part 3

249 10 1
                                    

Unicode

အုံ့မှိုင်းရီဝေသောကောင်းကင်ကြီးအောက်တွင် သူသည် မုန်တိုင်းတိုက်ပြီးနောက် ပျော့ခွေယိုင်လဲနေသော ပေါင်းပင်များကဲ့သို့ပင် ဒူးထောက်ထားသည့် အနေအထားအတိုင်း ဆက်လက်နေနေဆဲ ဖြစ်ပြီး သူ၏ကြွက်သားများနှင့် အရေခွံများကို ဆွဲဆုတ်ခံထားရကာ ဝိညာဉ်ပင်ပျောက်ဆုံးသွားသကဲ့သို့ခံစားနေရသည်။

သွေးများဖြင့် ပြည့်နှက်နေသော သူ့ခေါင်းကို အောက်သို့ငုံ့ကြည့်ခဲ့သည်။

သူဟာမြေပြင်ပေါ်တွင် ဒူးထောက်လျက်၊ပခုံးများလည်း ကုန်းကွေးလျက်ပင်။

သို့သော် သူ့ကျောရိုးကတော့ ဖြောင့်တန်းနေပါသေးသည်။

ဒီအတိုင်းပဲ အချိန်အကြာကြီး မလှုပ်ရှားနိုင်ဘဲ အဲဒီနေရာမှာ ရပ်နေခဲ့သည်။

“ညီမနီကျား မင်းက အရမ်းတော်တယ်။ မင်းက ဒီကောင်ကို ဒူးနဲ့ ကန်လိုက်တာ။” ရှောင်းခိုင်မင်းက ဘီယာတစ်ပုလင်းကို မြှောက်လိုက်ပြီး “Cheers!”ဟုနီကျားနှင့် ခွက်ချင်းတိုက်လိုက်သည်။

'မဟုတ်ရင် ချန်ကျင်းရှန်းက ဒီနေ့ ဒူးထောက်မှာ မဟုတ်တာ သေချာတယ်။ သူ့စီကတောင်းပန်တဲ့စကားထွက်ဖို့က တော်တော်ခက်တယ်”

ရှောင်းခိုင်မင်းသည် စိတ်သက်သာရာရပြီး လန်းဆန်းသွားသည်။ မနက်ဖြန်တွင် ချန်ကျင်းရှန်းသည် သူ့ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ကြောင်း တစ်တန်းလုံး သိကြမည်ဖြစ်သည်။ ဒါက သူ့ကို ရန်ဆခြင်း၏ ရလဒ်ပဲ။

ရှောင်းခိုင်မင်းသည် အလွန်ဂုဏ်ယူမိပါသည်။

ရှောင်းကျစ်ချန်းသည် အလွန်ကျေနပ်နေပြီး နီကျားကို သူတို့၏ညီမအဖြစ် အသိအမှတ်ပြုခဲ့သည်။

ဒါဘာကိုဆိုလိုတာပါလဲ? ဟူတ်ပါသည်။ဤလူဆိုးများကြားတွင် နီကျားသည် စီနီယာရာထူး တိုးသွားပါသည်။

သူမ အရှက်မဲ့စွာ မျက်နှာပြောင်တိုက်စွာဖြင့် “အစ်ကိုကြီး ချန်။"ဟုခေါ်ခဲ့သည်။အခုသူဟာ သူမ၏အစ်ကိုကြီးဖြစ်လာပါပြီ။

အဲဒီပြောင်းလာတဲ့ကျောင်းသားသစ်ကို ကျေးဇူးတင်ရမည်။

သူမ အေးအေးဆေးဆေးဖြင့် ပုလင်းတစ်ဝက်ကို တစ်ချက်တည်းနှင့် မော့သောက်လိုက်သည်။

💋အချစ်ကြမ်းကြမ်း💋(XS)Where stories live. Discover now