Finale

1.2K 132 6
                                    

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကြောင့် ဆောနူမှာ မအားရအောင် စာကြည့်ချိန်အပြည့်နှင့် လုံးပန်းနေခဲ့ရသည် ။

ဆောင်းဟွန်းက ကြိုပြောထားသည့်အတိုင်း သူ့အိမ်ကို ရောက်မလာနိုင်တော့ပေ ။ သို့ပေမဲ့ ညဘက်တွေတော့ နေ့တိုင်း ဖုန်းပြောဖြစ်ကြသည် ။

အချင်းချင်း ခံစားချက်ကို နားလည်ပြီးသည့် နေ့ကလည်းက သူတို့ အပြင်မှာထပ်မတွေ့ဖြစ်ကြသည်မို့ သတိရစိတ်ကလည်း မီးတောက်လို လောင်မြိုက်နေလျက် ။

ဆောနူက လွမ်းသည့်အကြောင်း ပြောမိသည်နှင့် ဆောင်းဟွန်းမှာ အပြေးသွားတွေ့ပြီး ဆောနူ၏ ကိုယ်လုံးလေးကိုပွေ့ဖက်ထားချင်စိတ်ကို ထိန်းမရနိုင်အောင်ဖြစ်ရသည် ။

စာမေးပွဲတွေပြီးသည်နှင့် ချက်ချင်းတွေ့ကြမည့်အကြောင်းကိုလည်း ဆောင်းဟွန်းက ကတိအထပ်ထပ်ပေး၏ ။

ဆောနူသည်လည်း လွမ်းသည့်စိတ်က နှလုံးသားကိုပင် စူးအောင့်လာသည်အထိ ခံစားနေရသည်မို့ ဆောင်းဟွန်းကို စောင့်မျှော်နေမိသည် ။

သို့ပေမဲ့...

ဆောနူ မသိခဲ့သည်က ဆောင်းဟွန်းက ကတိတည်နိုင်လိမ့်မည်မဟုတ်ဆိုတာကိုပါပဲ ။

ဝင်ခွင့်စာမေးပွဲပြီးဆုံး၍ အားလပ်ရက်ရှည်တွေကို ကျော်လွန်လာသည့်တိုင် ဆောင်းဟွန်းက သူ့ဆီရောက်မလာခဲ့ပေ ။

ဆောနူမှာ ရင်တွေပူရလွန်း၍ ရူးတော့မတတ် ။

အဆိုးဆုံးအချက်က ဆောင်းဟွန်းသူ့ဆီ ခေါ်ဆိုနေကျ ဖုန်းနံပါတ်ကပါ ဆက်သွယ်မှုဧရိယာပြင်ပရောက်နေတာဖြစ်သည် ။

ဆောနူမှာ ထိုဖုန်းနံပါတ်ကလေးကလွဲ၍ ဆောင်းဟွန်းကို ဆက်သွယ်နိုင်မည့်အရာမရှိပေ ။ ညတိုင်း ဆက်သွယ်မရနိုင်သည့် ဖုန်းနံပါတ်ကိုသာ ခေါ်ဆိုရင်း ဆောနူ မျက်ရည်တွေက ခေါင်းအုံးစွပ်ပေါ် တိတ်တဆိတ်စိမ့်ဝင်ရသည် ။

ပတ်ခ်ဆောင်းဟွန်းက သူ့ကို ထားသွားမှာမဟုတ်ဟု ကိုယ့်ဘာသာအားပေးလျက် ရှင်သန်ရသည့် ဆောနူ၏ နေ့ရက်တွေက ခက်ခဲလာသည် ။

အချိန်တွေက လျင်မြန်စွာ ကုန်လွန်သွားပြီး တက္ကသိုလ်တက်ရမည့် နေ့ရက်တွေပင် စောစီးစွာ ရောက်လာခဲ့သည် ။

Hug Me Until Dawn | SunSun |Where stories live. Discover now