Episode 3

24 2 0
                                    

'ဝမ်းနည်းလိုက်တာ ဟင့်'

နွေး ကိုကြိုက်လွန်းလို့ ခဏခဏဖက်နေတာ ဘယ်အကြိမ်မြောက်မှန်းမသိတော့

သူတို့လေးတွေရဲ့ဘဝကို ထင်ပေါ်အောင်၊ လူတွေစိတ်ဝင်စားလာအောင် နွေးကိုဖန်တီးပေး ခဲ့လို့ ကျေးဇူးတင်မိသည်
သာမာန်လူတစ်ယောက်ရဲ့ ဘဝမှာ မပြည့်စုံမှုတွေ ၊ ခက်ခဲကြမ်းတမ်းမှုတွေ၊ ဆင်းရဲဒုက္ခတွေက ဘဝကိုအရှုံးပေးချင်လောက်အောင် ပင်ပန်းစေတာ နွေးတို့လို့ မွေးရာပါအားနည်းချက်ရှိသူတွေဆို ဘယ်လောက်တောင်စိတ်ခံစားမှုတို့က ပြင်းထန်လိုက်မလဲ တွေးကြည့်ရုံနဲ့ ခံစားနိုင်သည်
နွေးအကြောင်းကို ခဏခဏ မတွေးချင်ပါ
စိတ်တို့သာမန်ဖြစ်နေရင်တောင် နွေးကို သတိရရင် ဝမ်းနည်းမှုတို့ဝင်လာသည်
အကုန်လုံးအဆင်ပြေနေသည်ကား နွေး သည် ကျော်ရီးရဲ့ အရိပ်အောက်မှာအေးအေးချမ်းချမ်းနေခွင့်ရသွားလို့ဖြစ်သည်

ညည့်နက်နေပြီ ငါအိပ်မှရတော့မယ် မဟုတ်ရင် အရီးကို ကူမလုပ်နိုင်ပဲနေမယ်

အရီးအပျိုကြီးသုံးယောက်ရှိရာ နှစ်ယောက်နဲ့အတူနေသည် အလတ်အပျိုကြီးကတော့ မန္တလေး အိမ်မှာနေသည်
တစ်နှစ်တစ်ခါ တန်ခူးလ သို့မဟုတ် ခါကြီးရက်ဖြစ်သောတပေါင်းလ ကိုကြီးကျော် ပွဲတွင်တော့ပြန်လာတက်သည်

ငယ်သူ လူမှန်းသိတက်စ အရွယ်နနှစ်သားကတည်းက အရီးတွေနဲ့နဲ့နေလာတာဖြစ်သည်

မအေဖြစ်သူ သားအိမ်ခေါင်းကင်ဆာကြောင့် ဖအေနဲ့မအေ မန်းလေးဆေးရုံသို့ ကုသနေချိန်ကတည်းကဖြစ်သည်
အဖေရဲ့မအေ အဖွားဖြစ်သူဝင်စား သည်ဟုယုံကြတာတစ်ကြောင်း အကြောင်းအမျိုးမျိုးတက်ကာတင်အိမ်လုံးရဲ့ ချစ်တာ ခံရသည်
ငယ်သူက မိဘနဲ့ အတူမနေပါ မိဘတွေသည်ကား ရွာ၏အနောက်တောင်ပိုင်းမှာ သက်သက်စီနေကြသည်
ငယ်သူနဲ့ အရီးအပျိုကြီးတွေကတော့ အနောက်ပိုင်းမှာနေသည်
ထို့ကြောင့် ရင်းနှိးသူများက နှစ်အိမ်စားခွေးလေးဟုခေါ်ကြသည်


*********************

ငချိတ်ပေါင်း ပဲပြုတ်

'သားရေ တံမြတ်စီးလှဲပြီးပြီလား ပြီးရင်ပဲပြုတ်သည်လေး ထွက်တားပါအုံး အရီးလိုက်လာခဲ့မယ်'

ငယ်သူDonde viven las historias. Descúbrelo ahora