အခန်း (၈)

5 1 0
                                    

ပြတင်းပေါက်မှ နေရောင်ခြည်တွေ တိိုးဝှေ့ဝင်လာသည်ကြောင့် ပိတ်ထားသည့် စေတမန် မျက်ဝန်းတွေကို ဖွင့်လိုက်မိသည်။

ဘေးနားရှိ ဗီဒို အပုလေးပေါ်က ဖုန်းကို လက်ဖြင့်လှမ်းစမ်းလိုက်ပြီး ပြနေသည့် နာရီကို တစ်ချက်ကြည့်လိုက်တော့ နံနက် ၇ နာရီ။

သူ့ဘေးနားမှာတော့ နွေးထွေးသည့် ခန္ဓာကိုယ် လေးနှင့် တစ်ညတာလုံး မက်မောစွာ နမ်းရိူက်ခဲ့ရသည့် ကိုယ်သင်းရနံ့လေး ပိုင်ရှင်။

ခေါင်းအုံးပေါ်သို့ ဝဲကျနေသည့် လိပ်ပြာ၏ ဆံနွယ်လေးများကို တစ်မြတ်တနိုး နမ်းရှိက်လိုက်ပြီး အဝတ်မဲ့နေသော သူမ ပုခုံးသားလေးကို သူ နှုတ်ခမ်းကြိီး ထွေးအပ်ထားရင်း တစောင်းမြင်နေရသည့် သူမ၏ မျက်နှာလေးကို မက်မောစွာ ငေးမောကြည့်မိသည်။

စောင်လေးကို ပုခုံးသားလေးအထိ ဆွဲတင်ပေးမယ် လုပ်လိုက်တော့ သူမ၏ ကျောပြင် နုနုလေးပေါ်မှာ အထင်သား မြင်လိုက်ရသည့် ဒဏ်ရာ အမာရွတ်များ။

အကြိမ်ပေါင်းများစွာ အရိုက်ခံထား ရသလို ကျောပြင် အပြည့် အရိူးရာ အမာရွတ်များက ဖြူဖွေးဝင်းဥ နေသည့် အသားလေးမှာ မြင်မကောင်းလောက်အောင်ကို နေရာ အပြည့်ယူထား၏။

"ကလေးရယ်... ဘယ်လို ဘ၀ တွေကို ဖြတ်သန်း ခဲ့ရတာလဲ"

အပေါ်ဝတ်မဲ့နေသည့် သူ့ရင်ဘတ်ကြီးကို သူမ ကျောပြင်လေးနှင့် ထိကပ်လိုက်ပြီး အနောက်မှ နွေးထွေးနေအောင် သိမ်းဖက်ထားလိုက်သည်။

နီရဲနေသော နားရွက်ကလေးအား သူ့ နမ်းရိူက်လိုက်မိတော့ သူမ ကိုယ်လုံးလေး လွန့်လူးရင်း နှိိုးလာသည်။

"လိပ်ပြာ ကလေး... ကိုယ် နမ်းလိုက်လို့.. နိုးလာတာလား...."

သူမ၏ နား နားလေးကို ကပ်ကာ တိုးတိုးကလေး ဆိုလိုက်မိသည်။

"ဦးမန်.."

ကြောက်စိတ် ရှက်စိတ် သိမ်ငယ်စိတ်တွေနှင့် ကို့ ကိုယ် ကိုယ် သတိ ထားမိချိန်တွင် သူ့ ရင်ခွင်ကြီးထဲမှ ရုန်းထွက် နိုင်အောင် ကြိုးစားကြည့်မိသည်။

မြဲမြန်သော လက်များနှင့် အတင်းချည်နှောင် ထားသည့် သူ့လက်များက သူမ ကိုယ်လုံးလေးအား သူ့ရင်ခွင်ထဲသို့ ပြန်ကာ ဆွဲသွင်းလိုက်တော့ သူမ အသားလေးများ တစ်ဆတ်ဆတ် တုန်နေသည်။

ညက ဘယ်လောက်တောင် မူး ခဲ့လို့ တစ်ဘ၀လုံး ပြင်လို့ မရတဲ့ အမှားကို မှားခဲ့၇တာလဲ။

"ဦးမန်... လိပ်ပြာကို လွှတ်ပေးပါ... လိပ်ပြာ...ဟင့် ဟင့်..."

