အခန်း (၃)

5 1 0
                                    

"အွန့်..."

လိပ်ပြာ၏ ဂါဝန်စလေးကို အနောက်မှ တက်နင်းလိုက်သည်ကြောင့် လူက ဟတ်ထိုး မလဲအောင် အတော်ထိန်းလိုက်ရသည်။

လှည့်ကြည့်လိုက်တော့ လိပ်ပြာ၏ အခန်းဖော် ဇွန်ပြည့်။

လိပ်ပြာတို့ အဆောင်မှာက နှစ်ယောက်တစ်ခန်း နေရသည်။ ပိုက်ဆံရှိသူများကတော့ တစ်ယောက်ခန်း တစ်ခန်းလုံးကို ငှါးနိုင်သည်။ လိပ်ပြာလို အငယ်တန်း ဒီဇိုင်နာလေး တစ်ယောက်က​တော့ တစ်ယောက်ခန်း ငှားရန်မပြောနှင့် ဒီအခန်းလေးတောင်မှ လစဉ် ပေးနိုင်အောင် မနည်းကြိုးစားနေရသည့် ဘ၀။

ဖြစ်နိုင်လျှင်တော့ တစ်ယောက်ခန်းလေးကိုသာ မက အဆောင်ပါ ပြောင်းချင်မိတာ အမှန်ပါ။

လိပ်ပြာဆိုလျှင် အဆောင်က မိန်းကလေးတွေက မျက်မှောင်းကြိုးနေကျတာ။

အထူးသဖြင့် မဟုတ်ဘဲ သပုတ်လေလွင့် ပြောတဲ့ ဇွန်ပြည့် ကြောင့်ပင်။ ဇွန်ပြည့် ကျိတ်ကြိုက်နေတယ့် တစ်ဘက်လမ်းက ကောင်လေးက လိပ်ပြာကို ရည်စားစကား လိုက်ပြောသည်ကို ဇွန်ပြည့် ရုံးက အပြန်တွေ့ပြီးကတည်းက သူမနှင့် လိပ် ပြာတို့လည်း မဟာ ရန်သူတွေ ဖြစ်ကုန်တာ။

အစကတော့ လိပ်ပြာ လည်း လိုက်ရှင်းပြပါသည်။ ဟိုကောင်လေး ကိုလည်း မကြိုက်ရပါဘဲနှင့် အလကား နေရင်း လိပ်ပြာကပဲ ရည်စားများတဲ့သူဟု အဆောင်မှာ လိပ်ပြာကို တမင် နာမည် လိုက်ဖျက်နေသည်ကို လိပ်ပြာ သည်းမခံနိုင်တော့ တိုက်ရိုက်သွားဖြေရှင်းကမှ ပိုဆိုးခဲ့သည် အဖြစ်တွေကလည်း ရှိနေသည်။

ဆွေမရှိ မျိုးမရှိ ကျောရိုးနောက်ခံ မရှိသည့် လိပ်ပြာရဲ့ ဘ၀ကပဲ တွေ့သမျှ ယောကျ်ားတွေကို အမိဖမ်းနေသလိုမျိိုး ပြောလာကြတော့ လိိပ်ပြာလည်း သည်းမခံချင်တာ အမှန်ပင်။

ဆွေမျိုး မရှိတာ အပြစ်လား၊ မိဘတွေ မရှိတော့တာရော ချို့ယွင်းချက် တစ်ခု ဖြစ်ရရောလား။

ဆော်ရီးလေး တစ်ခွန်းတောင် မပြောသွားဘဲ မျက်စောင်းထိုးကာ လိပ်ပြာ၏ ပုခုံးကို တမင် တွန်းတိုက်သွားသည့် ဇွန်ပြည့်ကို သူမ မျက်မှောင်ကြုတ်ကာ ကြည့်လိုက်မိပြီး ရှည်ကျ နေသည့် ကိုယ့် ဂါဝန်စလေးကို သာ သိမ်းကြုံးစုယူလိုက်မိသည်။

လိပ်ပြာလှောင်အိမ် (Zawgyi, Unicode)Onde histórias criam vida. Descubra agora