Chapter 115

1.6K 189 7
                                    

Unicode

သူမက မူလပိုင်ရှင်ထက်တော့ ပိုကံကောင်းပါတယ်။ မူလပိုင်ရှင်က သူမနဲ့ လော့ချယ်ကြားမှာ ချစ်သူတွေလို အပြန်အလှန်ဆက်ဆံရေးမရှိဘူးထင်လို့ လမ်းခွဲခဲ့တာပဲ။

ဒါပေမယ့် သူမ သရဲအိမ်ထဲမှာ လော့ချယ်ရဲ့လက်ကိုဆွဲထားခဲ့ပြီး လူထုအသိပညာပေးဓာတ်ပုံတွေ ရိုက်တော့လည်း လော့ချယ်ရဲ့ရင်ခွင်ထဲ လဲကျသွားခဲ့သေးတယ်။ ဒါ့အပြင် သူမရဲ့ပထမဆုံးဇာတ်ကား "Ask the immortal" ကိုရိုက်တုန်းကလည်း ‌မြစ်ထဲမှာ လော့ချယ်ရဲ့လက်ကို တင်းတင်းကျပ်ကျပ်ဆွဲထားခဲ့ပြီး သူ့ကို အခွင့်အရေးယူခဲ့သေးတယ်။

ချစ်သူတစ်ယောက်အနေနဲ့ သူက အဲ့လောက်အရည်အချင်းမရှိတာလည်း မဟုတ်ပါဘူး။

ကုမျန် သေချာတော့မပြောတတ်ပေမယ့် လမ်းခွဲတာက နည်းနည်း နည်းလမ်းတကျမဟုတ်သလိုပဲလို့ ခံစားရတယ်။

သူမက တကယ်ကို ခံစားချက်တွေနဲ့ပတ်သတ်လာရင် ဘာလုပ်ရမှန်းမသိတဲ့သူပါ။ ကူးပြောင်းလာတုန်းက အသက်ဆယ့်ရှစ်နှစ်ပဲရှိသေးပြီး သူမက အရင်ဘဝမှာလည်း အချစ်ရေးကိစ္စဆိုတာ ဘာမှန်းမသိခဲ့ရဖူးဘူး။

ကူးပြောင်းလာပြီးနောက် ချက်ချင်း အသက်နှစ်နှစ်ကြီးသွားပြီး အပြစ်ပြောစရာမရှိတဲ့ ချစ်သူတစ်ယောက်ကိုလည်း ရလိုက်သေးတယ်။

ခံစားချက်တွေနဲ့ပတ်သတ်ပြီး ဘယ်လိုကိုင်တွယ်ရမလဲမသိပေမယ့် ကုမျန် အဲ့ဒါကို ပြဿနာလို့မထင်ခဲ့ပဲ အမြဲသင်ယူလို့ရတဲ့အရာလို့ ထင်ခဲ့တာ။

ပြီးတော့ ဒါက သူမအတွက်ပထမဆုံးပဲ။

သူမ လော့ချယ်နဲ့ သုံးခါလမ်းခွဲဖို့လိုပြီး နှစ်ခါပြန်အဆင်ပြေရမယ်။ ဒီတော့ သူမဘယ်လိုပဲလုပ်လုပ် အဲ့ကိစ္စက ဖြစ်ကိုဖြစ်လာရမယ့်ဟာပဲ။

ကုမျန် အစက Baidu မှာ ဘယ်လိုလမ်းခွဲရမလဲလို့ ရှာကြည့်သေးတယ်။

Baiduမှာ အများစုက ချစ်သူကောင်လေးကသာ ကောင်မလေးကို အေးစက်စက်ဆက်ဆံတယ်၊ လျစ်လျူရှုထားတယ်၊ စာမပြန်ဘူး၊ ဖုန်းမကိုင်ဘူး၊ ဒါကြောင့် ကောင်မလေးက သည်းမခံနိုင်တော့ရင် သူတို့ လမ်းခွဲကြတယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now