P-2တကယ်တမ်းစမ်းသပ်ရမည်ဆိုတော့ မည်သူကမှ တာဝန်မယူကြ။ အားလုံး ခေါင်းခါ၊ ခေါင်းရှောင်ပြီး မသိချင်ယောင်ဆောင်နေကြသည်။
“ကဲ..ဒါဖြင့် ဘယ်လိုလုပ်မလဲ”
အားလုံး ခေါင်းချင်းဆိုင်ကုန်၏။အတန်ကြာမှ..
“ဒါဖြင့် ဒီလိုလုပ်။ ပြည်သူတွေ ထဲကတစ်ယောက်ကို အရင်စမ်းသပ် ခိုင်းလိုက်မယ်၊ မကောင်းဘူးလား”
သူ့စကားကို တခြားဝန်ကြီးများက..
“အရသာတအားကောင်းနေရင် ဒီအသီးကို ပြည်သူတွေအရင် စားဖူးတယ်ဆို တို့ဝန်ကြီးတွေ သိက္ခာကျမှာပေါ့ ဝန်မင်းကလည်း”
“ဒီအသီးစားပြီး သေတော့ရော”
“ဒါကတော့ ပြည်သူက သူ့ထိုက် သူ့ကံနဲ့သေတာ သေပါစေပေါ့ ဝန်မင်း ကလည်း”
သြော်..မတော်တဆ အသီးကောင်းဖြစ်ခဲ့ရင်လည်း သူတို့က အရင်စားချင်၊ သေမယ်ဆိုတော့ ပြည်သူကိုသေစေချင်။ ဘယ်လိုဝေခွဲ ရမှန်းပင်မသိ။ အတန်ကြာမှ ဘုရင်က အတွေးပေါက်ပြီး
“ဒီလိုလုပ်။ ခုနကပြောတဲ့အတိုင်း ပြည်သူကို အရင်မြည်းခိုင်း မယ်”
“ကောင်းနေရင်”
“ခါတိုင်းလိုပဲ အဲဒီကောင်ကို ရှော့ခ်လိုက်ပြီး ဘယ်သူမှမစားဖူး သလိုလုပ်ရုံပေါ့”
“သေရင်ရော၊ သေရင်တော့ စေတနာနဲ့ လက်ဆောင်ပြန်ပေးတာပေါ့ကွာ၊ ဟုတ်ဘူးလား”
“ဟေး….”
ဝန်ကြီးများ ဝမ်းသာသွားကြသည်။
“ဟုတ်တယ်။ ပြည်သူပိုင်ဆိုတာ ကောင်းနေရင် ဘုရင့်ဘဏ္ဍာ၊ ဆိုးနေရင် ပုဂ္ဂလိကပိုင်၊ သုံးစားမရရင်တော့ ပြည်သူတွေ တကယ်ပိုင်ပေါ့။
ဟုတ်ဘူးလား။ ဟေး…ပျော်တယ် ဟေ့”
ဤသို့ဖြင့် ပြည်သူပိုင်သစ်သီးကို ပထမဆုံးစားသုံးရန် ပြည်သူတစ်ဦးကို ခေါ်လာကြလေသည်။ ကံဆိုးသူမောင်ရှင်ကား ရောက်ပြီ။
“ကိုင်း..မောင်မင်း ဒီအသီးကို အရင်ဆုံးမြည်းစမ်းကြည့်စမ်း”
YOU ARE READING
ငယ်ပေါင်းကြီးဖော် နှင့် မူးယစ်သားကောင် [ SHORTS ]
Short Storyအများရီးမပြောတော့ပါဘူး ဖတ်ကြည့်လိုက်ပါရှင့်