ရိူက်သံတိုးတိုးလေးနှင့် အတူ သူမ ပါးပြင်မှ မျက်ရည်စလေးက သူ့ လက်ပေါ်သို့ စီးဆင်းလာသည်ကြောင့် သူ အထိတ်တလန့် ဖြစ်သွားရသည်။

"လိပ်ပြာ... မင်း... ငိုနေတယ်...."

သူမ ကိုယ်လုံးလေးကို အတင်းအကျပ် ဆွဲလှည့်လိုက်တော့ ခန္စာကိုယ် သေးသေးလေးက သူ့ ဘက်သိို့ လှည့်လာသည်။ တင်းနေအောင် မှိတ်ထားသော မျက်ဝန်းများမှလည်း မျက်ရည်စလေးများက တစ်သွင်သွင် စီးကျလို့ လာ၏။

"လိိပ်ပြာ... မင်း... ဘာလို့ ငိုတာလဲ...."

"ဦးမန်... လိပ်ပြာတို့ အမှားကြီး တစ်ခုကို ကျူးလွန်လိုက်ပြီ.."

အမှားကြီးတဲ့လား။

ထိတွေ့ ထွေးပိုက်ခွင့် ၇ခဲ့သည် တစ်ညတာက သူ့အတွက်တော့ အချိုမြိန်ဆုံး အဓိပ္ပာယ် အရှိဆုံး။

ဒါကို အမှားရယ်လို့ လိပ်ပြာရဲ့ နှုတ်ဖျားက ပြောထွက်ရက်သည်တဲ့လား

"လိပ်ပြာကို လွှတ်ပေးပါ..ဖယ်ပေးပါ. လိပ်ပြာ သွားချင်ပြီ....."

"မဖယ်ပေးဘူး...မင်း မသွားရဘူး.... မင်း မသွားရဘူး...."

ပြောလည်းပြော သူမ ခေါင်းလေးကို သူ့ လက်ဖဝါးကြီးနှင့် အတင်း ဖိချထားလိုက်တော့ လိပ်ပြာ၏ မျက်နှာလေးက သူ့ ရင်အုပ်ကြီးကို ​ထိတွေ့မိရက်သား။ ပါးပြင်မှ မျက်ရည်စတိို့က သူ့ ရင်ဘတ်ပေါ်သို့ စီးဆင်းကျလာသည်။

"ဟင့်အင်း... လိပ်ပြာကို လွတ်ပေးပါနော်... ဦးမာန်....လိပ်ပြာကို သွားခွင့်ပေးပါ... လိပ်ပြာ ဆီက ဦးမန် လိုချင်တာလည်း ရပြီးပြိီပဲ..."

"မင်း ဘာပြောလိုက်တာလဲ.. လိပ်ပြာလေး...."

သူ့ရင်ခွင် ထဲမှ သူမ ခေါင်းလေးကို ငုံကြည့်ရင်း မေးဖျားလေးကို ဆွဲမော့ ပစ်လိုက်သည်။

လိုချင်တာ ရပြီးပြီ ဆိိုတာ ဘာသဘောလဲ။

"လိပ်ပြာ မင်း မျက်လုံးတွေကို ဖွင့်ပြီး ကိုယ့်ကို ကြည့်... လိုချင်တာ ရပြိီးပြီ ဆိုတာ ဘာစကားလဲ..."

