Note: School Punishment included
စာသင်ခန်းထဲထင်လိုက်သည့်အခါ ရလာသည့် ဆေးလိပ်နံ့ကြောင့် ရဲထွဋ်အောင် မျက်မှောင်ကြုတ်လိုက်မိသည်။ လပတ်စာမေးပွဲရှိကြောင်း ပြောဖို့ရောက်လာခဲ့ရသည့် အကြောင်းအရင်းက ယခုအခါတော့ ဆေးလိပ်နှင့်ပါ ပတ်သတ်ပြီး ပြောဖို့အကြောင်းဖန်တော့မည်ထင်ပါသည်။
"မင်္ဂလာပါဆရာ"
"မင်္ဂလာပါ"
"ဆရာဒီနေ့စာသင်ဖို့လား"
ဆရာရဲထွဋ်အခန်းထဲဝင်လိုက်သည်နှင့် ကျောင်းသား၊ကျောင်းသူများ၏ နှုတ်ဆက်သံကိုကြားရသည်။ ကျောင်းအုပ်ဖြစ်သော်လည်း အယောက် ၁၀၀ လောက်သာရှိမည့် တစ်ကျောင်းလုံးကကျောင်းသား၊ကျောင်းသူတွေနှင့် ရင်းနှီးသည်ကြောင့် သူစာဝင်သင်မည်ကိုလည်း မစိုးရိမ်ကြ။
"မသင်ပါဘူး"
"အဲ့တာဆို ဘာလာလုပ်တာလဲဆရာ"
"စာမေးပွဲရှိတာပြောမလို့ နဲ့ ပြီးတော့ဆူမလို့"
"ဟာ..."
အယောက်၂၀ရှိသည့် အခန်းထဲမှ ဟာခနဲအသံသည် တညီတညွတ်တည်းထွက်လာသည်။
"ဆိုတော့ ဒီလကုန် စာမေးပွဲရှိပါမယ်၊ တစ်ရက်တစ်ဘာသာနဲ့ ၆ ရက်။ စာမေးပွဲက ရန်ကုန်ကျောင်းကထုတ်မှာ အဲ့တော့ ဘာမေးမလဲဆရာတို့လည်းမသိဘူး"
"ဖောင်ဒါက ဒီမှာကို ဖောင်ဒါမထုတ်ဘူးလား"
မန္တလေးကျောင်းမှ ကျောင်းသား၊ကျောင်းသူများ၏ မကျေမနပ်မေးခွန်းထုတ်သံပင်။
"ဖောင်ဒါကမအားဘူး။ ခုသင်္ချာချိန်တွေဝင်သင်တာရော၊ ကျောင်းအုပ်ချုပ်မှုပိုင်းစီမံရတာတွေရော၊ ကျောင်းခွဲတွေနဲ့ရောက အလုပ်ရှုပ်တယ်။ ဆိုတော့ ပြောချင်တာက မေးချင်တာမေးမှာ ဒါမေမဲ့ မင်းတို့ကတော့ ဖြေချင်တာတွေဖြေမပေးလိုက်ဖို့ပဲ"
"ဘယ်ကနေဘယ်အထိကြည့်ရမှာလဲလောက်တော့ ပြောဉီးလေဆရာရယ်"
"တစ်အုပ်လုံး။ သင်ပြီးတာတွေရော၊မသင်ရသေးတာတွေရော။ အရင်လိုပဲလေ ဘာတွေလာမေး"
အကုန်လုံးသက်ပြင်းသာချလိုက်တော့သည်။ တကယ်ကိုစာမေးပွဲတိုင်းသည် သင်ပြီးသားတွေရော၊မသင်ရသေးတာတွေရောမေးတာကြောင့် သင်ပြီးပြီးမပြီးပြီး တစ်အုပ်လုံးကိုစာမေးပွဲမဖြေခင်ညဆို အပြေးဖတ်ရတာ ပုံမှန်ဖြစ်နေလေပြီ။
YOU ARE READING
My Sweet
Short StoryPunishment Types Collection ❤️ Written in Myanmar Language (Both Zawgyi & Unicode Available )