အခန်း (၁၅)

4 1 0
                                    

"ကဲပါ သမီး မိုး ရယ်... သမီး ရဲ့ သဘောထားကိုလည်း ပြောဦးလေ..."

ခေါင်းလေးကို ကြမ်းပြင် ထိမတတ် ငုံချထားသည့် မိုး မျက်နှာလေးကိုသာ ကျော်ခေါင် လိုက်ကြည့်နေမိသည်။ မိုး ကို အမြန်ဆုံး လိုက်တောင်းပေးရန် မိဘများကို ပူဆာ၍ မိုးတို့ အိမ်ကို ရောက်ရှိခဲ့ ပြီ။ မိဘတွေ၏ စကားကို တစ်သွေမတိုင်း နားထောင်တတ်သည့် မိုး သည် သူ့အပေါ် မေတ္တာ မရှိဘဲ မိဘတွေ တိုက်တွန်းလို့သာ ခေါင်းငြိမ့် လိုက်ရမှာကိုလည်း သူ ကြောက်သည်။

မေမေက မေးတော့ မိုး မှာ ပြောစရာ မရှိ။ မိိုး က အရင်လို သန့်စင် တော့တာမှ မဟုတ်ဘဲ။ တစ်စိိမ်း ယောင်္ကျားတစ်ဦး၏ ခြေတော်တင် လု ဆဲဆဲ ဖြစ်ခဲ့ ၇သည့် မိန်းကလေး မဟုတ်လား။ ဒါကို အစ်ကို ကရော တစ်သက်လုံး ကြည်ဖြူ နိုင်ပါ့မလား။

"မပန်းလေး... ကျွန်မတို့ကတော့ မိိုး၀သန်လေးကို ဟိုး ကလေးကတည်းက ချစ်ခဲ့ရသည်ဆိုတော့ ကိုယ့် သားလေးနဲ့ ပေးစားရမှာ အရမ်းကို ဝမ်းမြောက်မိတယ်ရှင်... မပန်းလေး တို့လည်း ကူ ပြောပေးပါဦိး... မိုး၀သန် လေးက သဘောတူအောင်... ဒီမှာ မိုး၀သန်လေး အတွက် ပါ...နည်းသည် များသည် တော့ မဟုတ်ဘူးပေါ့ရှင်..."

ကျော်ခေါင်တို့ မိဘတွေ ယူလာသည့် အနီရောင် ဘူးလေးကို ဖွင့်ပြလိုက်ချိန်တွင်တော့ မိုး၏ ဘေးနာမှာ ထိုင်နေသည့် ခွန်း၀သန်၏ မျက်လုံးများ ပြူးကျယ်သွားကာ မျက်ခုံးပင့် တက်သွားသည်။

မရှိဘူး ဆိုရင်တောင်မှ အနည်းဆုံး ရွှေ ငါးဆင်စာ လောက်ရှိမည်။ ကျော်ခေါင်၏ မိဘများက မြို့မ စျေးပေါ်တွင် ရတနာဆိုင်ပေါင်းများစွာကို ပိုင်ဆိုင်ထားသည့် အလျှောက် သားဖြစ်သူ၏ အိမ်ထောင်ရေးကိုလည်း အတင့်တယ်ဆုံး ဖြစ်စေချင်သည်။

"ဒါကတော့ သမီးလေး အတွက်ပါ... ရွှေ ငါးဆင်စာ နဲ့.. စိန် နှစ်ဆင်စာ... ဒါတွင်မက မြို့ပေါ်က တိုက်နဲ့ ခြံကိုလည်း သား နဲ့ သမီးတို့ လက်ထပ်ပြီးရင် နေဖို့ လက်ဖွဲ့ အဖြစ်နဲ့ ထားပေးထားပါတယ်..."

"အိို... အမရယ်...တန်ဖိုးထားပေးလို့ ... ကျေးဇူးတင်ပါတယ်..."

