Chapter-4

137 18 1
                                    

အခန်း ( ၄ ) - သေလိုက်ပါတော့ဟယ် ၊ ဘာလို့ အဲ့နေရာက ကြီးထွားမလာရတာလဲ။

နောက်တစ်နေ့ ရောက်တော့ ရှန်းတန်သည် နေ့လယ်ရောက်မှ အိပ်ရာထခဲ့သည်။ အစ်မထောင်က အဆီနည်းသော စားကောင်းသောက်ဖွယ်တွေကို ပြင်ဆင်ထားသော်လည်း အရသာရှိလွန်းသောကြောင့် ရှန်းတန်သည် အများကြီး စားမိသွားကာ သူမ လိုချင်သလို ဝိတ်ကျတဲ့ အကျိုးသက်ရောက်မှုကို မရတော့ပေ။

ထို့နောက် သူမ အားကစားဖျာပေါ်မှာ လဲလျောင်းကာ အိပ်ထမတင် လုပ်ရင်း Weibo ကို ဖွင့်လိုက်သည်။ မက်ဆေ့ခ်ျတွေ အများကြီး ဝင်နေတာမို့ အချိန် အတော်ကြာသည်ထိ ဝင်မရဘဲ အဝိုင်းလည်နေသည်။ သူမကို ကျိန်ဆဲထားကြတဲ့ မက်ဆေ့ခ်ျ တချို့ကို မြင်လိုက်တော့ ရှန်းတန် နှုတ်ခမ်းစူလိုက်ကာ ထိုအကောင့်ထဲက ထွက်ပြီး ဘယ်သူမှ မသိတဲ့ အကောင့်လေး တစ်ခုကို ပြန်မှတ်ပုံတင်လိုက်သည်။ ထိုအကောင့်ထဲ ဝင်လိုက်သည်နှင့် ချောချောလှလှ အမျိုးသား ၊ အမျိုးသမီးတွေကို သူမ အရင်ဆုံး မြင်လိုက်ရ၏။

[ အား အား အား အား။ အစ်မရေ ၊ အစ်မက ကျွန်တော့်ကို သတ်နေတာပဲ။ ]

[ အစ်မရဲ့ ခါးသွယ်သွယ်လေးက ပိုးစိုးပက်စက်ကို လှတာဗျာ။ ]

[ ကျွန်တော် တစ်ခု ဝန်ခံစရာ ရှိတယ် အစ်မ။ ကျွန်တော် အရင်တုန်းက ( ၁၉၀ ) စင်တီမီတာ အရပ်ရှိတဲ့ အသားညိုညို အားကစားသမား တစ်ယောက် ဖြစ်ခဲ့ဖူးပေမဲ့ နေမကောင်းဖြစ်သွားတဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေက ကျွန်တော့်ကို အရပ် ( ၁၆၈ ) စင်တီမီတာပဲ ရှိတဲ့ ရည်မွန်ယဉ်ကျေးတဲ့ ကောင်မလေး တစ်ယောက် ဖြစ်သွားစေခဲ့တယ်။ အစ်မ စိတ်ဆိုးလားဟင်။ ]

[ အစ်မတို့ရေ ၊ တစ်ယောက်ယောက်များ နားလည်ကြရဲ့လားဗျာ။ ကျွန်တော့်လိင်တံက သိပ်ကို မာတောင်နေတာ။ ]

ရှန်းတန်ရဲ့ မျက်နှာက သူတို့ ပြောထားတဲ့ စာတွေကို ဖတ်ကြည့်ရင်း စတော်ဘယ်ရီသီးလေးလို နီရဲသွားလျက် အပြည့်အဝ စိတ်‌ကျေနပ်သွားပြီးမှ သူမရဲ့ ဖုန်းလေးကို စိတ်မပါလက်မပါ ဘေးချထားလိုက်လေသည်။

ထိုညီမလေးတွေက လှပလွန်းသည်ဟု သူမ ခံစားရသည်။ ရှန်းတန်သည် သူမရဲ့ စိတ်မကျေနပ်ချင်စရာ ရင်ဘတ်ကို ငုံ့ကြည့်လိုက်မိသည်။ သေလိုက်ပါတော့ဟယ် ၊ ဘာလို့ အဲ့နေရာက ကြီးထွားမလာရတာလဲ။

You've reached the end of published parts.

⏰ Last updated: Nov 11 ⏰

Add this story to your Library to get notified about new parts!

စီးအီးအိုခင်ပွန်းနဲ့ စာချုပ်အရ လက်ထပ်ပြီးတဲ့နောက် ငါ သိပ်ကို ပျော်ရွှင်သွားတယ်။Where stories live. Discover now