Unicode
လော့ကျစ်ယွီက နောက်ဆုံးမှာ သူ့စကားကို အဆုံးသတ်လိုက်တယ်။
"ပြောရရင် မင်းက ဒီshowအတွက် အကဲဖြတ်ဒိုင်လုပ်ဖို့ မသင့်တော်ဘူး တကယ်လို့ အဲ့မှာ ကုမျန်ရှိနေခဲ့ရင် မင်းရဲ့ ပရော်ဖက်ရှင်နယ်ဆန်ရမယ့် ဆုံးဖြတ်ချက်တွေက နှောင့်ယှက်ခံရပြီး မင်းပဲ နာမည်ကျသွားမှာ"
လော့ချယ်က အဲ့ဒါက ဘာမှမဟုတ်သလိုမျိုးပြုံးပြီး မျက်တောင်ခတ်လိုက်တယ်။
"ဒါဆို မင်းက ဘာကို အကြံပေးချင်တာလဲ"
သူနဲ့ကုမျန်တွဲနေတာ လပေါင်းများစွာကြာနေပြီ ။ ဒါပေမယ့် အသေအချာပြောရမယ်ဆိုရင် ဒီနေ့မှသာ dateဖြစ်ကြတာ ။ ဒီအဆင့်မှာ သူ ဘာပြဿနာမှမဖြစ်စေချင်ဘူး။
သူက ကုမျန်ကိုသာ အရမ်းအရေးပေးနေပြီး အဲ့ဒါက show ရဲ့ recordingကို ထိခိုက်စေခဲ့ရင် သူတို့နှစ်ယောက်ကို သူ့ဖန်တွေ လက်ခံလာဖို့နေနေသာသာ အကုန်ပေါက်ကွဲသွားကြလိမ့်မယ် ။
လော့ကျစ်ယွီ ပုခုံးတွန့်လိုက်တယ်။ လော့ချယ်က ကုမျန်နဲ့အတူရှိဖို့အတွေးကို လက်မလျော့သေးတာတွေ့ရတော့ သူပြောလိုက်တယ်။
"ငါ မင်းအတွက် တစ်ခုခုစဉ်းစားပေးပါ့မယ်ကွာ"
"ဟုတ်ပြီ"
အဲ့ဒီကိစ္စကိုပြောပြီးတော့ လော့ကျစ်ယွီက ခါးသီးစွာပြုံးလိုက်တယ်။
"မင်းရဲ့ဝမ်းကွဲနဲ့အေးဂျင့်တစ်ယောက်အနေနဲ့ ရိုးရိုးသားသား အကြံပေးရရင် ဒီည ငါနဲ့လိုက်သောက်လှည့်"
လော့ချယ် စိတ်သက်သာရာရသွားတယ်။ လော့ကျစ်ယွီက အေးဆေးလုပ်နေလို့ အဆင်ပြေနေတယ်ထင်ရပေမယ့် သူနဲ့ ထန်ရှောင်းလီနဲ့က ရှစ်နှစ်လောက်အတူရှိခဲ့ကြတာပင်။ လမ်းခွဲပြီးနောက် သူဘယ်လိုလုပ် အဆင်ပြေနေမှာလဲ။
တစ်ချို့လူတွေအတွက် အပြင်မှာ အဆင်ပြေနေပေမယ့် ရင်ထဲမှာတော့ အသေအလဲခံစားနေကြရတာဖြစ်တယ်။
လော့ကျစ်ယွီက သူနဲ့အတူသောက်ချင်နေတာကောင်းတာပဲ ။ အဲ့ဒါက သူလက်လွှတ်လိုက်ဖို့ စိတ်ကူးနေတယ်လို့ ပြောနေတာပင်။
YOU ARE READING
ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်
RandomStatus in COO : 253 chapters (complete)