"ဘယ်ဟုတ်မလဲ... အမတို့က နည်းတယ်တောင် ထင်နေတာ... သားက ချစ်မြတ်နိုးလို့ တောင်းရမ်းခိုင်းတဲ့ မိန်းကလေးကို ဒီိထက်တောင် ပိုပြီး ပြည့်စုံအောင် လုပ်ပေးချင်တာ... အမတိို့ မှာလည်း ဒီသားလေး တစ်ယောက်ပဲ ရှိတာ ဆိုတော့ အမတို့ စည်းစိမ်တွေ အားလုံးက ဒီသားလေး တစ်ယောက် အတွက်ပဲလေ..."

အစ်ကို အမေ၏ စကားကြောင့် မိုး ဝမ်းနည်းမူတွေ လိူက်တက်လာရကာ အိမ်ပေါ်မှ ပြေးဆင်းမိသည်။

မိုးက အဲဒီလို တန်ဖိုးထားသင့်တယ့် မိန်းကလေး တစ်ယောက် ဟုတ်သေးရဲ့လား။

"ဟဲ့ သမီး .."

"မိုး..."

ခြံပြင်သို့ ရောက်လု နီးနီး အစ်ကိုက မိုး လက်ကလေးကို လှမ်းဆွဲတော့ မိုး ခြေလှမ်းတို့ တုန့်ခနဲ ရပ်သွားရသည်။

"လွှတ်ပါ...အစ်ကိုရယ်... မိုးက အစ်ကိုနဲ့ မထိုက်တန် ပါဘူး..."

"ဘယ်လို ပြောလိုက်တာလဲ မိုးရယ်..."

သူမ၏ ပုခုံးလေးကို ခပ်ဖွဖွလေး ဆုပ်ကိုင်ရင်း သူနှင့် မျက်နှာ ချင်းဆိုင်သို့ ကြည့်စေလိုက်သည်။ မိုး မျက်ဝန်းတွေမှ စီီးကျနေသည့် မျက်ရည်စလေးများကို သူက သုတ်ပေးရင်း

"မိိုး.. က အစ်ကိုနဲ့ အထိုက်တန် ဆုံး သူပါ..မိုး ရယ်... မိုး ကိုလေ အစ်ကို ဟိုး ငယ်ငယ်ကတည်းက ချစ်ခဲ့တာ.."

"ရှင်..."

မော့ကြည့်လာသည့် မိုး မျက်နှာလေးကို သူ မြတ်နိုးစွာ ငုံမိုး ကြည့်လိုက်သည်။

"ဟုတ်တယ်..မိုး... ကိုယ် ကလေး ဘ၀ထဲက မိုးကို ချစ်ခဲ့တာ... ဖွင့်မပြောရဲလို့ မပြောဘဲ နေခဲ့တာပါ...မိုးရယ်... မိုးကို အစ်ကို ချစ်တယ်..."

"အို့..."

သူ့ရင်ခွင်ကျယ်ကြီး ထဲသို့ ဆွဲသွင်း ခံလိုက်ရသည့် မိုး၏ ခန္စာကိုယ်လေး တုန်တက်သွားရသည်။

"အစ်ကို... မိုး က အရင်လို မစင်ကြယ်တော့ ဘူး..."

"ဒါတွေ မပြောပါနဲ့ မိုး... ဒါတွေက မိုး ဖြစ်ချင်လို့ ဖြစ်ခဲ့ရတာတွေမှ မဟုတ်တာ ပြီးတော့ မိုး နဲ့ ဂျင်မီ နဲ့လည်း ဘာမှ ဖြစ်ခဲ့တာ မဟုတ်ဘူး.။ ကိုယ့် ဒီထက် ပိုပြီး စောစော မရောက်လာနိုင်လို့ ကိုယ့်ကိုကိုယ်တောင် အပြစ်တင်နေမိတာ."

"အစ်ကိုရယ်..."

