Unicode
နီကျားတစ်ယောက်အတန်းတစ်တန်းကို ပြန်လည်ရောက်ရှိလာခဲ့သည်။
သူမ၏အသက်အရွယ်မှာရှိနေတဲ့ သူတော်တော်များများတွင်မူ အချို့က တက္ကသိုလ်ဝင်ခွင့်စာများ လက်ခံရရှိပြီး မတူညီသော မြို့နယ်များသို့ သွားရောက်ကြကုန်ပြီ။အချို့မှာမူ လူ့ဘောင်လောကကြီးတွင် ဝင်ဆံ့ရန်နှင့် မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်ရန် ရုန်းကန်လှုပ်ရှားနေကြပြီ။
သူမတစ်ယောက်ထဲပင်၊ ဟုတ်ပါသည်သူမတစ်ယောက်ထဲသာလျှင် ဒီနေရာမှာ ရှိနေတုန်းပါပဲ။
သူမနှင့်ရင်းနှီးလွန်းလှသော အရင်ကဝန်းကျင်လေးဟာ ပျက်သုဉ်းပျောက်ကွယ်သွားပြီးတော့ မရင်းနှီးသောမျက်နှာစိမ်းများနှင့်သာ ဝန်းရံခံလိုက်ရပါသည်။
နီကျားလို့ပြောလိုက်တာနဲ့ လူတိုင်းချက်ချင်းသိကြတဲ့ အမှတ်(၆) အလယ်တန်းကျောင်းလေးဟာ အခုတော့ ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုများနဲ့ ပျော်မွေ့နေသောလူတစ်စုနှင့် အစားထိုးခံလိုက်ရသလိုပါပဲ။
သူမနှင့် သူမ၏အဓိပ္ပါယ်မဲ့သောငယ်ရွယ်မှုလေးသည် နောက်ဆုံးတွင် လေပြင်းတိုက်ခတ်တဲ့အကြား လေချွန်သံကလေးကဲ့သိုပင် ပြောင်းလဲသွားကာ မည်သူမျှပင်သိလိမ့်မည်မဟုတ်ပါလော။
ကမ္ဘာပေါ်တွင် လူငယ်တော်တော်များများသည် အရည်အချင်းရှိပြီး ဖျက်လတ်သွက်လက်လက်ကာ အလွန့်အလွန်တော်ကြပါသည်ဟု ဆိုကြသော်လည်း ထိုလူတော်တော်များသည်ပင် ဤကမ္ဘာကြီးတွင် အသက်ကြီးရင်းပင် သေဆုံးသွားကြရလေသည်။
........................
နီကျားဟာ ရက်သတ္တပတ်လုံးကိုအတန်းသစ်မာ ကုန်ဆုံးခဲ့ပြီးတော့ သူမအနီးအနားက သူများကိုလည်း စကားအနည်းငယ်သာ ပြောခဲ့ပါသည်။
စာသင်ခန်းထဲမှ မိန်းကလေးများအားလုံးတွင် သူတို့၏ကိုယ်ပိုင်အဝိုင်းအဖွဲ့ငယ်လေးများ ရှိကြသည်။သူမသည်ပင် အပြင်လူတစ်ယောက်ကဲ့ဖြစ်၍ လူအများနှင့် သင့်တင့်လျှောက်ပတ်အောင် ပြောဆိုဆက်ဆံလိုစိတ်ပင်မရှိပါ။
သူမသည် ကမ္ဘာပေါ်ရှိလူသားတိုင်းကိုပင် ညီအကိုမောင်နှမသဖွယ် ဆက်ဆံလိုသောစိတ်ဓာတ်အား ဆုံရှုံးသွားခဲ့သည်မှာ ကြာခဲ့ပါပြီ။