Chapter (8)

213 39 3
                                    

စောဟန်မင်းမောင်သည် အိမ်ကိုတစ်ဖန်ပြန်ရောက်လာခဲ့သည်။ သူသည်လက်ရှိတွင် လုံခြုံရေးမြင့်မားသော အိမ်ရာဝန်းတွင်နေထိုင်သော နာမည်ကြီးမင်းသားမဟုတ်ဘဲ အထက်တန်းကျောင်းသားသာဖြစ်သည်။ ထို့ကြောင့် အရင်ကလိုပဲ သူ့အမေနှင့် ပြန်နေရမည်။

အထက်ပိုင်းကုန်းမြင့်ရှိသောရပ်ကွက်ထဲကို ခြေချမိတာနှင့် အရင်ကမှတ်ဥာဏ်တွေပြန်သတိရလာသည်။ သူ့ဘဝက သက်ဝင်ပျော်ရွှင်ခဲ့ပြီး အေးချမ်းခဲ့သည်။ သူ့ဘဝတွင်လိုချင်တာအကုန်ရခဲ့သည်။

သော်ကလွဲ၍...

သော့်ကို သူသိပ်ချစ်ရသလောက် သော်ကတော့သူ့ကို..

မင်းမောင်သည် ထိုအကြောင်းအရာကို ဆက်မတွေးချင်ပေ။ အချိန်တိုင်းငြင်းပယ်ခြင်းခံရသည့် သူ့နှလုံးသားက ထုံကျဥ်နေတာဖြစ်လောက်မည်။ အငြင်းခံရခြင်းတွင် နေသားကျနေပြီး ထိုသူ၏ မြင်ကွင်းထဲကနေပျောက်ကွယ်နေတာကသာ အကောင်းဆုံးထင်ခဲ့သည်။ သော် သူ့ကိုမမြင်ချင်လောက်ပေ။

သူသည် ဆရာဝန်ဒေါက်တာသော်သျှန်းဝေကို အထူးတလည် ဖိတ်ကြားစာများစွာ ပို့ခဲ့ဖူးသည်။ သူ့ရုပ်ရှင်တိုင်း၏ premiere showများ၊ partyများကို သူဖိတ်ခဲ့သည်။ သော်က တစ်ကြိမ်တစ်ခါမှတက်ရောက်ခဲ့ခြင်း မရှိပါချေ။

သူ့ကိုမတွေ့ချင်ဘူးဆိုတာ ပိုပြီးနားလည်လာလေလေ

သူအရူးတစ်ပိုင်းဖြစ်ရလေပါပဲ။

ဒါပေမဲ့ သော်ရယ်...ဒီခဏတော့ ဒီခန္ဓာကို ထိန်းနိုင်သေးတဲ့ခဏလေးမှာတော့ သော့်အနားမှာနေခွင့်ပေးပါ။



အမေသည် ပုံမှန်လိုပင်အလုပ်များနေသည်။ ညပိုင်းရောက်တော့ အန်တီဟန်နီက ပါတီတွင်အရက်သောက်ထားသော အမေ့ကိုပြန်ခေါ်လာပေးသည်။ သူ့အမေသည် ရုပ်ရှင်မရိုက်ဖြစ်ဘဲ စီးပွားရေးလုပ်နေတာကြာပြီဖြစ်သည်။ အန်တီဟန်နီက သူ့အမေ၏ အတွင်းရေးမှူးဖြစ်သည်။

"အန်တီ...အမေအဆင်ပြေရဲ့လား"

သူ့အမေသည် နောင်၉နှစ်ကြာသွားလျှင်တောင် ယခုလိုရုပ်လေးဖြင့်သာ ရှိနေဆဲပင်။ မျက်လုံးဘေးမှာအရေးကြောင်းနှစ်ခုတိုးလာတာကလွဲ ပြောင်းလဲမှုကြီးကြီးမားမားမရှိပေ။ အခုတော့ ထိုအရေးကြောင်းများမရှိလောက်သေး။ မင်းမောင်သည် အနည်းငယ်မူးလာပုံရသော အမေ့မျက်နှာကို သေချာလိုက်ကြည့်နေမိသည်။

SuperStar MinMaung in a Relationship with His ThawWhere stories live. Discover now