Jayhoon ပါနော်
Jay T Hoon B ပါမှောင်မိုက်အတိကျနေပြီး ရွှေများကို နံရံရဲ့ထောင့်စွန်းများပေါ်တွင် ခပ်တောက်တောက်လေး ခြယ်သထားသည့် ပုံရိပ်များကို အလွှတ်ပင်ရတော့မည်ဖြစ်သည်။
ကျယ်၀န်းလှတဲ့ အခန်းတစ်ခန်းတွင် အားများပင်မရှိတော့ပဲ ခန္ဓာကိုယ်ပေါ်မှာရှိသည့် အ၀တ်အစားများမှာလည်း ဟိုတစ်ကွက်ပြဲ ဒီတစ်ကွက်ပြဲနဲ့ ဖရိုဖရဲဖြစ်နေသည်မှာ အလွန်နာကြင်နေပုံပေါ်သည်။
ကောင်လေးရဲ့ ဖြူဖွေးလွန်းလှတဲ့ ခြေချင်း၀က်မှာလည်း ခိုင်ခံ့မာကျောသော သံကြိုးများဖြင့် ချည်နှောင်ထားသည်မှာ ထိုကောင်လေး ထွက်မပြေးနိုင်ရန်အတွက်ကြောင့်ပင်ဖြစ်ပေမည်။
ခန္ဓာကိုယ်မှာ ရစရာမရှိအောင်ပင် သွေးများပေပွနေပြီး ဖြူဖွေးနေသည့် လည်တိုင်တစ်လျှောက် သစ္စာဖောက်စွာတည်ရှိနေသည့် နီညိုရောင်ဖျော့ဖျော့အကွက်လေးများ ဟိုတစ်ကွက်ဒီတစ်ကွက် အတိုင်းသားရှိနေသည်။
နီဆွေးကာရှိနေသည့် နှုတ်ခမ်းလွှာမှာလည်း ကွဲအစ်နေပြီဖြစ်သည်။ ဖြူဖွေးနေသည့် မျက်နှာပြင်ပေါ်တွင် အရေကြောင်းနှစ်ကြောင်းကို ကြည့်လျှင် ထိုကောင်လေး အချိန်အတော်ကြာကြာငိုထားပုံပေါ်သည်။
ထွက်ပြေးချင်သော်လည်း ခြေချင်း၀က်ကသံကြိုးများကြောင့် ပြေး၍မရပေ။ အကြိမ်ကြိမ်ကြိုးစားသော်လည်း ခြေချင်း၀က်မှာ အနာတရ ရရုံသာ အဖတ်တင်သည်။
သူအရမ်း၀မ်းနည်းသည်..
ဒီလိုဘ၀မျိုးမှာ အသက်ရှင်ရတာထက် သေသွားတာကိုက ပိုကောင်းသည်မလား.. လုပ်ချင်တာလုပ်ကြေးဆိုရော လုပ်ပြီးတာကြာရောပေါ့.. ထိုလူယုတ်မာက သေခွင့်ပေးရောလား..ဒီလိုနေလာတဲ့တစ်လျှောက် သူ့ကိုဒီလိုဖြစ်အောင် လုပ်ထားသည့် ရိုးသားဖြောင့်မတ်ချင်ယောင်ဆောင်ထားတဲ့ ကောင်လေးတစ်ယောက်ကြောင့်ပင်ဖြစ်လေသည်။
အဖြစ်အပျက်က နှစ်အနည်းငယ်ကြာသွားပြီဖြစ်သောလည်း ထိုကောင်လေးရဲ့ အပြုံးတို့ကို ပြန်မြင်ယောင်နေဆဲ..
ကိုယ်ရဲ့ အယုံလွယ်သည့်စိတ်ကိုသာ အပြစ်တင်ရမည်။ မုန်းသည်ဟုဆိုလျှင်လည်း မမုန်းနိုင် ချစ်မိနေပြီးသားဖြစ်နေသည်ကိုး..