အပိုင်း ၂၀၃ ( Demon Sect Leader 5 )

309 14 2
                                    

ယန်ကျင်းဇီ၏ ခြံဝန်းထဲတွင် သူ ရေချိုးရန်အတွက် အခန်းတစ်ခန်း ရှိသည်။ ရေချိုးကန် တစ်ကန်ရှိရုံသာမက ရေပူ ရေကူးကန် တစ်ကန်လည်း ရှိသည်။ သေချာတာပေါ့၊ မူလပိုင်ရှင်က အများအားဖြင့် ရေချိုးကန်ကိုသာ အသုံးပြုလေ့ရှိသည်။

အစေခံဟာ ရေပူများ ပါသော ရေပုံးတစ်ပုံးကို သယ်လာပြီး ကန်တစ်ကန်လုံးကို အပြည့်ဖြည့်ခဲ့သည်။

နတ်ဆိုးဂိုဏ်း၏ မျက်နှာဖုံးကို ဝတ်ဆင်ပြီး နတ်ဆိုးဂိုဏ်းခေါင်းဆောင်၏ ဝတ်စုံကို ဝတ်ဆင်ထားသော ယန်ရှို့သည် ရေနွေးငွေ့များ ထွက်နေသော ရေချိုးကန်ကို ကြည့်ပြီးနောက် ယန်ကျင်းဇီကို လှမ်းကြည့်သည်။

တကြိမ်တခါက သူ သူ့သခင်ကို ကာကွယ်နေချိန်တွင် သူ့သခင်က သူဟာ ညစ်ပတ်ပြီး အနံ့နံသည်ဟု ပြောခဲ့သောကြောင့် သူသည် ရေချိုးရန် အကြံပြုခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ထိုအချိန်မှစ၍ သူသည် အနားယူသည့်အခါတိုင်း သူ့ကိုယ်သူ သန့်ရှင်းအောင် ဆေးကြောခဲ့သည်။

သို့သော် သူသည် အမြဲတစေ ရေတွင်းထဲမှ ရေပုံးအနည်းငယ်ကို ခပ်ယူကာ သူ့ကိုယ်သူ ပွတ်တိုက်ပြီး ဆေးကြောခဲ့၏။ သူသည် ရေချိုးကန်ကို တစ်ခါမှ အသုံးမပြုဖူးပေ။

ထို့အပြင် သခင်က ရေမချိုးရသေးချေ။ အတိတ်မှ အခြေအနေများအရ သခင်ကလည်း ရေချိုးမည်ဖြစ်သည်။

" အားရှို့၊ မြန်မြန်သွားဆေးကြော။ ငါ မင်းကို ကျောတိုက်ပေးမယ်။ " ယန်ကျင်းဇီ ပြုံးလိုက်သည်။

" ကျင်းဇီ၊ မင်း... " ယန်ရှို့ အနည်းငယ် စိုးရိမ်သွားပြီး သူ တစ်ခုခု ပြောချင်နေမှန်း သိသာသော်ငြား သူ မပြောနိုင်ခဲ့ပေ။

ယန်ကျင်းဇီက ဆက်ပြောသည် : " ငါ မင်း ပြီးသွားမှ ချိုးလိုက်မယ်။ "

ယန်ရှို့သည် အံ့အားသင့်သွားပြီး ဤအခါမှသာ သူသည် သူ့အဝတ်အစားများကို စတင်ချွတ်ခဲ့သည်။

သူ့ခန္ဓာကိုယ်တွင် အဆီမရှိဘဲ မရေမတွက်နိုင်သော အမာရွတ်များသာ ရှိသည်။

တဘက်တစ်ထည်ကို ကိုင်ကာ ယန်ရှို့ကို ရေချိုးပေးရန် သူ့ဝတ်ရုံလက်များကို လိပ်တင်နေသော ယန်ကျင်းဇီသည် မူလက သူ့စိတ်ထဲတွင် ဗရုတ်ကျသော အတွေးများ ရှိခဲ့သည်။ ယန်ရှို့၏ ခန္ဓာကိုယ်ကို ဤသို့မြင်ရသောအခါ ထိုအတွေးများ မရှိတော့ပေ။

ချစ်ခင်ပွန်း ( ဘာသာပြန် ) [ တတိယမြောက် ]Where stories live. Discover now