Chapter 118

1.7K 188 1
                                    

Unicode

ကုမျန် ထိုစကားကိုကြားလိုက်ရတော့ သူမ နည်းနည်းနားမလည်နိုင်ဖြစ်သွားတယ်။

ချစ်မိသွားတယ်ဆိုတာ တကယ်ကိုနက်နဲတယ်။ သူမကတော့ အခုမှစလေ့လာနေဆဲ လူတစ်ယောက်လိုပင်။

ကုကော်အန်းရဲ့အသံက အရမ်းကျယ်တယ်။ သူမ speaker ဖွင့်မထားပေမယ့် သူ့အသံက ဖုန်းထဲမှာလှိုင်ထနေပြီး လော့ချယ် အကုန်ကြားသွားခဲ့တယ်။

ဘယ်လိုရှင်းပြရမလဲစဉ်းစားရင်း ကုမျန် သူမရဲ့နှုတ်ခမ်းကို ကိုက်လိုက်တယ်။

သူမက လိမ်ရတာကိုမကြိုက်ဘူး။ စကားကို ရှင်းရှင်းပြောရတာပဲကြိုက်ပေမယ့် သူမရဲ့EQ ကလည်း သာမန်လူတွေထက်နိမ့်နေတာမဟုတ်ဘူးလေ။ အမှန်အတိုင်းကြားရတာက နည်းနည်းနာကျင်ရတာပုံမှန်ပဲဆိုတော့ သူမ ဘယ်လိုရှင်းပြရမလဲ။

လော့ချယ်ကလည်း ကုမျန် ရှင်းပြတာကိုမကြားချင်ပါဘူး။ ဘာလို့လဲဆို အမှန်အတိုင်းကြားရတာက သိပ်မကောင်းဘူးလေ။သူက သက်ပြင်းချလိုက်ရင်း သူ့လက်ချောင်းကို ကုမျန်ရဲ့နှုတ်ခမ်းပေါ် ပွတ်ဆွဲလိုက်တယ်။

"ကိုယ်အရင်က ချစ်သူတစ်ယောက်ရဲ့တာဝန် မကျေခဲ့တာကိုသိပါတယ် နောက်ထပ်မဖြစ်စေရဘူး ဟုတ်ပြီလား"

သူအရင်ကသိပ်မကောင်းခဲ့တာမို့လို့ သူမ သူ့ကိုသဘောမကျတော့တာကို သူနားလည်ပါတယ်။

လော့ချယ်အမြင်မှာတော့ ကုမျန်က သူ့ကို သိပ်မကြာခင် သဘောပြန်ကျလာမှာပါ။

ကုမျန် စိတ်လျော့ချလိုက်တယ်။

လော့ချယ်က ကုကော်အန်းပြောခဲ့တဲ့ ချန်းကျစ်ဆိုတဲ့သူကိုတော့ လျစ်လျူရှူမထားခဲ့ဘူး။ ပြီးတော့ ကုကော်အန်းက ပြောခဲ့သေးတယ်၊ ချန်းကျစ်က ကုမျန်ကိုသဘောကျနေသလိုပဲတဲ့။

သူခုနကတည်းက ခံစားနေရတာက မှန်နေတာပဲ။ ချန်းကျစ်က သူ့အတွက် ဖြုံလောက်စရာ ပြိုင်ဘက်ဖြစ်လာပြီ။

ချန်းကျစ်က ချမ်းသာတဲ့ ဒုတိယမျိုးဆက်ဖြစ်ရုံသာမကဘူး ၊သူကိုယ်တိုင်ရဲ့အရည်အချင်းကလည်း မသေးငယ်ဘူး။ သူ့စီးပွားရေးကလည်း တိုးတက်နေဆဲဖြစ်တယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now