နိဒါန်း

53 3 0
                                    


"စေတမန်"သာယာငြိမ့်ငြောင်းမူ အလျဉ်းမရှိသည့် ထောင်မူး၏ အသံက နားထဲကို တိိုးခွေ့ဝင်လာသည်။ နဖူးပေါ် တင်ထားသည့် လက်တွေကို ဖြည်းဖြည်းချင်း ချလိုက်ပြီး ကျောက်ဆောင်ကျောက်တုန်း အလား မာကျောနေသည့် အိပ်ရာထက်မှ ဆတ်ခနဲ ထလိုက်မိသည်။ ဒီနေရာကို ရောက်နေခဲ့သည်မှာ ၇ လ ၈ ရက် နဲ့ ၁၃ နာရီ ရှိခဲ့ပြီ။

ဒီကာလ တစ်ခုလုံး သူ ဘာတွေ စဉ်စားနေခဲ့သလဲ။ သူ ဘာတွေကို တွေးတော နေခဲ့သလဲ။ ဒီနေရာကို ရောက်ခဲ့သည့် အချိန်က စ၍ အမှန်အတိုင်း ဝင်ခံရလျှင် သူဟာ ဒီနေရာနဲ့ လားလားမှ မသက်ဆိုင်တဲ့သူ၊ ဒီနေရာမှာ မရှိသင့်ဆုံး လူလို့ ကိုယ့်ကိုကိုယ် မြင်မိသည်။

တစ်ခြားသူတွေက ဒီနေရာနဲ့ လိုက်ဖက် သလို ၊ ဒီနေရာမှာ အံဝင် ခွင်ကျ ဖြစ်နေတယ်လိို့ ခံစားရသည် အရမ်းကြောက်နေတယ့် သူတွေ၊ ကိုယ့်ဘာသာကိုယ့် သတ်သေဖို့ အချိန်ပြည့် ကြိုးစားနေတဲ့ သူတွေ အချို့ အရမ်းငယ်တဲ့ သူတွေ တောင်မှ ဒီနေရာနဲ့ လိုက်ရော ညီထွေ ဖြစ်နေတာကို တွေ့ရသည်သူတို့ကို ကြည့်ရာတာ တစ်ကယ့်ကို အပြစ်သားတွေ လိုပဲ။ဒါပေမယ့် သူ ကတော့ ထူးခြားတယ်။

ဘာကိုမှ မကြည့်နဲ့ စေတမန် ဆိုသည့် သူက ချမ်းသာတဲ့ လူကုန်တန် အသိုင်းအဝိုင်းက လာတယ် ဆိုတာကို လူတိုင်းသိသည် ဒီနေရာကို မရောက်ခင်က ကြီးခဲ့သည့် နာမည်ဟာ ကောင်းသတင်းတွေနဲ့ပဲလေ။

ဒီီလို ချမ်းသာသည် ဆိိုတယ့် ဆိုင်းပုဒ်ကြိီးကို နဖူးမှာ ရေးထားသလိုမျိုး ထင်ရှားနေသည့် စေတမန်ကို ဘလိုင်းကြီး မင်းက ဘာလဲ ဆိုပြီး ရန်လာရှာ၊ လာထိုးကျိတ်တဲ့ သူတွေ ကလည်း ရှိသေးသည်။

ဒါပေမယ့် စေတမန် ဘာမှ ပြန်မလုပ်ခဲ့ဘူး.။

အခုအချိန်အထိ စေတမန် ခေါင်းထဲ အသည်းထဲမှာ စွဲနေသည်က သူက အပြစ်ကင်းသည်။ သူတို့တွေ စွဲချက်တင်ထားသည့် အမူကို သူ မကျူးလွန်ခဲ့ဘူး.။ဒီစကားကို အထပ်ထပ် အခါခါ ပြောလေ ငါ လိမ်နေတာများ ဖြစ်နေမလား ငါ့ကိုယ်ငါများ လှည့်စားနေတာများလား ဆိုသည့် အတွေ့းတွေက ပိုပြီး ကိန်းဝပ် လာလေပင်။

လိပ်ပြာလှောင်အိမ် (Zawgyi, Unicode)Nơi câu chuyện tồn tại. Hãy khám phá bây giờ