သူ့ စကားကို နားမထောင်ဘဲ မျက်နှာလေး ချထားသည့် ပြိီး ဖိကိုက်ခံထားရသည့် လိပ်ပြာ၏ နှုတ်ခမ်းလေးကို သူ ငုံနမ်းမယ် ပြုတော့ သူမက ရှောင်တိမ်းလိုက်ပြီး သူမ၏ လက်အစုံနှင့် သူ့ ရင်အုပ်ကြိးကို တွန်းကန်လာသည်။

နောက်မဆုတ်ချင်တဲ့ စေတမန်သည်လည်း သူမက မျက်နှာလေးကို ခါယမ်းရှောင်တိိိမ်းနေသည့် ကြားမှပင် အတင်းလိုက်နမ်းပစ်လိုက်သည်။

အသွေးအသား တစ်သားတည်း ဖြစ်သွားရတာနဲ့ပဲ လိိုချင်တာ ရပြီးပြီ ဖြစ်ရရောလား။ သူမကို ဒီထပ် ပိုပြီး လိုချင်တာ၊ မက်မောတာ၊ မြတ််နိုးနေမိတာတွေကို သူမ တစ်ကယ်ပဲ မသိဘူးလား။

သူ့ကိုရော ဘယ်လို ယောင်္ကျားမျိုး ဟု စွတ်စွဲ လိုက်သည်လဲ။

မိန်းကလေး တစ်ကာကို လိုက်ကာ အရောဝင်တတ်သည့် ယောင်္ကျားမဟုတ်သလို ဘယ် မိန်းကလေးကိုမှ လည်း ဒီလောက်ထိ အတင်းအကျပ် ယုယ ထွေးပိုက်ဖို့ မကြိုးစားဘူးခဲ့။

အွန့်....

ရုန်းစမ်း လိပ်ပြာ။ မင်း ရုန်း နိုင်ရင် ရုန်းလိုက်စမ်း။ မင်း ရုန်းလေ ကိုယ်က ပိုနမ်းလေပဲ။

သူ့ရင်ဘတ်ကြီးကို ခပ်ပြင်းပြင်းလေး ထုလာသည့် လက်သီး သေးသေးလေးတွေကို လက်တစ်ဖက်တည်းနှင့် စုကိုင် ပစ်လိုက်ပြီး စောင် အောက်မှ သူမ၏ ခါးလေးကို သိမ်းကြုံးဖက်ကာ သူနှင့် အနီးဆုံးသို့ ဆွဲယူလိုက်တော့ တအိအိနှင့် ငိုနေသည့် လိပ်ပြာလေးမှာ အသံတို့ တိုးရင်းပျောက်ကွယ် သွားရသည်။

"လိပ်ပြာ.... လိပ်ပြာလေး..."

ရင်ခွင်ထဲသို့ ငုံကြည့်လိုက်တော့ အကြောက်လွန်ကာ ခေါင်းလေး ငိုက်စိုက်ကြရင်း မေ့မျောသွားသည့် လိပ်ပြာလေးကိုသာ တွေ့လိုက်ရသည်။

လိပ်ပြာရယ်... ကိုယ်ရဲ့ အရိုင်းဆန် သွားတဲ့ ယုယမူတွေကို ခွင့်လွှတ်ပါ...။

ကိုယ့် ဆီိက မင်းသွားချင်ပြီ လို့ ပြောလိုက်တဲ့ အချိန် ကိုယ် တဒင်္ဂ ရူးသွပ်မိသွားတာပါ။

တင်းကျပ်စွာ ဖက်ထားသည့် သူလက်များကို ဖြေလျော့ပေးလိုက်ပြီး သူမကို တယုတယ ပွေ့ဖက်ကာ ခေါင်းအုံးပေါ်မှာ အသာအယာ တင်ပေးလိုက်သည်။

မျက်ရည်လေးတွေနှင့် မို့အစ်နေသော မျက်ဝန်းလေးနှင့် မျက်တောင် နက်နက်လေးတွေကို သူ မြတ်နိုးစွာ တရိူက်မက်မက် နမ်းလိုက်မိသည်။

