P-1
×××××××××××××××××××××××××××××××××××××
#စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။
#မှတ်ချက်မည်သူမည်ဝါကိုမှဂုဏ်သိက္ခာညိုးနွမ်းစေရန်မရည်ရွယ်ပါအားပေးမှုအတွက်ကျေးဇူးအထူးတင်ပါသည်။
×××××××××××××××××××××××××××××××××××××
"သူ့ကို မုန်းဖို့လဲမလွယ်ပါ......
သူ့ကိုမေ့ဖို့လဲမလွယ်ပါ......
ရင်မှာချစ်စစ်နဲ့ချစ်ခဲ့သူပါ....."စားပွဲပေါ်တင်ထားသော ဖုန်းမှ အသံထွက်လာသည်။ နေမင်း
စာဖတ်နေရာမှ ထ၍ ဖုန်းကောက်ကိုင်လိုက်သည်။ အလွန်ပင်ချစ်ခင်ရသော သူငယ်ချင်း ရန်နိုင် ဆီမှဖြစ်သည်။ သူငယ်ချင်းဆိုပေမယ့် ရန်နိုင်သည် အသက်၂၅ခန့်သာ ရှိပြီး နေမင်သည်အသက်၃၀ကျော်ဖြစ်သည်။ Onlineပေါ်ခင်မင်ရင်းနှီးခဲ့ပြီး ချစ်သူမကျ သူငယ်ချင်းမကျပုံစံပင်ဖြစ်သည်။ ဖုန်းအားကိုင်လိုက်ပြီး"ဟယ်လို ညီ ပြောလေ"
"ဟုတ်အကို နေကောင်းလား"
"ကောင်းပါတယ်ညီ ညီကော အဆင်ပြေရဲ့လား အလုပ်သွားရှာတာ ရပြီလား"
"ရပြီအကို ခုသောကြာနေ့ မို့ ညနေညီလာမလို့ အကို့ဆီ ကားဂိတ်လာကြိုပေးအုံးနော်"
"ဟုတ်ညီ လာခဲ့လေ..သတိတွေရနေတာ ၁ပတ်တောင်ရှိပြီ ညီမလာတာ"
"ဟုတ်တယ်အကိုရေ ညီမအားနဲ့ ကို့ဆီ ဖုန်းတောင်မဆက်မိဘူး"
"အင်းပါကွာ နားလည်ပါတယ်"
"ကို ညီice ယူလာခဲ့မယ် Hfရအောင်နော်"
"အေးညီ hfချင်နေတာ ဟီးး ညီမလာတော့မျှော်နေရတာ တစ်ယောက်တည်းကျ အဆင်မပြေဘူးဟီး"
"ဟုတ်ပါပြီဗျာ အကိုရေ အလုပ်ထဲမို့ ဘိုင့်နော် ညနေဖုန်းဆက်လိုက်မယ်"
,"Ok Okညီ ဘိုင့်"နေမင်း ဖုန်းချလိုက်ပြီး ညနေ ရန်နိုင်လာမည်မို့ အခန်းအားသန့်ရှင်းရေးလုပ်နေသည်။ သန့်ရှင်းရေးလုပ်ပြီးသည့်အခါ ညစာ စားဖို့အတွက် ပေါင်မုန့် နွားနို့နှင့် ကြက်ဥများဝယ်ရင်း အိမ်သုံးဆေးများပါ တစ်ပါတည်း ဝယ်ခဲ့လေသည်။ Hfသည့်အခါ အစာစားချင်စိတ်မရှိ၍ ကြက်ဥ နွားနို့ကိုသာ များများဝယ်လာခဲ့သည်။ Hfပြီးသည့်အခါတွင် ဘေးထွက်ဆိုးကျိုး များ၍ အပူကျဆေး၊ စီဗစ်၊ ပါရာစီတမော့၊ ဓာတ်ဆား၊ အစာကြေဆေး၊ အန်နာပူစီ၊ စသည့်ဆေးများကိုပါ တစ်ခါတည်းဝယ်လာခဲ့သည်။ ထိုပြင် မိုးရေနှင့် ဆီချိုသမားထိုးသည့် ဆေးထိုးအပ် အသေးကိုလည်း ဝယ်လာခဲ့သည်။
YOU ARE READING
ငယ်ပေါင်းကြီးဖော် နှင့် မူးယစ်သားကောင် [ SHORTS ]
Short Storyအများရီးမပြောတော့ပါဘူး ဖတ်ကြည့်လိုက်ပါရှင့်