Faction
2022.May 1
' Happy Birthday ပါဆရာလေး '
'ဟင်
'ဒီနေ့ ဆရာလေးမွေးနေ့ဆိုတာ ဘယ်လိုသိလဲ''ဖေဖေပြောပြတာပါဆရာလေး'
'ဟင်'
ကျွန်တော်နောက်ထပ်အံ့ဩရပြန်ပြီ ဦးမှတ်မိနေခဲ့တာလား မေလအစရဲ့ကျွန်တော့်မွေးနေ့ကို
'ဆရာလေး ဘာစာအုပ်ထုပ်ရမှာလဲ ... ဆရာလေး လို့'
.............
'ဟမ်.. ဟမ်
ဪ ဒီနေ့ စာမသင်ဘူးလေ မေ့နေတာ ဆရာ ကြာဆံချက်ထားတယ်အကုန်လုံးစားဖို့ အိမ်ထဲ လိုက်လာခဲ့ နော်'မွေးနေ့မှာ အတွေးတွေ လွန်ပြီး တလွဲတွေ လုပ်မိပြန်ပြီကွာ ဖျက်ပြီသား အမှတ်တရတွေကို ပြန်လည်တွေးမိအောင် ဦးရဲ့ သားက လုပ်လိုက်တာ ....
၂၀၂၀ မေလ အစ
'မွေးနေ့မှာ ဒို့တွေက ဘာစားရမှာလဲ '
အိမ်မှာ ပဲ လာရွေးနေတဲ့ တောလုပ်များဖြစ်သည်
'ပွဲက ညနေမှလုပ်မှာ ဗျ အားရင်အကုန်လာကြပါ အများ ကြီးချက် ထားပါတယ်ဗျ''ဘာတွေလဲ ဟဲ့'
'အရီးကတော့ ကြာဆံချက်နေတာ
အမေတို့ကတော့ မုန့်အချိုတွေ လုပ်နေကြတယ်ဗျ''လာခဲ့မယ် လာခဲ့မယ် အကုန်လုံး လာကြမှာ
ဟုတ်တယ်နော် ဟဲ့ကောင်မတွေ.. ဟီးဟီး..'
စကားပျက်တာနဲ့ ပဲရွေးနေတဲ့သူတွေနားမှထွက်လာခဲ့သည်နွေရာသီရဲ့အစဖြစ်လို့ ဖုန်တွေပိုထူသည်
အညာမြေဖြစ်လို့ ပိုပူသည်
မွေးနေ့မှာ ဦးလာမှာဖြစ်လို့ ပို၍ရင်ခုန်နေရသည်အိမ်ကတောင်သူကြီးတွေပါ အရီးအပျိုကြီးတွေကြားနေရသူဖြစ် လို့ ယောကျာ်းလေးဖြစ်ပေမယ့် သိမ်မွေ့တဲ့ဘက်ရောက်နေသည်
အဖေကလွဲလို ယောကျာ်းလေးသူငယ်ချင်းမရှိတဲ့ ကျွန်တော့်မှာ အပေါင်းအသင်းယောကျ်ားလေးဆိုတာမရှိပါ အပြောအဆို သိုသိပ်တဲ့အလျှောက် အကြမ်းပါမခံတော့ အလယ်တန်းပြီးတကည်းက ကိုယ်ပိုင်ကျောင်းမှာစာရင်းပေးပြီး အရီးတွေရဲ့စီမံမှုအရ အိမ်မှာသာ စာသင်စေသည် အိမ်ခြေများတဲ့ရွာဖြစ်မယ့် ရွာတွေရဲ့ထုံစံအရ တစ်အိမ်ရဲ့ သတင်းကို တစ်အိမ်က သိလွယ်သည်
အသားလတ်ထဲမှာ ပါပြီး မပိန်မပါး ခန္ဓာကိုယ် နဲ့ စွဲမက်စရာနှုတ်ခမ်းရှိသည်
အပြုံးကြောင့် လူတိုင်းငေးကြလို့ မင််းရဲ့ အပြုံးကို ကိုယ်တစ်ယောက်ထဲကြည့်ချင်တယ်လို့ ဦးကပြောဖူးသည်
ကျွန်တော့်နာမည်က ငယ်သူ
တစ်ဦးတည်းသောသား အရီးတွေရဲ့အရှိန်အဝါကြောင့်ဘယ်သူမှ အတင်းမပြောရဲတဲ့သူ
အနေအထိုင်က သူများနဲ့ကွဲပြားတာမလို့ အခြောက် ဟု့ ကွယ်ရာတွင်မလိုသူများက ကဲ့ရဲ့ချင်သည်
ဒီညရဲ့ စိတ်လှုပ်ရှား စရာတစ်ခု က ဦး သည် မင်းမွေးနေမှာ
မင်းရဲ့ နှုတ်ခမ်းလေးကို နမ်းချင်သည်ဆိုသောစကားကြောင့် ဖြစ်သည်
ဦးက ကျွန်တော့် နဲ့တွဲနေသူမဟုတ်ပါ အိမ်ရဲ့ အားကိုးရတဲ့ စီးပွါးရေး လုပ်ဖော်ကိုင်ဘက်ဖြစ်သည်
ဆိုလိုချင်သည်ကား ဦးကကိုယ်ပိုင်စီးပွါးရေး ရှိသည့် အလျောက် ဉာဏ်ရွှင်ပြီး စီးပွါးရေးတွင်တော်သည်