လေးလံသည် ပင်ပန်းသည်အချစ်ကြောင့်ရလာတဲ့ စိတ်ခံစားမှု့တို့က
အိပ်ရေးဝဝအိပ်သော်လည်း စိတ်အစဉ်၌မရွှင်လန်းပါ
'အမ ဒီနေ့ကျွန်တော် တောင်ဘက်ကျွန်းကို ပဲခင်းသွားကြည့်မလို့ ဘာအရွက်ခူးခဲ့ရမလဲ'
'နေနေတော်ပြီ ငါမနေ့က ချဉ်ပေါင်ရွက်တွေရှိတယ် ဒီနေ့ ချက်လိုက်အုံးမယ်'ရွာရဲ့ဓလေ့အရ ရေခဲသေတ္တာထဲ သိမ်းမထားချင်ပါ အစားအစာတို့အားရေခဲသေတ္တာထဲအား သိမ်းလေ့မရှိပဲ လက်လက်ဆက်ဆက်သာစားကြသည် ရေခဲသေတ္တာသည်ကား ရေခဲဖို့ ၊ အချိုရည် အအေးခံဖို့အတွက်သာသုံးသည်
'စေရာ'
'ဗျာ..အမ'
'မယ်နွဲ့တို့အိမ်ဝင်မေးလိုက်အုံးလေ ဘာမှာအုံးမလဲမသိဘူး'
မယ်နွဲ့သည်က ငယ်သူရဲ့အဒေါ်အငယ်ဆုံး ဒေါ်နေနွဲ့ ငယ်သူတို့တစ်အိမ်လုံးရဲ့ အိမ်ထောင်ဦးစီး အဖေ့ဘက်ကအငယ်ဆုံးအဒေါ်ဖြစ်ပေမယ့် အမေနဲ့အဖေ့အပေါ်ရော ကျန်တဲ့ပျိုကြီးနှစ်ယောက်အပေါ်အားလွှမ်းမိုးနိုင်သူ မိသားစုတစ်ခုလုံး၏ကောင်းကျိုးအား ထမ်းဆောင်နိုင်သူ အပျိုကြီးတစ်ယောက်
'ငယ်'
အိမ်နောက်ဖေး ထင်းစီနေရင်း စေရာအား မော့ကြည့်သည်
အကြည့်တို့၌ ခံစားချက်တို့ရောထွေးနေသည်'ဒီကလေး ဘာဖြစ်တာလဲ'
'ဘာလို့လဲ အကို'
'ဦးမဟုတ်တော့ဘူးလား ငယ်လေးရ'
'ထားပါ ကိုယ်တောင်ဘက်ကျွန်းသွားမလို့ ဒေါ်လေးကိုလာမေးတာ'
'အဲ့ဆိုလည်း သွားမေးလေ ဘာလို့လာပြောနေတာလဲ ဘယ်သူ့မှစိတ်မဝင်စားဘူး'
'ဟာကွာ ကိုယ့်ကို ဘာကောက်နေတာလဲ ဒီလောက်ရန်တွေ့နေရတာလဲ
ခုနကတည်းကကိုယ်ကြည့်နေတာ နှုတ်ခမ်းထော်တာ ညက ကိုယ့်နမ်းထားလို့ထင်တာ ဘယ်ဟုတ်မလဲကွာ စိတ်ကောက်နေတာကို'
'ပျော်လား ကျွန်တော့်ခံစားရတာကို''ဟမ် မဟုတ်ပါဘူးကွာ ကိုယ့်ညီလေးက ချစ်စရာကောင်းလို့စတာပါ မစတော့ဘူးနော်'