အခန်း ( ၁ ) - အခြားကောင်းသောကိစ္စများ
" နေ့လယ်စာ အဆင်သင့် ဖြစ်ပါပြီ မဒမ်။ စားတော့မလားဟင်။ "
" အင်း။ "
ဆိုဖာပေါ်ကနေ ဆွဲဆောင်မှုရှိသော ပုံရိပ်လေးတစ်ခု ထလာကာ ပျင်းရိစွာ အကြောဆန့်နေသည်။
လက်မြှောက်လိုက်သဖြင့် သူမရဲ့ ကိုယ်ကြပ်အင်္ကျီလေးက မြောက်တက်သွားကာ သွယ်လျဖြူဝင်းသောခါးလေးနှင့်အတူ နောက်ကျောဘက်က ချစ်စရာ အချိုင့်လေး ( ၂ ) ခုပါ လှစ်ခနဲ ပေါ်လာသည်။
အိမ်အကူ ကောင်မလေးရဲ့ ပါးတွေက ပန်းရောင်ရဲတက်သွားကာ ဆက်မကြည့်ရဲတော့ဘဲ ချက်ချင်း မျက်လွှာချလိုက်သည်။ မဒမ်ရဲ့ အသားက ဖြူကြည်နေတာပဲ။
" သွားကြမယ်။ " ရှန်းတန်က အိမ်နေရင်း ခြေညှပ်ဖိနပ်ပါးလေးကို စီးပြီး လျှောက်သွားလိုက်တော့ ချောမွေ့နေသော စကျင်ကျောက် ကြမ်းပြင်ပေါ်မှာ သူမရဲ့ နူးညံ့သော ခြေသံလေးတွေ ပဲ့တင်ထပ်ကျန်ခဲ့သည်။ သုံးထပ်ကနေ ထမင်းစားခန်းကို ဓာတ်လှေကားဖြင့် ဆင်းသွားလိုက်၏။ သူမရဲ့ အရင်ဘဝတုန်းက ဝယ်စားဖိုဘ မတတ်နိုင်ခဲ့သည့် စားကောင်းသောက်ဖွယ်တွေကို စားပွဲအပြည့် တွေ့လိုက်ရတော့ စိတ်လှုပ်ရှားမှုကြောင့် ငိုမိတော့မလို ဖြစ်သွားသည်။
လွန်ခဲ့တဲ့ သုံးရက်တုန်းကမှ ရှန်းတန် ဒီကမ္ဘာကို ဝိညာဉ်ကူးပြောင်းလာခဲ့တာပင်။
အရင်ဘဝတုန်းက သူမသည် သေမတတ် အလုပ်ကြိုးစားခဲ့သော အမြောက်စာ ဇာတ်ကောင်လေးသာ ဖြစ်သည်။
မျက်လုံးတွေကို ပြန်ဖွင့်ကြည့်လိုက်တော့ သူမကိုယ်သူမ ကော်ဖီဆိုင် တစ်ဆိုင်ထဲမှာ ထိုင်နေတာကို တွေ့လိုက်ရသည်။
သူမနှင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေသော အမျိုးသားက သူ့ရဲ့ ကိုင်းပျောက်မျက်မှန်လေးကို အနည်းငယ် ပင့်တင်လိုက်သည်။ " ဘယ်လို ထင်လဲ မိန်းကလေးရှန်း။ "
ဘာတွေ ဖြစ်နေတာလဲ ... ။
ရှန်းတန် ပြန်ဖြေဖို့ လုပ်နေစဉ်မှာပင် မရင်းနှီးသော မှတ်ညဏ်တွေက သူမခေါင်းထဲ ၀င်ရောက်လာသည်။ ခဏအကြာတွင် လက်ရှိ အခြေအနေကို နားလည်သွားသည်နှင့် သူမရဲ့ အမူအရာကလည်း နားမလည်နိုင်သည့် အမူအရာအဖြစ် ပြောင်းလဲသွားလေသည်။
YOU ARE READING
စီးအီးအိုခင်ပွန်းနဲ့ စာချုပ်အရ လက်ထပ်ပြီးတဲ့နောက် ငါ သိပ်ကို ပျော်ရွှင်သွားတယ်။
RomanceCh-154