Unicode
သွေးများဖြင့် ပြည့်နှက်နေသည့် ကြမ်းပြင်တခု....၊ ကြမ်းပြင်ပေါ် လူသေကောင်များလို အိပ်မောကျနေသည့် ကျောင်းသားများကို ကြည့်ရင်း ရက်စက်စွာ ပြုံးလိုက်သည့် လူတစ်ယောက်။
"ဒီညတော့ ကြိုဆိုပွဲလေး စလိုက်ရအောင်.."
အနက်ရောင် မျက်၀န်းတစုံတို့က သွေးအေးရက်စက်မှုတို့ အထင်းသား၊ လက်တဖက်က ကြိမ်လုံးကို ကိုင်ထား၍ နောက်လက်တဖက်က ဓားကို ကိုင်ထားသည်။ အေးအေးလူလူဖြင့် သူ့ရှေ့က အိမ်မောကျနေသည့် ကျောင်းသားတယောက်၏ ဗိုက်ကို ဓားဖြင့် ထိုးလိုက်ပြီး အူ ကလီစာတွေ ထွက်ကျလာသည်အထိ ထိုင်မွှေနေလိုက်သည်။
စိတ်ကျ မွှေပြီးမှ ဓားကို ဆွဲထုတ်ကာ နောက်တစ်ယောက်စီသို့ ဦးတည်ချက် ပြောင်းသွားသည်။ ထိုကျောင်းသူကိုတော့ သေစေနိုင်သည့် ဂါထာဖြင့်သာ သတ်လိုက်လေသည်။
သေနေသည့် ကျောင်းသားနှစ်ယောက်၏ အလောင်းကို ကျော်ခွ၍ ကစားစရာတခုလို ကျောင်းသားနောက်တယောက်၏ မျက်လုံးကို ဓားဖြင့် ထိုးဖောက်ကာ စိတ္တဇဆန်စွာဖြင့် ပြုံးမိလိုက်သည်။ ဓားဖြင့် တဖက်ကို သတ်နေတာတောင် အားမရပဲ နောက်တယောက်ကို သူ့အိတ်ကပ်ထဲက အက်စစ်ပုလင်းဖြင့် ပက်လိုက်သည်။
ထိုသို့ဖြင့် ကျောင်းသားခုနှစ်ယောက်လောက်ကို အသာလေး သတ်ပြီးသည်နှင့် ဓားနှင့် ကြိမ်လုံးကို အိတ်ကပ်ထဲ ပြန်ထည့်ကာ သူ့ရှေ့က အိပ်မောကျနေသည့် ကောင်မလေးစီသို့ ဦးတည်လျက်။
သူမ ပေါ်တွင် ပိကာ အိပ်မောကျနေသည့် ဒရေဂို မက်ဖွိုင်းကို တွန်းဖယ်၍ သူမ၏ ခေါင်းကို သူ့ပေါင်ပေါ်တွင် တင်ကာ သွေးပေနေသော လက်များဖြင့် နူးညံ့နေသော ပါးလေးနှစ်ဖက်ကို အသာအယာပွတ်သပ်မိသည်။
"အရင်ကထက် လှလာတာပဲ အဟွန်း.....ငါ့ညီက ဘာလို့မင်းကို အသည်းအသန်လိုချင်လောက်အောင် သဘောကျနေလဲ အခုမှပဲသဘောပေါက်တော့တယ်...ဒီလို အလှလေးကို အရင်ဆုံး သတ်လိုက်ရင် နှမျောစရာတွေ ဖြစ်ကုန်မှာပေါ့ ဟားဟား"
ခပ်တိုးတိုးပြောရင်း သူ ပွတ်သပ်လိုက်လို့ သွေးများဖြင့် ပေပွနေသော ပါးဖောင်းဖောင်းလေး နှစ်ဖက်ကို နမ်းရှိုက်ကာ အသာအယာလေး ကြမ်းပြင်ပေါ်သို့ ပြန်ချပေးလိုက်သည်။ နမ်းလိုက်လို့ သွေးများ အနည်းငယ် ပေလာသည့် နှုတ်ခမ်းပါးကို သုတ်ကာ မဲ့ပြုံးပြုံးမိလိုက်သည်။
YOU ARE READING
𝒷𝓁𝑜𝑜𝒹 𝑜𝓃 𝓉𝒽𝑒 𝓂𝓎𝓈𝓉𝑒𝓇𝓎౨ৎ [Unicode & Zawgyi]
Mystery / Thrillerညစဥ်ညတိုင်း ဂိမ်းသည် စတင်လိမ့်မည်။ နိုင်သည့်သူများက အသက်ရှင်မည်ဖြစ်ပြီး ရှုံးသည့် သူများသည် သူတို့၏အသက်ကို စတေးရမည်။ လက်စားချေမှုများ၊ သစ္စာဖောက်မှုများ၊ ကြောက်ရွံ့မှုများသည် ညတိုင်း စံအိမ်ကြီးတွင် တည်ရှိနေလိမ့်မည်။ အသက်ရှင်ဖို့ ဘာမဆိုလုပ်ရပေလိမ့်မ...