အပိုင်း(၁၃)Zawgyi

478 11 4
                                    

ရုန်းရင်းဆန်ခတ်ဖြစ်လာသော အခြေအနေတစ်ခုမှာ သူဘယ်လိုစိတ်နဲ့များ သူ့မိဘတွေနဲ့မောင့်မေမေကိုပေးတွေ့ရမည်နည်း။သူ့အကြောင်းမသိသေးတဲ့အချိန်ကတည်းကတောင် သူ့ကိုအထင်သေးနေတဲ့ မောင့်မေမေက သူ့တို့မိသားစုအကြောင်းသာသိသွားခဲ့ရင် ဘယ်လိုမှသူ့အပေါ်အကောင်းမြင်နိုင်တော့မည်မဟုတ်ပါ။သို့သော် အမှန်တရားဆိုတာဟာလည်းကြာကြာဖုံးကွယ်လို့ရတဲ့ အရာမျိုးလည်းဟုတ်မနေခဲ့။နောက်ဆုံးတော့လည်း သူသိပ်ကိုစိတ်ပျက်ရသည့် အိမ်ကိုသာလိုက်ပို့လိုက်ရသည်။

"မေမေ"

"နင့်ကိုငါအိမ်ပြန်မလာနဲ့လို့ပြောထားတယ်လေနွအေသက်"

အိမ်ရှေ့ကနေမေမေအားအော်ခေါ်တော့မေမေကထွက်လာပြီး သူ့အားမောင်းထုတ်သည်။မေမေ့ပုံစံကိုမြင်သည့်အခါ မောင့်မေမေကမျက်နှာတစ်ချက်ပျက်သွားသည်ကို သူမြင်ဖြစ်အောင် မြင်လိုက်ပါသေးသည်။

"ဧည့်သည်တွေပါတယ်မေမေ"

စိုးရိမ်နေသော အသက်အား လက်ကလေးကိုင်လို့ အားပေးမိ၏။မောင်ကဘယ်အခြေအနေမျိုးမှာမဆိုအသက်ဘက်ကနေရပ်တည်နေပေးပါ့မယ်။

မေမေကအန်တီ့အားတစ်ချက်ကြည့်ကာ အိမ်ထဲသို့ခေါ်သွင်းသည်။အန်တီကအိမ်ကိုတစ်ချက်ကြည့်၍ ကြမ်းပြင်ပေါ်တွင်ပဲသူတို့ထိုင်လိုက်ကြသည်။

"ဒီကအမကို ကျွန်မရှင်းရှင်းပဲ ပြောပါရစေ....အမတို့သားနဲ့ကျွန်မသားက အခုချစ်သူတွေဖြစ်နေကြတယ်...အဲဒါကြောင့်အမအနေနဲ့အမသားကိုသေချာလေးဆုံးမပေးစေချင်မိတယ်...ကျွန်မသားဆိုတာ အချိန်တန်ရင် တင့်တင့်တယ်တယ်ပွင့်ဖူးလာမယ့် အသီးအပွင့်လေးတစ်ခု...အမတို့အခြေအနေအရ အမသားကကျွန်မသားအပေါ်ဘယ်လိုအကြံအစည်မျိုးနဲ့ ချဉ်းကပ်ခဲ့မှန်း ကျွန်မမသိပေမယ့် ရိုးသားသည်ဖြစ်စေ၊မရိုးသားသည်ဖြစ်စေ အမသားကို ကျွန်မသားနဲ့ဝေးဝေးမှာနေစေချင်ပါတယ်...အဲ့အတွက်လျော်ကြေးပေးရမယ်ဆိုရင်တောင် ကျွန်မတို့ဘက်က ထိုက်သင့်သလောက်မျိုးလည်း ကျွန်မပေးနိုင်ပါတယ်...အဓိကက အမသားသာ ကျွန်မသားနဲ့ဝေးဝေးမှာ နေခိုင်းဖို့ပါပဲ...အို...အရှင်းဆုံးပဲပြောမယ်ရှင်...ကျွန်မသားနဲ့သူငယ်ချင်းပါဆိုတဲ့ဆက်ဆံရေးမျိုးမှာတောင် ကျွန်မမမြင်ချင်ဘူး....ကျွန်မပြောတာ အမသဘောပေါက်မှာပါနော်"

အတိတ်ရဲ့နွေပန်းချီ(completed)Where stories live. Discover now