"မိုး ကို အစ်ကို ဘယ်လိုမှ နားမလည်နိုင်ဘူး... ဘာကြောင့် ခွန်း၀သန် နဲ့ ဂျင်မီနဲ့ ပက်သက်မူကို မိုး မိဘတွေကို ဖွင့်မပြော၇တာလဲ"

"မိုး ဘယ်လို ဖွင့်ပြော နိုင်ခဲ့ပါမလဲ"

ရဲစခန်းမှာ ဂျင်မီ၏ ထွက်ဆိုချက်ကို မိုး မယုံ။

သူက အပစ်လျော့အောင် အားလုံး ခွန်း အပေါ်ပဲ ပုံချချင်နေသူ။ အားလုံးက ခွန််း စီစဉ် ခဲ့သည့်တဲ့။

သူက ခွန်းကို စကားလေးပဲ လမ်းကြောင်းပေးလိုက်သည်နှင့် ခွန်းက ဘယ်လို ပြောရမည် ဘယ်ကို ခေါ်ရမည် ဆိုတာကို ပြောခဲ့သည်တဲ့။

သူ လိမ်ညာနေခဲ့တာပါ။

ခွန်းက မိုးကို အဲဒီလို လုပ်ရက်ပါ့မလား။ပြီးတော့ ခွန်းကလည်း မိုးကို အကြိမ်ကြိမ် တောင်းပန် ခဲ့ပြီီးပါပြီ။

ခွန်း နဲ့ ဂျင်မိီတို့ ဖဲ ကြွေးရှိတာကို မိုး နဲ့သာ ခဏ စကားပြောခွင့် ရလျှင် ကြေပေးမယ်လို့ ဂျင်မီက ဆိုသည်တဲ့။

မိုးကို ကိုယ်ထိ လက်ရောက် ကျူးလွန်မည် ဟုလည်း ခွန်း မတွေးထားခဲ့ဘူး ဆိုတာကို ခွန်း သေချာ ရှင်းပြပေးသည်။

ခွန်းကို မိုး ယုံကြည်ပါသည်။

မိုး မှာ ပြေးကြည့်မှ ဒီ အမလေး တစ်ယောက်ပဲ ရှိတာ။

သူ့ ရင်ခွင်ထဲမှာ ခေါင်းလေးဖွက်ကာ ငုံချထားသည့် မိုး၏ မေးဖျားလေးကို သူဆွဲမော့လိုက်သည်။

"မိုး... အစ်ကို့ကို ချစ်လား... "

"မိုး မဖြေချင်ဘူး.. ရှက်တယ်... အစ်ကို..."

"အစ်ကိုကတော့ မိုး ကို.. အရမ်း ချစ်တယ်..."

"အို.. အစ်ကို ကလည်း..."

ပါးပြင်ထက် ဖျတ်ခနဲ ကျလာသည် သူ့ အနမ်းလေး​ကြောင့် ခေါင်းလေးပြန်ငုံသွားသည့် မိုးကို ရင်ခွင်ထဲ သိမ်းပိုက်ထားလိုက်သည်။

ပျော်လိုက်တာ မိုးရယ်။

***************
"နင် အရမ်း ပျော်နေလား.. မိိုး...."

မြန်မာ ဝတ်စုံ ရွှေဝါရောင်လေးနှင့် ဆံနွယ်လေးများ ကျက်သရေ ရှိအောင် ထုံပတ်ထားသည့် မိုး ကို တည့်တည့် ကြည့်ကာ ခွန်း မေးလိုက်တော့ မိုးက ရှက်ပြုံးလေး ပြုံးသည်။

ပျော်နေမှာပေါ့.. မိုး က တစ်ရွာလုံး​ က အားကျရတဲ့ သတို့သမီး​ လေးပဲကို။

ပိုင်ဆိုင်ခွင့် ရလိုက်သည့် ယောင်္ကျားဟာလည်း တစ်ကယ့်ကို တန်ဖိုးရှိ အမျိုးသား။

ရုပ်ရည် အဆင့်အတန်းကလည်း တစ်ရွာလုံးက မော်ကြည့်ခွင့်တောင် မရှိတဲ့ လူမျိုး။

ခရိုင် မီးသပ်တပ်ဖွဲ့မှလည်း ရာထူးကြီး အရာရှိ အရာခံ တစ်ဦး။
ဒါအပြင့် မိိဘတွေ ဆိုတာလည်း ချမ်းသာလိုက်တဲ့ လူကုန်တန်တွေ။ ဒီိလို လူမျိုးကို ရလိို့ မပျော်သည့် မိန်းကလေးများ ရှိပါမလား။