မင်းကို တစ်သက်တာ ပိုင်ဆိုင်ခွင့်ကို ကိုယ် မနေ့ညက အရ ယူခဲ့ မိတာမို့ မင်းဟာ ကိုယ့် မိန်းကလေးပဲ။

ကိုယ့်ရဲ့ ပထမဆုံးနဲ့ နောက်ဆုံး မိန်းကလေးပဲ လိပ်ပြာ။

**********************
လိပ်ပြာ မျက်လုံးလေးများ ပွင့်လာတော့ မြင်လိုက်ရသည်က သန့်ရှင်းသပ်ရပ် လွန်းနေ​သော အခန်းကြယ်ကြီးနှင့် ခံစားလိုက်ရသည်မှာ အိစက်နေသည့် ကုတင်ကြီး ပေါ်မှာ။

ကြောက်စိတ် ရှက်စိတ်တို့နှင့် စောင်ကို ဆွဲယူလိုက်သည်။ လိပ်ပြာ ကိုယ်ပေါ်တွင်တော့ ဦးမာန် ဝတ်ဆင်ထားပေးသည် ထင်ရသည့် မနေ့ညက အဝတ်အစားများ။

ဘေးနားကို လှည့်ပတ်ကြည့်လိုက်တော့ မ​နက် ကလို ဦးမာန် ရှိမနေတော့။

ဖျတ်ခနဲ တွေ့လိုက်ရသည့် ဖုန်းကို လှမ်းကာ ကောက်ကိုင်လိုက်မိသည်။ ပိုင်၏ ​miss call တွေက မနေ့ည ကထဲမှ အခု မနက်အထိပင်။

ပြနေသည့် နာရီက နေ့ခင်း ၁ နာရီိ။

ကုတင် ပေါ်မှ အောက်သို့ ခြေချလိုက်မိတော့ တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နာကျင်မှူကို ခံစားလိုက်ရသည်။

ကိုယ့်ကိုကိုယ် ရွံ့ရှာစိတ်၊ မုန်းတီးစိတ်တွေနှင့် မျက်ဝန်းအိမ်မှ မျက်ရည်တွေက မထိမ်းသိမ်းနိုင်လောက်အောင် ပြိုကျလာသည်။

ခေါင်းကိုလည်း အဆက်မပြတ် ခါယမ်းမိသည်။

တစ်သက်တာ ပြင်လို့ မရတဲ့ အမှား တစ်ခုကို ကျူးလွန်မိသွားသည်။

အိမ်ထောင်ရှိ အမျိုးသား တစ်ဦးနှင့် တစ်ညတာ အတူ ဖြတ်သန်းခဲ့မိပြီး ကိုယ်၏ အပျိုစင် ဘ၀ကိုလည်း အဆုံးရူံး ခံ ခဲ့မိသည့် အဖြစ်က လိပ်ပြာ ဘ၀ တစ်ခုလုံး မက်တောင် မမက်ခဲ့ ဘူးသည့် အိမ်မက်ပါ။

ငယ်စဉ် ဘ၀က ဆိုးရွာခဲ့သည့် အတိတ်တွေကို တွန်းလှန်ဖို့ အားမာန် အပြည့်နှင့် ကြိုးစားခဲ့ရသည့် လိပ်ပြာက ဒီလို ဘ၀ ကြီးကို အဆုံးသတ်ဖို့လား။

ကြမ်းပြင်၌ တစ်ဖက်စီ ပြန့်ကျဲနေသည့် ထောက်မြင့် ဖိိနပ်အစုံကို ပြေးကောက်လိိုက်ပြီး အခန်းထဲမှ ပြေးထွက်ခဲ့သည်။

အပေါ်ထပ်လှေကားကြီး အတိိုင်း အောက်သို့ ဆင်းလာခဲ့ပြီး ခြံ၀သို့ ပြေးထွက်ခဲ့သည့်တိုင် ခြေထောက်မှာ ဖိနပ်တို့ကို မဝတ်ဆင်ရသေး။

