည်း သိပ်ပြီး မကောင်းဘူး။ အဲ့ဒါကြောင့် ကိုယ်က အလင်းထဲမှာဆို ကြောက်တတ်တယ်...

နောက်ပိုင်းမှာတော့ ရုန်ယိဟာ ခြောက်ခြားဖွယ်ဂိမ်းကမ္ဘာထဲကို ဆွဲခေါ်ခံခဲ့ရပြီး သူမအသက်လေးဟာလည်း အပ်ချည်ကြိုးမျှင်လေးလို တဲတဲလေးသာ ဆွဲခံထားရတော့တယ်။

မထင်မှတ်ထားစွာနဲ့ပဲ သူမရဲ့ ရည်းစားလေးက ဂီမ်းစနစ်ထဲကို ဝင်hackလိုက်ပြီး သူမကို စက္ကန့်ပိုင်းအတွင်း ကူညီပေးခဲ့တယ်။

ရည်းစားလေး: [အဖြူရောင် အကြီးကြီးဖက်.jpg] မကြောက်နဲ့နော် မကြောက်နဲ့။ ကိုယ် တိုးတိုးလေး ပြောပြမယ်။ ဒီဘော့စ်တွေက တကယ်တော့ အရမ်းအားနည်းတယ်။ သူတို့ရဲ့ နှလုံးတွေကို အာရုံစိုက်ဖို့ ကိုယ်မင်းကို အထူးအကြံပေးချင်တယ်။

အခြားကစားသမားများ ဂိမ်းထဲ ဝင်လာသောအခါ: အစပိုင်းအဆင့်များမှာ သတိထားခြင်းမခံရအောင် အဆင့်မြှင့်တင်ပြီး ဘော့စ်နဲ့ မတွေ့မိအောင် နေ

ရုန်ယိဂိမ်းထဲ ဝင်ပြီးနောက်: ဘော့စ်က ဘယ်မှာလဲ?? ၁၀ဒေါ်လာအကြောင်း ပြောရအောင်

သူမဟာ မစ္စတာဘီလူးနဲ့ အကြာကြီး စကားပြောပြီးနောက် အလုပ်က ကျွေးတဲ့ စားစရာတွေနဲ့ ပတ်သက်တဲ့ သူ့ပြဿနာကို တက်ကြွစွာ ဖြေရှင်းပေးလိုက်တယ်။

သူမဟာ အန္တရာယ်များတဲ့ စိတ်ရောဂါသည်နဲ့လည်း အတူသောက်ခဲ့ပြီး အလုပ်ခွင်အတွင်း အနိုင်ကျင့်တဲ့အကြောင်းနဲ့ ပတ်သတ်လို့ စကားများခဲ့သေးတယ်။



သူမဟာ ပလေးဘွိုင်းနတ်ဆိုးလေးရဲ့ နှလုံးသားလေးကိုလည်း ဖွင့်လှစ်ခဲ့ပြီး လူယုတ်မာကို ပညာပေးကာ အနိုင်ကျင့်ခံရသူကို ပျော်ရွှင်တဲ့ဘဝလေးကို ပြန်ရနိုင်အောင် ကူညီပေးခဲ့တယ်။



...




ဘော့စ်တွေဟာလည်း အရမ်းကို ကျေးဇူးတင်နေပြီး ပြောတယ်။"ကျွန်တော်တို့ရဲ့ မရီးကို သိလိုက်ရပြီ"

ငယ်ရွယ်တဲ့ မြို့ပြအလှလေး ရုန်ယိ: ဘယ်ကနေ အဲ့ဒီ မရီးဆိုတာက ထွက်လာတာလဲ?!

ရည်းစားလေး: [ပင်ဂွင်းလေး ရှက်ပြီး ခေါင်းကုတ်နေပုံ.jpg] အာ..ဒါကလေ..ဒီနေရာက ကိုယ့်အလုပ်ခွင်ပဲ။ သူတို့က ကိုယ့်ကို အကိုကြီးလို့ ခေါ်ကြတယ်။

────────────

ရုန်ယိအမြဲတမ်း ထင်ခဲ့တာက သူမရဲ့ အွန်လိုင်းပေါ်က ရည်းစားလေးဟာ ချိုမြိန်ပြီး အပြစ်ကင်းတဲ့ ချစ်စရာကောင်လေးလို့ပေါ့။
အခက်အခဲတွေ အမျိုးမျိုး ကြုံရပြီးနောက်မှာ သူတို့ ၂ယောက် နောက်ဆုံးတော့ တွေ့ခွင့်ရခဲ့ပြီ။

ခြေတံအရှည်ကြီးနဲ့ အတူ သွေးပေနေဆဲ ချောမောတဲ့ မျက်နှာပိုင်ရှင် ယောကျ်ားက ခုနကမှ မွန်းစတားကို သတ်ထားတဲ့ လက်နဲ့ သူမရဲ့ မေးစေ့ကို ပင့်လိုက်ပြီး သူ့ရဲ့ ကြည်လင်တဲ့မျက်ဝန်းတွေမှာ သွေးဆာတဲ့အရိပ်အယောင် မပျောက်ကွယ်သေးပဲ သူမကို တီးတိုး ခေါ်လိုက်တယ်။

"ရုန်ရုန်"

ချစ်စရာခရုတီလေးကို ပျိုးထောင်ပေးဖို့ စိတ်ကူးယဥ်ခဲ့တဲ့ လူချမ်းသာအမျိုးသမီး ရုန်ယိဟာ မျက်ဖြူလှန်ပြီး မေ့လဲသွားတော့တယ်။

ခြောက်ခြားဖွယ်ဂိမ်းရဲ့ ဘော့စ်နဲ့ အွန်လိုင်းဒိတ်တင်းလုပ်ပြီးနောက်Where stories live. Discover now