မိုး ဟာ ကံကို ကောင်းလွန်းသည်။

ဂျင်မီိ လက်ထဲမှ သီသီိလေး လွတ်ထွက်သွားပြီး ရွှေခွက်ကိုမှ ကောက်ကိုင်မိသည် အဖြစ်။

ဒီလိုမှန်း သိရင် ခွန်းလည်း ကိုကျော်ခေါင်ကို ချည်းကပ်ခဲ့ မိလျှင် ကောင်းမှာ။

အခုတော့ မိုးက ဆယ်သက် စားမကုန်တဲ့ စည်းစိမ်တွေနဲ့ မြိို့ပေါ်က တိုက်ကြီးမှာ ရွှေမြုံစားတဲ့ ရွှေမင်းသမီးလေးလိို။ သူ ကတော့ အခုထိ ဖုန်ထူထူ ထတဲ့ ဒီ ရွာမှာ နေနေရတုန်း ။ လောကကြီီိးကိုက မတရား တာပါ။

"ဒါနဲ့.... နင့်ကို လက်ဖွဲ့ ထားတယ့် ပစ္စည်းတွေရော... မဝတ်ဘူးလား ဒီနေ့..."

ခွန်း စကားကြောင့် မှန်ထဲမှ ကိုယ့် မျက်နှာလေးကိုယ် ပြန်ကြည့်လိုက်ပြီး လည်တိုင်လေး ပေါ်က ရွှေကြိုးမျှင်မျှင်လေးကို တိို့ထိ ကြည့်လိိုက်သည်။

"ဟင့်အင်း မဝတ်ချင်ပါဘူး ခွန်းရယ်... အဘတို့ ဆင်ပေးထားတာ လေးကိုပဲ ဝတ်ချင်တယ်... နို့မို့ဆိုလျှင် အဘတို့က ဘာမှ မလုပ်ပေးနိုင်ဘူး ဆိုပြီီး ဝမ်းနည်း နေမှာပေါ့..."

"နင် ကတော့ ပေါက်ပေါက်ရှာရှာတွေ တွေးနေပြန်ပြီ။ အဘတို့လည်း မလုပ်ပေးနိုင်တဲ့ အခြေအနေမှ မဟုတ်တာ။ လုပ်ပေးဖို့ မလိုလောက်အောင်ကို ဟို ဘက်က ပြည့်စုံအောင် လုပ်ပေး နေတဲ့ ဟာကို... နင် ကံကောင်းပါတယ်..."

"ကျေးဇူးပါ ခွန်းရယ်... ငါ ပြောင်းသွားရင် မြို့ကို လာလည် နော်..."

အင်း အင်း လို့သာ ခေါင်းကို ညိမ့်ပြလိုက်ရ ပေမယ့် စိတ်ကတော့ မပါလှပါ။

ညီအမချင်း အတူတူ သူကတော့ မိုး လို မြင့်မား သွားရပြီး ကိုယ်ကတော့ အခုထိ အောက်ခြေဘ၀မှ မတက်နိုင်သေး။

"ဒါနဲ့ မိုး.. သူတို့ လက်ဖွဲ့ထားတဲ့ ပစ္စည်းတွေရော... မေမေ သိမ်းထားတာလား..."

"မသိမ်းပါဘူး.. ခွန်းရဲ့... မေမေက မိုး မနက်ဖြန် သွားရင် ယူသွားရအောင် ဆိိုပြီး ည က ပြန်လာပေးသွားတယ်.. ဟောဟိုက သေတ္တာထဲမှာ အားလုံး သိမ်းထားတယ်... ခွန်း ယူဝတ်ချင် ရင် ယူဝတ်လေ..."