ပိတ်ထားသည့် ခြံတံခါးကို အတင်းတွန်းဖွင့်ကြည့်ပေမယ့် အချည်းအနှိိီးပင်။ ကျော်တက်ဖို့ ဆိုတာကလည်း မြင့်မားသည့် သံတိုင်ကြီးတွေနှင့် မိုလို့ မဖြစ်နိုင်။

တံခါး နှစ်ရွက်ကြားမှ လစ်ဟာ နေသည့် နေရာလေးကို လိပ်ပြာ အတင်းတိုးဝင်ကြည့်မိသည်။ ခန္စာကိိုယ် တစ်ခုလုံးကို တစ်စောင်းအနေအထားနှင့် ပွတ်ဆွဲလိုက်ရသဖြင့် တစ်ကိုယ်လုံး နာကျင်သွားရသည်ကိုတောင် မမူတော့ဘဲ ခြံအပြင် ရောက်ဖို့သာ စိတ်က စောနေသည်။

ဦးမန် မပြန်လာခင် ဒီနေရာက ထွက်သွားမှ ဖြစ်မည်။

သံစတို့၏ ခြစ်ရာကြောင့် လက်မောင်းတစ်ဖက် ပွန်းပဲ့သွားရပေမယ့် လိပ်ပြာ မမူတော့ဘဲ ရှေ့ကိုသာ ဆက်တိုးလိုက်တော့ သူမ၏ ကိုယ်လုံးလေးက ခြံတံခါးကြားမှ လွတ်မြောက်သွားရသည်။

မြင်တွေ့လိုက်ရသည့် ကားလမ်းမ ကြိီးဆီသို့သာ ဦိးတည် ပြေးသွားလိုက်သည့် ခြေထောက် အစုံဟာလည်း နီရဲ ပွန်းပဲ့လို့လာသည်။

လွန်ခဲ့သော ၇ နှစ်ကလည်း ဒီလိုမျိုး ထွက်ပြေးခဲ့၇တာပါပဲ။

အတိတ်က မလွတ်မြောက်သေးသည့် လူ တစ်ယောက်လို ကယောင်ခြောက်ချား ပြေးထွက်သွားလိုက်သည်။

လွတ်မြောက်ပါရစေ။

လိပ်ပြာ ကို လွတ်မြောက်ခွင့်ပေးပါ။

*************
အင်အားနည်းနေပုံရသည့် လိပ်ပြာလေးအတွက် အားရှိစေမည့် အစားအစာကို ချုပ်ပြုတ်ပေးရန် နှစ်ရက်စာ ဟင်းချက်စရာများနှင့် မီးဖိုချောင်သုံး ပစ္စည်းများကို ဝယ်ခြမ်းလာရင်း နှင့်ပင် လိပ်ပြာလေး အတွက် လိုအပ်မည် ထင်သည့် မိန်းကလေး အသုံးအဆောင် အနည်းငယ်ကို ဝယ်ယူလာလိုက်သည်။

ပိတ်ထားသည့် ခြံတံခါးကို ဖွင့်လိုက်ပြီး မီးဖိုချောင်ထဲ့သို့ ဝယ်လာသည့် ပစ္စည်းများ ဝင်ထားကာ အပေါ်ထပ်သို့ အသွက်လက်ဆုံး ခြေလှမ်းတို့နှင့် တက်လာခဲ့သည် သူ့ မျက်နှာမှာ မြင်လိုက်ရသည် မြင်ကွင်းကြောင့် အပြုံးတို့ ရပ်တန့်သွားရသည်။

