15(ZU)

186 19 8
                                    

(Unicode)

"ဟီး... Hyung..."

"ပျော်မှပျော်ခဲ့ရဲ့လား..."

"ကျေးဇူးပါဗျ..."

"မလိုဘူး...အိမ်ပြန်မယ်..."

"ဟုတ်..."

ထယ်ယောင်းလို BUSတိုးစီးလာရတဲ့ လူအတွက်...တစ်နေကုန်စက်ဘီးနင်းမှ လိုချင်တဲ့နေရာရောက်တဲ့ သူအတွက်တော့ Hyung ၏ Lamborghini  ကားကြီးဆိုတာအိမ်မက်တောင်မမက်ဖူးလောက်တဲ့ အနေအထားကြီးရှိနေပင်မဲ့ အခုသူဇိမ်ခံပီးစီးနေရသည်မှာ အိစက်ညက်ညောနေသည်...။

သူသိသလောက်ကတော့ Hyung စီးတဲ့ကားက ကမ္ဘာပေါ်မှာ နှစ်စီးသာရှိသော..ကားပင်...။
ထိုအကြောင်းအရာကလဲပြန်ခါနီးမှ Hyung ရဲ့ကားကို အွန်း‌ လေးကတွေ့ပြီးပြောပြချင်းပင်...။
သို့ပင်မဲ့ အနောက်ကနေထပ်ကျပ်မကွာလိုက်နေသည်လဲ အရောင်တူမော်ဒယ်တူ နံပါတ်သာကွဲသော Hyung လိုကားမျိုး...

"Hyung.. Hyung..."

"ပြောလေ...ပိုးဖြူလုံးလေး..."

"အနောက်..အနောက်ကကား..."

ထယ်ယောင်းသိချင်တာကြောင့်ကားမောင်းနေသော Hyung ရဲ့လက်ကိုကိုင်ကာ..မေးလိုက်သည်။

"အဲ့တာကိုယ့်သူငယ်ချင်းရဲ့ကား..."

"ဒါမဲ့..ထပ်ကျပ်မကွာကြီးက..."

"စကားများလိုက်တာကွာ..အိမ်တော်ကိုလိုက်မှာမလို့လေ..."

"ဪ...ဟုတ်ဟုတ်..."

ထယ်ယောင်း jjkကိုထပ်မေးလျှင်အော်ခံရမည်ဆိုးသောကြောင့် အရှေ့ကိုသာအာရုံစိုက်လိုက်ပင်မဲ့... Hyung ရဲ့ကားကို Hyung ရဲ့ငယ်ချင်းရဲ့ကားက ကျော်တက်လိုက်‌တာကြောင့် Hyung ရဲ့ခပ်ဩ"ဆဲသံကထွက်လာသည်...

"Mother fu!ker...တွေ့ပီပေါ့ကွာ...ပိုးဖြူလုံးလေး သေချာကိုင်ထားနော်..."

"ဗျာ...အမလေး...!"

သူ၏စကားတောင်မပီးသေး အမြန်နှုန်းတင်ပီးမောင်းလိုက်တဲ့ Hyung ကြောင့် ...အမလေးပါတလိုက်ရသေး...သည်..။

တကယ်မူးပီးလည်း အန်ချင်နေပီ..အရှေ့က Hyung သူငယ်ချင်းရဲ့ကားကလည်း အနှိုင်မလိုအရှုံးမပေး မောင်းနေတာကြောင့် သူ့မှာချက်ချင်းလန့်ဖျား....ဖျားချင်သည်...။

MFC fitter and his boyfriend (ongoing)Where stories live. Discover now