ခွန်း မျက်နှာကို ဟင့်ခနဲ မဲ့လိုက်မိသည်။ မိုးကတော့ သူ့ အပျော်နှင့် သူ မို့လို့ ရိပ်မိမည် မထင်။

ယူ ဝတ်ချင် ယူဝတ်တဲ့။ ဒါ ခွန်းကို နှိမ်တာ အသိသာကြီး. ။

ဒီလို အနှိမ်ခံ ဘ၀မှာ ခွန်း ဆက် မနေချင်တော့။

သူမှာတော့ အများ​ကြီး ရှိတယ်ဆိုတာ ကို ဂုဏ်ယူ နေသည့် သဘော။

"သမီး... မိုး ရေ... အချိန်ကြပြီလေ..."

အောက်ထပ်မှ မေမေ၏ ခေါ်သံကြောင့် မိုး နှင့် ခွန်းတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးလိုက်မိသည်။

"သွား နှင့်... မိိုး.. ခွန်း အခန်းထဲက မိက်ကပ် ပစ္စည်းတွေ နည်းနည်း ရှင်းပြီီး မှ လိုက်ခဲ့လိုက်မယ်."

"အင်း အင်း.. ကျေးဇူးပါ ခွန်းရယ်... မိုးကို အစစ အရာရာ အဆင်ပြေအောင် လုပ်ပေးလို့... နို့မို့ဆိုလျှင် မိုးက မပြင်တတ် မဆင်တတ်နဲ့ လှမှာ မဟုတ်ဘူး..."

"နင် က မပြင်တောင် လှ ပြီးသားပါ...မိုး.. သွားတော့ လေ..."

"အင်း.. ဘ..ဘုန်းကြီးကျောင်းမှာ တွေ့မယ်နော်..."

ခေါင်းကိုသာ တစ်ချက် ငြိမ့်ပြလိုက်ပေမယ့် မျက်လုံးကတော့ သံသေတ္တာ ဆိီသို့ အကြည့်ရောက်သွားသည်။

နင့် ရဲ့ မင်္ဂလာ ပွဲကို ငါ တတ်ပြီး မချိီးမြှင့် နိုင်တာ စိတ်မကောင်းဘူး မိုး။ ဒါဟာ နင် နဲ့ ငါ့နဲ ရဲ့ နောက်ဆုံး တွေ့ဆုံ ခြင်းပဲ။

နင် လည်း နင့် ဘ၀နဲ့ နင် ပျော်နေတော့။ ငါ့လည် ငါ့လမ်း ငါ့လျှောက်မယ် မိုး၀သန်။

နင် နဲ့ ပက်သက်ပြီး အရာရာ နှိိမ့်ကျနေမယ့် အဖြစ်မျိုးတော့ ငါ ဘယ်တော့မှ အဖြစ် မခံဘူး ဆိုတာ နင် မှတ်ထား မိုး။

********************
"ဘာ... ခွန်၀သန် ပစ္စည်းတွေ အားလုံး ယူပြီး ထွက်ပြေးသွားပြီ ဟုတ်လား.."

"သမီး မိုက်...... သမီး မိုက်...."

အဘသည် အံကိုကြိတ်ခဲ လက်သီးကို တင်းတင်းကြီး ဆုပ်ကာ မျက်နှာတစ်ခုလုံး နီမြန်းလာသည်

"အဘ....အဘ....သတိိထား ပါဦီး...."

မိုး စိုးရိမ်စွာ တိုးတိုးလေး သတိ ပေးနေရင်းမှပင် ပင့်သက်ကြီး ရိုက်ကာ ခန္စာကိုယ်ကြီးပါ အရုပ်ကြိုးပျက် ပုံလဲ ကျသွားသည်။

"အဘ..အဘ.."

"ကို ကြည်ဟန်..."