ပြောင်သလင်းခါနေသော အိပ်ရာကြီးကသာ သူ့ကို ကြိုဆိုနေ၏။

အပူတပြင်းနှင့် ရေချိုးခန်းထဲ့သို့ ဝင်ရှာပေမယ့် လိပ်ပြာလေး မရှိတော့။

စိိုးရိမ်ထိတ်လန့် စိတ်တို့နှင့် တစ်အိမ်လုံး တစ်ခန်းဝင် တစ်ခန်းထွက် လိပ်ပြာ၏ နာမည်ကို ခေါ်ရင်း လိုက်ရှာသော်လည်း အချည်းနှီးပင်။

ထွက်ပြေး သွားပြီပေါ့။

မင်း ထွက်ပြေး သွားပြီိပေါ့ လိပ်ပြာ။

လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး ဆင်ဝင်အောက် ရပ်ထားသော ကားပေါ်သို အပြေးတက်သွားလိုက်သည်။

မင်း ပြေးနိုင်မယ် ထင်လျှင် ပြေးထား လိပ်ပြာလေး။

မင်းကို တွေ့ရတဲ့ အချိန်ကတော့ ကိုယ့် အဆိုးမဆိုနဲ့။

*************
တက်စီကားလေးက လိပ်ပြာတို့ အဆောင်ရှေ့ကို ရပ်ပေးလိုက်တော့ အဆောင်တံခါးရှေ့ အပုံလိုက်ချထားသော လိပ်ပြာ၏ ပစ္စည်းတွေကို တွေ့လိုက်ရသည်။

ဘာတွေဖြစ်ကုန်တာလဲ။

အဆောင်ခြံ တံခါးကို တွန်းကြည့်တော့ အဆောင်ထဲမှ ဇွန်ပြည့်နှင့် အခန်းဖော် မိန်းကလေးများ ထွက်လာကြသည်။

"နင်.. ဘာလာ လုပ်တာလဲ.... နင့်ကို ငါ့တို့ အဆောင်က မောင်းထုတ်လိုက်ပြီ..."

" ဟင်... ဘာဖြစ်လို့လဲ...."

လိိပ်ပြာ ဝမ်းနည်းစိတ်တွေနှင့် မျက်ရည်များ လိူင်ကာတက်လာသည်။

"နင့်လိို အကျင့်ပျက်တဲ့ မိန်််းကလေးနဲ့ အဆောင်တစ်ခုတည်း အတူနေရတာ ငါတို့လည်း နာမည် ပျက်တယ်... နင့်ကြောင့် ငါတို့ကိုပါ အပေါစား မိန်းကလေး တွေလိိို့ အထင် မခံနိုင်ဘူး...."

"နင်... ဘာပြောလိုက်တာလဲ... ဇွန်ပြည့်... နင့် စကားတွေက သိိပ်လွန်လာပြီနော်...."

"လွန်လား မလွန်လား... နင့်ကို နင်လည်း ပြန်ကြည့်ဦး... နင့် မှာ ဖိနပ်တောင် ပါရဲ့လား... "

လှောင်ပြောင် ရယ်မောနေသည့် မိိန်းကလေးများအား လိပ်ပြာ နာကျည်းဝမ်းနည်းစွာ ကြည့်လိုက်မိသည်။

မိန်းကလေးချင်း ကိုယ်ချင်းစာ တဲ့ စိတ်တွေက ဘယ်မှာလဲ။ လူ တစ်ယောက်ကို အမြင်နဲ့ ဆုံးဖြတ်ချက် ချလိုက်ရရောလား။

ဖိနပ်တောင် မပါလာတဲ့ မိန်းကလေး တစ်ယောက်ရဲ့ တစ်ညတာ ဘယ်လို ဖြတ်သန်းခဲ့ရသလဲ ဆိုတာ သူတို့ နည်းနည်းလေးတောင် မစဉ်းစားပေးတတ်ဘူးတဲ့လား။

အဲဒီိလို ပြောကြေးဆိုလျှင် ဇွန်ပြည့် သည်လည်း ပြစ်မျိုးမဲ့မထင် မိန်းကလေး မှ မဟုတ်တာဘဲ။ သူ၏ ချစ်သူ ကောင်လေး အသစ်နှင့် ဟော်တယ် တစ်ခုမှာ ဝင်ထွက် သွားလာနေတာ မမြင်ချင်မှ အဆုံး။

"နင်ကရော... ဘယ်လောက် ကောင်းနေလို့လဲ ဟင်... နင်လည်း...."

