Zawgyi
အိပ်မောကျနေသည့် ကျောင်းသားများထဲမှ ပြန်နှိုးထလာသော ကျောင်းသားတယောက်၊ အိပ်တောင် အိပ်မပျော်ခဲ့တာ ဆိုလျှင် ပိုမှန်လိမ့်မည်။ သူ့ဘေးက ကျောင်းသားများကို တချက်ကြည့်၍ တနေရာစီသို့...။
စံအိမ်ကြီးက နက်ရှိုင်းသည်။ ပုန်းကွယ်နေတဲ့ အခန်းပေါင်းများစွာ ရှိသလို ထိုအခန်းထဲမှ အနက်ရောင် တံခါးဖြင့် အခန်းတစ်ခန်းကတော့ ဒီဂိမ်းရဲ့ တစိတ်တပိုင်းဆိုလျှင်...
သူ ထိုအခန်းထဲ ၀င်လျက် ထိုအခန်းမှာ အနက်ရောင် ၀တ်ရုံနှင့် မျက်နှာဖုံး ပုံစံမျိုးစုံကို ၀တ်ဆင်နေသည့် သူများကိုကြည့်၍ သူသည်လည်း သူ၏ မြွေမျက်နှာဖုံးနှင့် အနက်ရောင်ဝတ်ရုံကို ကောက်ယူလိုက်သည်။
"ဒီည ဘယ်သူ့ကို သတ်ကြမလဲ..."
"မီရာ မိုရာနာကို သတ်ရအောင်.."
မိန်းကလေး ဖြစ်ဟန်တူသည့် မြွေခွေး မျက်နှာဖုံးနှင့် တယောက်က ပြောသည်။
"မင်းက ဘာလို့ သတ်ချင်ရတာလဲ...မင်း မကျေနပ်မှုတွေကြောင့် ဆိုရင် ငါတော့ လိုက်လျောမပေးနိုင်ဘူး"
"××× ပြောတာ မှန်တယ်...ငါတို့ မဲပေးပြီး ဆုံးဖြတ်ရအောင်"
"ရေဗင်ကလောက Cho Chang ကိုရော..."
ဝံပလွေ မျက်နှာဖုံးနှင့်လူက အကြံပေးသည်။
"ဘာလို့လဲ.."
"သူမက ရဲဖြစ်နိုင်တယ် မထင်ဘူးလား"
"ဟုတ်ပြီလေ...ငါရော Cho Chang ကို မဲပေးတယ်"
"သူမကိုပဲ သတ်ကြတာပေါ့"
လူသတ်သမားအားလုံး၏ မဲပေးခြင်း အဆုံး အကုန်လုံးက ဗီရိုများကြားထဲမှ ပုန်းကွယ်နေသည့် တံခါးထဲကို ၀င်သွားကြသည်။ ထိုအထဲတွင် မက်ဂယ်လောက က လူသတ်ပစ္စည်းတွေ အပြင် မှော်လောက အဆိပ်ပုလင်း၊ အန္တာရယ်ရှိသည့် ပစ္စည်းများ နှင့် ယုတ်စွအဆုံး သူတို့၏ ကိုယ်ပိုင် ကြိမ်လုံးတွေကိုတောင် စားပွဲနှင့် မှန်ဗီရိုထဲများတွင် ထည့်ပေးထားသည်။
"ဒီည ဘယ်သူက ဒိုင်ခံ သတ်မှာလဲ.."
"ငါ သတ်မယ်...."
YOU ARE READING
𝒷𝓁𝑜𝑜𝒹 𝑜𝓃 𝓉𝒽𝑒 𝓂𝓎𝓈𝓉𝑒𝓇𝓎౨ৎ [Unicode & Zawgyi]
Mystery / Thrillerညစဥ်ညတိုင်း ဂိမ်းသည် စတင်လိမ့်မည်။ နိုင်သည့်သူများက အသက်ရှင်မည်ဖြစ်ပြီး ရှုံးသည့် သူများသည် သူတို့၏အသက်ကို စတေးရမည်။ လက်စားချေမှုများ၊ သစ္စာဖောက်မှုများ၊ ကြောက်ရွံ့မှုများသည် ညတိုင်း စံအိမ်ကြီးတွင် တည်ရှိနေလိမ့်မည်။ အသက်ရှင်ဖို့ ဘာမဆိုလုပ်ရပေလိမ့်မ...