👀မထင်မမှတ်ထားသည့် ဖြစ်ရပ်👀

1.1K 32 0
                                    

Jayhoon
Jay T
Hoon B

မထင်မမှတ်ထားသည့် ဖြစ်ရပ်

လွန်ခဲ့တဲ့အပတ် ပိတ်ရက်တစ်ရက်တွင် ကျွန်တော် ဦးလေးဆီက ကြောင်ဖြူလေးတစ်ကောင်ရခဲ့သည်။

ကျွန်တော် အဲ့လိုအမွေးပွတိရစ္ဆာန်တွေနှင့် အလက်ဂျီရှိသည်ကိုလည်း သိပါရဲ့နဲ့ မွေးချင်သပါ့ဆိုလျှင်လည်း ဦးလေးပဲ မွေးစားလိုက်တာမဟုတ်ဘူး သူ့သမီးကလည်း ကြောင်ချစ်သူပဲကို ပြောကိုမပြောချင်ပါဘူး

ကျွန်တော်လည်း ဒီကြောင်ဖြူကို တိရစ္ဆာန်ထိန်းသိမ်းရေးစင်တာကို ပို့တာခဏခဏရှိနေပါပြီ
ဘယ်လိုလုပ်ပြန်ရောက်လာမှန်းကို မသိတော့ပေ။

ပို့ပြီးတာဖြင့်မကြာသေး လမ်းတစ်၀က်မှာတင် ပြန်ရောက်လာသည်။
ထို့ကြောင့် မတက်နိုင်တော့ပဲ မွေးစားလိုက်တာ တစ်ပတ်ရှိသွားပြီဖြစ်သည်။

အလက်ဂျီရှိသောကြောင့် အိမ်ကို ပုံမှန်ထက် ပိုသန့်ရှင်းနေအောင်ထားရတော့သည်။

ဒီကြောင်ကတော့ ဖွဖို့ကြီးပဲသိနေတော့သည်။ ခဏခဏရှင်းနေရသည့် ဒီလူသားကြီးကိုလည်း သနားပါအုန်းလို့ပြောချင်မိသည်။

တစ်ခါတစ်လေကျတော့ စိတ်ကောက်သည်ဆိုသည့်ပုံစံဖြင့် ငြိမ်ကုတ်နေတက်ပြန်သည်။

စိတ်များကောက်သွားတာလားဆိုပြီး တွေးပူရသည်လည်း သူပါပဲ.. စိတ်ကောက်ရင်တောင် ကြောင်ပဲဟာ ဘယ်လိုပြန်ချော့ရမှာလဲ မဟုတ်ရင် တစ်မြောင်မြောင်နဲ့အော်ပြီး ချော့ရမှာလား။

ကျောင်းတစ်ဖက် အလုပ်တစ်ဖက် ကြောင်တစ်ဖက်နဲ့ဆိုတော့ အလုပ်တော်တော်လေး ရှုပ်သွားရသည်။

ပိတ်ရက်မှာဆိုလျှင် ကြောင်လေးသည် အဖော်ပြုပေးသောကြောင့် အထီးကျန်နေသလို မခံစားရတော့ပေ။

မိဘတွေ ကားမတော်တဆကြောင့် သူ့ဘ၀ထဲက ထွက်သွားခဲ့ကြပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ရတဲ့အချိန်တုန်းဆိုလျှင် ဦးလေးတစ်ယောက်ကသာ ကျွန်တော့်ပေါ် စိတ်ရင်းမှန်နှင့် အဖော်ပြုပြီး အားပေးနေခဲ့သည်။

ကျွန်တော့်ကိုလည်း အဖော်ရဖို့ရာ ကြင်ဖက်လည်း ခဏ"တွေ့ခိုင်းနေသည်။ ကျွန်တော်လည်း အကြိမ်"ငြင်းနေခဲ့သည်။

Dark Collection 🌚 Enhypen (ရပ်နား)Where stories live. Discover now