바보

345 40 8
                                    

ဆောင်းဟန်ဘင်းရဲ့ ဘဝမှာ အဖြစ်ချင်ဆုံးက ဂင်မ်ဂယူဘင်းရည်းစား။ ဂင်မ်ဂယူဘင်းကို တစ်ရက်လေးမှ မတွေ့ရရင် မနေနိုင် ရူးလောက်အောင် ချစ်သည်။ မိုးလင်းတာနဲ့ ဂင်မ်ဂယူဘင်းရဲ့ vlog ကို ဦးစွာကြည့်ပြီး ညအိပ်တဲ့အခါလည်း ဂင်မ်ဂယူဘင်းရဲ့ vlog ကို ကြည့်ပြီးမှ အိပ်သည်။ အဲဒါအပြင် တစ်ခါတလေကျ သူ့ရဲ့ စကားပြောသံလေးကို နားထောင်ချင်ရုံသက်သက်ဖြင့် vlog ကို ဒီအတိုင်း ဖွင့်ထားတတ်သေးသည်။

ဟန်ဘင်းရဲ့ အားသာချက် = တစ်နေကုန် မငြီးမငွေ့ ဂင်မ်ဂယူဘင်းကို တစ်စိမ့်စိမ့် ထိုင်ကြည့်နေနိုင်ခြင်း။

ဒါပေမယ့် သူဟာ ဂင်မ်ဂယူနဲ့ အကြည့်ချင်း ဆုံတာနဲ့ ဆယ်မိုင်အကွာလောက်ထိ ခပ်ဝေးဝေး ပြေးထွက်သူ ၊ သူ့ခရက်ရှ်လေး သူ့ကို သတိထားချင်ထား မထားချင်နေ အဓိကက သူ့ဘက်က တွေ့လိုက်ရရင် ကျေနပ်တယ် ဒါပဲ။

ဂင်မ်ဂယူဘင်းအကြောင်း မိတ်ဆက်ရရင်တော့ဖြင့်...
ဂယူဘင်းက သူ့ထက် တစ်နှစ်ငယ်ပြီး သူတို့တွေ စသိခဲ့တာက အထက်တန်းနှစ်တည်းက ယခု တက္ကသိုလ်အထိ။ ခရက်ရှ်လေးနဲ့ ဖူးစာပါတယ်ပြောရမလား ၊ မထင်မှတ်ဘဲ တက္ကသိုလ်မှာ မေဂျာအထိ လာတူနေတဲ့အပြင် Dance Club အထိ ခရက်ရှ်လေးနဲ့ အတူတူ။ ဒီလောက်ထိ တူပေမယ့် သူနဲ့ ဂယူဘင်းဟာ လုံးဝ လုံးဝ မခင်ပါ။ မခင်လည်း ရပါတယ် အဓိကက ကိုယ့်ဘက်က ကြိုက်နေရင် ရပြီလေနော့်။ အာ ပြီးတော့ သူ့ခရက်ရှ်လေးက နာမည်ကြီး Vlogger ဆိုလည်း မမှားဘူး။ တစ်ခါတလေကျ cover song တွေလည်း တင်တတ်သေး ၊ အဲဒါအပြင် Basketball နဲ့ Bowling မှာလည်း ထူးချွန်သေး။ ဒါကို Dance club လာ join တာဆိုတော့ သူ့ခရက်ရှ်လေးက တအား ဘက်စုံတော်နေတာ မဟုတ်ဘူးလား။ သူ့ခရက်ရှ်လေးက တစ်ကျောင်းလုံးမှာ အချောဆုံး ၊ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေး ။ ကောင်မလေးတွေရော ကောင်လေးတွေရော သူ့အနား ဝိုင်းဝိုင်းလည်နေပေမယ့် ဟန်ဘင်းရဲ့ ခရက်ရှ်လေးဟာ အချစ်ရေးမှာ စိတ်မဝင်စားဘူးထင် ၊ ယခုထက်ထိ ရည်းစားမရှိသေးပါဘူးတဲ့။

ဒါပေမယ့်လည်း ရုပ်ချောတဲ့ကောင်တွေဆိုတာ မယုံရ ၊ တိတ်တိတ်လေး ခိုးတွဲနေတာလည်း ဖြစ်နိုင်တယ်လို့ ဟန်ဘင်းထင်မိသည်။ အထူးသဖြင့် ဂင်မ်ဂယူက အကောင်ကြီးကြီး သူဌေးအိမ်က သားလေးဖြစ်တာကြောင့် ရည်းစားကို ပေါ်ပေါ်ထင်ထင်မတွဲတာလည်း ဖြစ်ကောင်းဖြစ်နိုင် ၊ မဟုတ်လည်း ကြိုတင်စီစဥ်ထားတဲ့ လက်ထပ်ပွဲမျိုးဆိုတာတွေလည်း သူ့မှာ ရှိကောင်းရှိနေနိုင်ပါသည်။ အဲလို တွေးမိတဲ့အခါတိုင်း ဟန်ဘင်းမှာ ဝမ်းနည်းလာရပါသည်။ သို့သော်လည်း လက်မလျှော့ ၊ ဟန်ဘင်းဟာ ဂယူဘင်းကို ဆက်ကြိုက်နေဦးမည်ဖြစ်သည်။

The reasons of my smiles Where stories live. Discover now