Unicode
Scroll Down for Zawgyi
Aung Myat Ko, Aung Myat Thu (Brothers)
အိမ်စာတစ်ဘာသာပြီးသည်နှင့် အောင်မြတ်သူ ကျန်နေသည့်သူငယ်ချင်းတွေကိုနှုတ်ဆက်ကာ စာအုပ်တွေသိမ်းပြီး ကျောင်းအောက်သို့တန်းဆင်းလာလိုက်သည်။
အစ်ကိုသည် ပုံမှန်အချိန်သာလာကြိုမှာဖြစ်တာကြောင့် အခုဆို နာရီဝက်လောက်တော့စောင့်လောက်ရလောက်သည်။ အောင်မြတ်သူကျောင်းအပြင်ထွက်လိုက်သည်နှင့် ရပ်နေကျနေရာမှာ ရပ်ထားသည့် ကားအဖြူလေးကိုတွေ့ရသည်။ ထို့ကြောင့် ကားဆီအပြေးလေးသွားကာ အရှေ့ဘက်ထိုင်ခုံတံခါးကိုဖွင့်ပြီးဝင်ထိုင်လိုက်သည်။
အစ်ကိုနဲ့လိုက်နေကတည်းက ကားစီးလျှင် အရှေ့မှာသာစီးတတ်သည်က အောင်မြတ်သူ၏ အကျင့်ဖြစ်သည်။ မိဘတွေကနယ်မှာဖြစ်တာကြောင့် သူ၏ပညာရေးအတွက် ရှေ့နေဖြစ်သည့် သူ့ထက် ၁၀ နှစ်ကြီးသည့် အစ်ကိုနှင့် အတန်းနည်းနည်းကြီးတာနှင့် လိုက်နေစေတာဖြစ်သည်။
မိဘတွေနှင့်နေတုန်းက အငယ်လေးမလို့ တုန်နေအောင်အလိုလိုက်ခံခဲ့ရပေမဲ့ အစ်ကိုကတော့ စည်းစနစ်နှင့်သာထားသည်မလို့ အောင်မြတ်သူသည် တုန်နေအောင်တော့ အလိုလိုက်မခံရတော့။
ခုလည်း ဆေးလိပ်သောက်တာကိုသိထားတော့ဘယ်လောက်တောင်ဒေါသထွက်လိုက်မလဲ။ ကားပေါ်မှာထိုင်ကာ ဘေးမှာကားမောင်းနေသည့်သူကိုလှမ်းကြည့်မိတော့ ဘာမှမပြောသလို မျက်နှာကလည်းဘာအရိပ်အယောင်ကိုမှ အကဲခတ်လို့မရ။ ထို့ကြောင့်သူလည်း ငြိမ်ငြိမ်လေးသာ ကားထိုင်ခုံလေးကိုမှီရင်း လိုက်လာရသည်။ အစ်ကိုတအားဒေါသမထွက်ဖို့လည်း ဆုတောင်းဖို့မမေ့။
*
*
*
"ကိုယ်နဲ့လိုက်ခဲ့"
အိမ်ထဲရောက်သည့်အခါ ပြောလာသည့်အစ်ကိုကြောင့် အောင်မြတ်သူ အစ်ကို့၏အလုပ်ခန်းထဲလိုက်သွားရသည်။ ရှေ့နေဖြစ်သည်ကြောင့် အိမ်၊ခြံ၊မြေ၊ အမွေစသည့် စာချုပ်စာတမ်းတွေဆိုလျှင် အိမ်မှာစာချုပ်လာချုပ်ကြသည့်သူတွေကြောင့် အိမ်တွင်အလုပ်ခန်းသက်သက်ရှိသည်။ သို့သော်အရေးကြီးသည့် စာချုပ်စာတမ်းတွေထားသည့်အခန်းလည်းဖြစ်တာကြောင့် အောင်မြတ်သူကို ဝင်ဖို့မတားထားသော်လည်း သူကတော့ များသောအားဖြင့် တစ်ယောက်တည်းမဝင်ဖြစ်ပါ။ အစ်ကိုကောရှိနေမှသာ ထိုအလုပ်ခန်းထဲစာလုပ်တာမျိုး၊ ဥပဒေနဲ့ပတ်သတ်ပြီးသိချင်တာတွေမေးတာမျိုး၊ စကားပြောတာမျိုးလုပ်တတ်သည်။
YOU ARE READING
My Sweet
Cerita PendekPunishment Types Collection ❤️ Written in Myanmar Language (Both Zawgyi & Unicode Available )