P-1×××××××××××××××××××××××××××××××××××××
#စိတ်ကူးယဉ်ပုံဖော်သည်
ဇွဲမာန် ခြံထဲရှိ နှင်းဆီပင်များအား ဆေးဖြန်းနေလေသည်။ ခြံရှေ့မှ ခေါ်သံကြားရ၍ ဆေးပုံးအားချကာ ခြံရှေ့ထွက်ခဲ့လေသည်။ အသက်၃၀ဝန်းကျင် လူပျိူကြီးတစ်ယောက်ဖြစ်ပြီး တစ်ယောက်တည်း ပန်းစိုက်၍ ဘဝကိုအေးချမ်းစွာဖြတ်သန်းလာခဲ့သည်မှာ အတော်ကြာခဲ့လေပြီ။ ခြံဝသို့ရောက်သည့်အခါ ငယ်သူငယ်ချင်း မြင့်မိုရ်အား တွေ့လိုက်ရလေသည်။
"ဟာ သူငယ်ချင်း မြင့်မိုရ် ဘယ်တုန်းက ပြန်ရောက်တာလဲဟ လာလာအိမ်ထဲသွားရအောင်"
"ငါမနေ့ညက ပြန်ရောက်တာဟ ရောက်ရောက်ချင်း လာမလို့ပဲ
ညည့်နက်တာနဲ့ မလာဖြစ်တာ""အေး သူငယ်ချင်း လာလာ အိမ်ထဲသွားရအောင်"
သူငယ်ချင်းနှစ်ယောက် ကွဲကွာနေသည်မှာ ၅နှစ်ခန့်ရှိလေသည်။
မြင့်မိုရ်သည် ရန်ကုန်တွင် စက်ရုံတစ်ခု၌ အလုပ်လုပ်နေသူ တစ်ယောက်ဖြစ်သည်။ နှင်းဆီခြံ အလယ်ရှိ ဝါးဖြင့်ဆောက်ထား
သည့် သဘာဝကျကျအိမ်လေးအတွင်း နှစ်ယောက်သားဝင်၍
ထိုင်ရင်း ရှေးဟောင်းနှောင်းဖြစ်များ ပြန်လည် စကားပြောကြလေသည်။ ညနေစောင်းအချိန်မို့ မြင့်မိုရ်ပါလာသည့် ဘီယာများအား အတူသောက်ကြရင်း"ဟေ့ကောင် မြင့်မိုရ် မင်းကောရန်ကုန်မှာ အဆင်ပြေရဲ့လား"
"မပြေဘူး သူငယ်ချင်း ငါအလုပ်ကထွက်လာတာကွ။ ကုန်စျေးတွေ အဆမတန်မြင့်နေတာနဲ့ အဆောင်ခနဲ့ ရတဲ့လစာက မလောက်တော့ဘူးလေ။ အိမ်တောင်ပြန်မပေးနိုင်တော့လို့ အိမ်ကလဲ လုပ်မနေနဲ့ ပြန်သာလာခဲ့ဆိုတော့ ငါလဲ ပြန်လာခဲ့လိုက်တာ ဒီအချိန်ဒီကာလ မင်းလဲသိတဲ့အတိုင်းလေ အားလုံးကြပ်တည်းနေကြတာ တို့တိုင်းပြည်လဲ သွားပါပြီကွာ"
"အေးကွာ မင်းတစ်ယောက်တည်းမဟုတ်ပါဘူး လူတိုင်းခံစားနေရတာပဲ ခေတ်ဆိုး စနစ်ဆိုးကြီးအလယ်မှာ အားလုံးဒုက္ခရောက်နေကြတာ။ တစ်ချို့ဆိုလည်း နေစရာအိမ်တွေ မရှိကြတော့ဘူး၊ တစ်ချို့မိသားစုတွေ ရှင်ကွဲတွေ သေကွဲတွေ ကွဲနေကြရတယ်၊ စစ်ပွဲတွေလဲ အမြန်ဆုံးရပ်ပြီး အေးချမ်းစေချင်ပါပြီကွာ"
YOU ARE READING
ငယ်ပေါင်းကြီးဖော် နှင့် မူးယစ်သားကောင် [ SHORTS ]
Historia Cortaအများရီးမပြောတော့ပါဘူး ဖတ်ကြည့်လိုက်ပါရှင့်