ဒီရှေ့တပတ်လုံး အန်တီ အလုပ်တွေတအားရှုပ်နေသည် တခါတလေဆိုလည်း အိမ်ကိုညဉ့်နက်မှပြန်လာပြီး မနက်ဆိုစောစောထွက်သွားတတ်တော့ နှောင်းနဲ့ မဆုံဖြစ်ကြတာပင် ၃ ၄ ရက်ရှိပြီဖြစ်သည် ဖုန်းတော့အမြဲဆက်သွယ်ဖြစ်ပေမယ့် အလုပ်မအားတာကြောင့် ခနသာပြောဖြစ်သည် နှောင်းလည်း အန်တီအလုပ်လုပ်ရတာအနှောင့်အယှက်ဖြစ်မှာ စိုးရိမ်လို့သိပ်မကပ်ဖြစ်ပေမယ့် တကယ်တမ်းကျ နှောင်းခုလိုမျိုးနေရတာမပျော်ပါ မနက်စာ နေ့လည်စာ ညစာ တစ်ယောက်တည်းစားနေရတာ ရက်ဆက်လာတော့ အထီးကျန်လာသည် ကျောင်းလည်း အန်တီကအကြိုအပိူ့မလုပ်ပေးဖြစ် driver နဲ့သာသွားနေရသည်။ ပိုဆိုရးသည်ကတော့ အန်တီနဲ့အလုပ်တူတူတွဲလုပ်နေရသည့် ဦးကျော်နိုင်ဆိုသူပင် ထိုလူကြီးသည် အန်တီ့ကို ကျောင်းတုန်းတည်းက အသည်းသန်လိုက်ခဲ့သူဖြစ်ပြီး အန်တီနှောင်းနဲ့လက်ထပ်ပြီးမှ အသည်းကွဲသလိုလိုဘာလိုလိုနဲ့ နိုင်ငံခြားထွက်သွားပြီး ခုမှအလုပ်တူတူပူးပေါင်းလုပ်ဖို့ပြန်ရောက်လာသူဖြစ်သည်။ အန်တီကလည်း ငယ်သူငယ်ချင်းဆိုတော့ အတူတူလုပ်ကိုင်ကြသည် သူတို့အလုပ်ကိစ္စတွေ ချိန်းထားကြရင်း ထမင်းလည်း တူတူစားဖြစ်ကြမှာကိုသိနေတော့ အလိုလိုသဝန်တိုပြီး သိမ်ငယ်စိတ်ဝင်မိသည် ထိုချိန်မျိုးဆို နှောင်းကအန်တီ့အလုပ်အတွက် ဘာမှအသုံးမဝင်သလို ကူညီလည်းမပေးနိုင်ဘူးလေ ဒီနေ့ည ပွဲတပွဲရှိတယ် အရင်ကဆို လူရှုပ်တဲ့နေရာမျိုးတွေ အဲ့လိုစီးပွါးရေးလုပ်ငန်းရှင်တွေကြားစိတ်ရှုပ်လို့ အန်တီနဲ့တူတူလိုက်မတက်ဖြစ်ပေမယ့် ခုတော့ ဟိုလူလည်း တက်မှာဆိုတော့ အန်တီ့ကိုစိတ်မချလို့ တူတူလိုက်တက်ဖို့ပြောတော့ အန်တီကလည်းသဘောတူသည် သို့သော် အန်တီကမအားတော့ ဝတ်ဖို့အဝတ်အစားမိတ်ကပ်ကအစ ကိုယ့်ဘာကိုပဲပြင်ဆင်လိုက်ရသည် အန်တီကလည်း သူ့ဘာသူဘယ်လိုပြင်ဆင်ထားလဲမသိပါ ဒီလိုနဲ့ပွဲနေ့ ပွဲထဲဝင်လာတာနဲ့ အကုန်လုံးရဲ့အကြည့်ကအန်တီနဲ့ နှောင်းဆီမှာပင် အရမ်းကိုထူးချွန်ထက်မြတ်တဲ့လုပ်ငန်းပိုင်ရှင်ဖြစ်တဲ့အပြင် မိန်းကလေးချင်းလက်ထပ်ပြီး ပထမဆုံးစုံတွဲလိုက်ပွဲတက်တာဆိုတော့ စိတ်ဝင်စားကြသည်လေ တူတူသာပွဲတက်လာပေမယ့် အန်တီ့ကိုထိုလူကြီးကလုပ်ငန်းရှင်တွေနဲ့စကားပြောဖို့ခေါ်သွားတော့ နှောင်းတစ်ယောက်တည်းကျန်ခဲ့သည် သူတို့နှစ်ယောက်ကတော့ အုပ်စုလိုက်စကားတွေပြောပြီး ရယ်မောနေကြတာ အန်တီကနှောင်းဖက်ကိုတော့ လှည့်မကြည့်ပေ မသိရင်သူတို့နှစ်ယောက်ပဲစုံတွဲလိုက်တက်လာသလိုပါပဲ နှောင်း ငိုချင်လာမိသည် ထိုပွဲတည်းကပင်ထွက်ပြေးသွားချင်မိသည် ထိုချိန် နှောင်း လာချပေးသည့် ဝိုင်ပြင်းတစ်ခွက်ကိုယူပြီး အကုန်မော့ချလိုက်တော့သည် ပထမဆုံးသောက်ဖူးတာဆိုတော့ အစပိုင်းတော့ ဘာမှမဖြစ်သေးပေမယ့် တဖြည်းဖြည်း ရီဝေဝေဖြစ်ပြီး မူးလာကာ စားပွဲပေါ်ပင် မှောက်ချသွားသည် ထိုအရာကိုမြင်ပြီး ပွဲထဲမှလူတစ်ယောက်က အန်တီ့ကိုသွားပြောတော့ အန်တီကချက်ချင်းရောက်လာပြီး ကားထဲတွဲခေါ်ကာ အိမ်ပြန်လာခဲ့လိုက်တော့သည် အိမ်ရောက်တာနဲ့ အခန်းထဲဆွဲဆောင့်ခေါ်သွားတော့ အမူးပင်ပြေချင်သွားသည်
YOU ARE READING
နှောင်းရဲ့အန်တီ🔞🔞
RomanceGirlsex 21+ ဖြစ်လို့ ကလေးတွေကျော်သွားကြပါနော် ဝင်ဖတ်ချင်ရင်လည်းသဘောပါနော်🌚