Chapter-2

460 53 4
                                    

အခန်း ( ၂ ) - နင်က ပရော်ဖက်ရှင်နယ် CPU မာစတာတစ်ဦးလား

" စာချုပ်ကို ဖျက်သိမ်းမယ် ... ဟုတ်လား။ "

နားနေခန်းထဲမှာ အစ်ကို၀မ်က ရှန်းတန်ကို မျက်လုံး မှေးစင်း၍ ကြည့်ကာ စစ်ဆေးမေးမြန်းနေသလို လေသံဖြင့် ပြောလိုက်သည်။ " ငါ့ကို အမှန်အတိုင်း ပြောနော် တန်တန် ၊ နင် စပွန်ဆာ အသစ် ရှာတွေ့ထားတာလား။ "

" မဟုတ်ပါဘူး။ ဒီတိုင်းပဲ ကျွန်မ ပင်ပန်းလာလို့ ဒီလောကထဲကနေ အနားယူပြီး အိမ်ပြန်တော့မလို့။ " ရှန်းတန်သည် သူမရဲ့ ဖြူစင်သော မျက်လုံးဝိုင်းကြီးများအား ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ဖြေလိုက်သည်။

"အနားယူမယ် ... ၊။ မင်းမှာ အနားယူဖို့ ပိုက်ဆံ အလုံအလောက်ရော ရှိလို့လား။ "

ရှန်းတန် တစ်ယောက် ချက်ကောင်းကို ဓားနှင့် ထိုးစိုက်ခံရသလို ခံစားလိုက်ရသည်။

"အရင်တုန်းက ကိစ္စကြောင့်လား တန်တန်။ နင်လည်း နားလည်သင့်ပါတယ်၊ နာမည်ပျက်နဲ့ လူသိများတာကလည်း လူသိများတာပဲ။ လူ တော်တော်များများက ဒီလမ်းကို လျှောက်ချင်တာတောင် လျှောက်လို့ ရတာ မဟုတ်ဘူး။ အနုပညာလောကမှာ လူတွေ မင်းကို ဝိုင်းပြီး ကဲ့ရဲ့မှာကို ကြောက်ရမှာ မဟုတ်ဘူး၊ မင်းဘက်က လူစိတ်ဝင်စားစရာ ကိစ္စ တစ်ခုမှ မလုပ်နိုင်တော့တာ .. မင်း ဘယ်သူလဲ ဆိုတာကို တစ်ယောက်မှ မသိတော့တာကမှ ကြောက်စရာကောင်းတာ။ အရင်တုန်းက နင်ပဲ ပိုက်ဆံတွေ အများကြီး ရှာချင်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ပြီးတော့ နင့်မောင်နှမတွေရဲ့ ဘ၀ကိုလည်း‌ ထောက်ပံ့ပေးချင်တယ်ဆို။ နင် မေ့နေပြီလား။ "

ရှန်းတန်သည် စိတ်ထဲကနေ အေးစက်စွာ ရယ်မောလိုက်သည်။ မူလပိုင်ရှင်ကလည်း အကို၀မ်ရဲ့ ထိုစကားတွေအောက်မှာ ပုံသွင်းခံခဲ့ရပြီး နားယောင်မိခဲ့တာပင်။

" အမှန်အတိုင်း ပြောရရင် ကျွန်မ လက်ထပ်လိုက်ပြီ။ ကျွန်မခင်ပွန်းက ကျွန်မ ဒီအလုပ် လုပ်နေတာကို သဘောမကျလို့ပါ။ " ရှန်းတန်သည် ပြောရင်း ရှက်ရွံ့နေသလို အမူအရာလေးကိုတောင် ဖန်တီးယူ‌လိုက်သေး၏။

စီးအီးအိုခင်ပွန်းနဲ့ စာချုပ်အရ လက်ထပ်ပြီးတဲ့နောက် ငါ သိပ်ကို ပျော်ရွှင်သွားတယ်။Where stories live. Discover now