22(ZU)

191 18 4
                                    


(Unicode)

"ထယ်ယောင်း...အားးး  motorboat စီးမယ်တဲ့..."

"ဟီး...ပျော်စရာကြီးနေမယ်နော် ဂျီမင်...."

" အင်း..ဒါနဲ့  jjk hyung နဲ့ ရစ်သန် နူးနာကော......"

‌"ဟော..လာပါပီ..."

ယွန်းဂီစကားကြောင့် နှစ်ယောက်သားလှည့်ကြည့်လိုက်သည်။
မနေ့က စိတ်ဆိုးတဲ့ အရှိန်ကမသေသေးတာကြောင့် တစ်ဖက်လှည့်ပီးသာ ဆူပုတ်နေလိုက်သည်။

"ဟျောင့်တွေ ...နှစ်ကောင်လုံးဘယ်လို ဖြစ်တာလဲဟ..မျက်တွင်းတွေကျပီးတော့.."

"ပြောမပြောချင်ပါဘူးကွာ..."

"မပြောချင်လဲနေကွာ..."

"ဟာ ..မဟုတ်သေးဘူးလေ ယွန်းဂီရ...ငါပြောဖို့ အချိန်ယူနေတာလေ..."

"ဟွန့်.."

အနားရောက်လာပီးသူကို မသိချင်ယောင်ဆောင်နေတဲ့ မောင်ရယ် အကိုယွန်းဂီကို သာအဖက်လုပ်စကားပြောနေတဲ့ ရစ်ရစ်ရယ်ကြောင့် သူစိတ်ဆိုးနေမှန်းသိသာအောင် နှာမှုတ်ကာ တစ်ခြားဖက်လှည့်ပြလိုက်သည်။

"အာချောင်မနေတော့နဲ့ ရစ်သန် motorboat စီးမှာမလားသွားမယ်လာ...."

"အုပ်ခီ...ဘရို...လာလေ အသေးလေးနဲ့ ယွန်းဂီ..."

ဒီလောက် နှုတ်ခမ်းတစ်တောင်လောက်ထော်ကာ စိတ်ဆိုးပြနေတာတောင် အရေးတစ်ယူမလုပ်ပဲ... ထွက်သွားတဲ့ မောင်နဲ့ ရစ်ရစ်ကြောင့် လူကငိုချင်သွားသည်။
ဒါပင်မဲ့ motorboat စီးရဖို့အရေးစောင့်အောင့်ကာ လိုက်သွားရသည်။

"ရေးးး ပင်လယ်ကြီး ဟူးးး..."

"ရေးးး...."

Boatအရှေ့မှာ ပျော်မြူးပီး  ပတ်အော်နေတဲ့ နှစ်ယောက်ကို ယွန်းဂီကတော့ ဘီယာသောက်ရင်းသာကြည့်နေပင်မဲ့....။

Boat ရဲ့ခုံပေါ်မှာတောင်မထိုင်နိုင်ဘဲ အောက်မှာငိုက်နေတဲ့ ၀တ်စတန်နဲ့ ရစ်သန်လည်းရှိသည်။

"ဟင်...ဦး..ဂျီဂျီလဲ ဘီယာသောက်ချင်တယ်..."

"အသက်မပြည့်သေးပင်မဲ့..ရော့ သောက်..!"

ဂျီမင် ယွန်းဂီ ပြစ်ပေးသော ဘီယာဘူးက်ု ဖမ်းကာ ဖွင့်ပီးသောက်လိုက်သည်။

MFC fitter and his boyfriend (ongoing)Where stories live. Discover now