မခံချင်စိတ်နှင့် ပြောလိုက်ချင်ပေမယ့် သူတို့လိုမျိုး ပစ်ပစ်ခါခါ ပြောမထွက်ရက်ခဲ့။ နှုတ်ကလည်း မထွက်သလို စိတ်ကလည်း ခွင့်မပြုပါ။

"ရော့.. နင့် ကျန်တဲ့ ပစွည်းတွေ...."

ဇွန်ပြည့် သည် အခန်းထဲမှ ပုံဆွဲစာအုပ်လေးများကို သူမ ထံသို့ ပစ်ပေါက်ပေးလိုက်တော့ လိပ်ပြာ အနှစ််နှစ် အလလ ဆွဲထားခဲ့၇သည့် ဒီဇီုင်းစာအုပ်လေးမှာ မနေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ တင်ရှိနေသေးသည့် ရေအိုင်လေးများ ထဲ့သို့ ကျသွားခဲ့ရသည်။

ဒူးလေးထောက်ရင်း စာအုပ်လေးများကို အငမ်းမရ ပြန်ကာ ဆယ်ယူလိုက်သည့် သူမကို အဆောင်ထဲမှ မိန်းကလေးများက လှောင်ရယ်ရင်း အထဲသို့ ပြန်ဝင်သွားကြသည်။

မနေ့ညကတော့ လိပ်ပြာ၏ ဘ၀လေး ညစ်ညူးခဲ့ရသည်။

အခုတော့ လိပ်ပြာ ခိုကိိုးရာမဲ့ အိမ်ခြေမဲ့ အဖြစ်သို့ ရောက်ခဲ့ရသည်။

သူမ အပေါ် နှိမ်ချ ဆက်ဆံခဲ့သည့် သူတွေ အားလုံးကို နာကျည်းမိသည်။ အားငယ်စိတ်တွေနှင့် မုန်းတီးမိိသည်။

မွေးတုန်းက ရွှေမူံစား​ပြီး ရွှေထီးဆောင်းခဲ့ရသည့် လိပ်ပြာ၏ ဘ၀မှာ ပင်ပန်း ကြမ်းတမ်းမူတွေစတင်ခဲ့တာ ဖေဖေနှင့် မေမေတို့ ဆုံးသွားပြီးကတည်းက။

တင်းထားစမ်း လိပ်ပြာ၊ စိတ်ကို တင်းထားစမ်း။

ငရဲခန်းကတောင် လွတ်အောင် ထွက်ပြေးနိုင်ခဲ့သေးသည့် နောက်တော့ ဒီလို အသေးအမွှား လေးတွေနှင့် ဘ၀ကို အရူံးမပေးလိိုက်စမ်းနဲ့။

ဒီစကားဟာ လိပ်ပြာ၏ လက်သုံးစကားပင်။

ဘယ်လို အခက်အခဲ တွေပဲ ကြုံလာပါစေ ဒီ စကား တစ်ခွန်းကိုပဲ လက်ကိုင်ထားပြီး ဘ၀ကို ဆက်လျှောက်ခဲ့သည်မှာ အခု အသက် ၂၀ ကျော်လာခဲ့သည် အထိ။

နှုတ်ခမ်းကို ပေါက်ထွက်သွားသည် အထိ ကိုက်ခဲထားလိုက်ပြီး အဆောင်ခြံရှေ့မှ သူမ၏ ပစ္စည်းများကို သယ်ကာ ဥိီးတည်ရာမဲ့ ထွက်လာခဲ့လိုက်သည်။

လိပ်ပြာလှောင်အိမ် (Zawgyi, Unicode)Where stories live. Discover now