"သမီးရေ... မိုး လုပ်ပါဦး... လုပ်ပါဦး သား..ရေ"

ခွန်း၀သန် ၏ သတင်းကြားကြားချင်း အဘ ပျိုလဲ သွားသည်။ နှလုံးရောဂါ အခံ ရှိသည့် အဘကို ချက်ချင်း ဆေးရုံသို့ တင်လိုက်ရပေမယ့် အဘ ရဲ့ အသက်ကို မမှီခဲ့ပါ။

အဘ သည် မိုး မင်္ဂလာဆောင် ပြီး နောက်တစ်နေ့မှာတင် ကွန်လွန် သွားတော့သည်။

"မိုး... မိုး... အဲဒီလောက် မငိုနဲ့လေ...မိုး ဒီီလောက် ငိုနေရင် မိုး အားပြတ်ပြီး လဲသွားမှာပေါ့..."

မိုး၏ ပုခုံးလေးကို ဖွဖွလေး ဆုပ်ကိုင်ရင်း အားပေးလိုက်ပေမယ့် သူ ကိုယ်တိုင်လည်း အပြစ်မကင်း သူလို ခံစားရသည်။

ပွဲမှ အပြန် ဟောင်းလောင်း ဖြစ်နေသည့် သေတ္တာကြိီးကို တွေ့ရတော့ မိုး သူ့ကို အပြေးပြောလာသည်။ ရတနာ ပစ္စည်းတွေလည်း ဘာတစ်ခု မှ မရှိတော့ဘဲ ခွန်း၀သန် ထားခဲ့သည် စာလေး တစ်စောင်ကို သာ တွေ့ရသည်။

ပစ္စည်းတွေကို သူ မနှစ်မျော။

မိိုးကို အပိုင်ပေးထားပြီးဖြစ်သည့် အတွက် မိုး စိတ်တိုင်းကျ လုပ်ပိုင်ခွင့် ရှိသည်။

သို့ပေမယ့် ခွန်း၀သန်၏ လုပ်ရပ်ကို သည်းမခံနိုင်သောကြောင့် မိုး၏ မိဘတွေကိို ဖွင့်ပြောမိခဲ့သည့် သူ အမှားတွေကြောင့်သာ မိုး အဘ ဆုံးပါး သွားရခြင်း ဖြစ်သည်။

"ခွန်းရော....ခွန်းကို ရှာပေးပါ အစ်ကိုရယ်.... အဘ မြေမကျခင် ခွန်းကို တွေ့သွားစေချင်တယ်...."

"အစ်ကိုလည်း ကြိုးစားရှာနေပါတယ်... မိုး... ဒါပေမယ့် ခွန်းကို ဘယ်လိိုမှ ရှာမတွေ့ဘူး... သူ ရမည်းသင်းမှာ မရှိတော့တာ သေချာတယ်... မိုး... ခွန်းကို မစောင့်ပါနဲ့တော့

"သမီး မိုက်.... မိုက်လိုက်တဲ့ သမီီး.... အဲဒီ သမီး မိိုက်ကို ညည်းရှာမနေနဲ့တော့ မိမိုး... သူ့ ဘ၀နဲ့ သူသာ ရှိပါစေ... မလုပ်သင့် မလုပ်ထိုက်တဲ့ လုပ်ရက်ကို လုပ်သွားတာ....ညည်း ခွင့်လွှတ်နိုင်ပေမယ့် ငါ့ကတော့ ခွင့် မလွှတ်ဘူး"

"မေမေ....မေမေ"

အဘ မြေတောင် မကျ သေး ငိုကြီး ချက်မ နှင့် ရင်ဘတ်စည်တီး ဖြစ်ကာ လဲကျသွားသည် မေမေသည်လည်းဆေးရုံထပ်ကာ တင်လိုက်ရပြန်သည်။

ခွန်း ရယ်။ နင် ဘာတွေ လျှောက်လုပ်နေတာလဲ။

ငါတို့ ဘာတွေ ဖြစ်နေပြီလဲ ဆိုတာ နင် လာကြည့်လှည့်ပါဦး..လာကြည့်ပါဦး

ခွန်း.. နင် ဘယ်တွေ ရောက်နေတာလဲ။

လိပ်ပြာလှောင်အိမ် (Zawgyi, Unicode)حيث تعيش القصص. اكتشف الآن