Chapter 20.အသစ်ပြန်လည်စတင်ခြင်း (part 2)

49 3 0
                                    

မနက်ခင်းနေရောင်ခြည်နွေးနွေးသည် မေပယ်ရွက်များကြားမှ ထိုးဖောက်ကာ ပြတင်းပေါက်အတွင်းသို့ ​ဖြာကျလာသည်။

ဖြူလွလွလိုက်ကာစများသည် တိမ်လွှာဖြူဖြူကဲ့သို့ပင် အိပ်ခန်း၏ ရှင်းလင်းသေသပ်မှု့ကို ပေါ်လွင်စေသည်။

နှင်းကဲ့သို့ဖြူဝင်းတောက်ပနေသော အသားအရည်သည် လွန်ခဲ့သော နှစ်တွေထက် ပိုကြည့်ကောင်းလာသည်။ ချစ်စရာကောင်းမှုပါးပါးသည်  ခန့်ငြားပြေပြစ်သော မျက်နှာလှလှတွင် အစဥ်တည်ရှိတတ်သေး၏။

နူးညံစွာအနားယူနေသော မျက်ဝန်းစပ်တွင်
ပုလဲလုံးအချို့ စီးဆင်းလာခဲ့သည်။

နောက်ဆုံးပေးခဲ့သော အနမ်း....
ထိုနူတ်ခမ်းပါးနွေးနွေးများ....
အရာရာသည်
ဝေဝါးစွာပင်

2026 Jun 18

Matthew နိုးလာခဲ့သည်  မျက်ရည်စများကို
သုတ်ပစ်ရင်း နေ့စဥ်မက်နေသည့် ထိုအိမ်မက်
မနက်နိုးလာတိုင်း ပုံမှန်သုတ်နေရသည့် မျက်ရည်များ
နုလုံးသားသည် အမြဲတမ်း ဗလာဖြစ်နေသည့် ခံစားချက်ပင်~~

တောက်ပနေသော နေရောင်သည်
ပုလဲလုံးများကဲ့သို့ လှပနေသည်

ဒါက တကယ့်စိတ်ချမ်းသာစရာနေ့ဘဲ ဟု တွေးလိုက်ရင်း ရေချိုးရန် ပြင်ဆင်တော့သည်

မားမားတို့ကတော့ ပုံမှန်အတိုင်း

မနက်စာ ဝိုင်းတွင် သူ့ကို စောင့်နေပေ၏။

Matthew's Mom"သားချူးလေး နိုးပီလား
လာ သားအကြိုက်တွေ ပြင်ပေးထားတယ် "

Matthew-''ဟီး မားမီက အကောင်းဆုံးဘဲ မွ "

Matthew's mom-
"သားသား မားမားနဲ့ပါးပါးက
သားမမတို့အတွက် အိမ်သွားကြည့်မှာ
မင်္ဂလာခန်းမ ကိစ္စက သားသားကို အားကိုး လိုက်ပီနော် ''

Matthew-
''စိတ်ချပါ မားမားရဲ့ ဒါနဲ့
နူးနားကကော...''

Matthew's mom-
''မနက်ကဘဲ Andrew လာခေါ်သွားတာ သားသားရဲ့ ''

Matthew -
''လွန်ပါတယ်ဗျာ
ခုကတည်းက မမကို အလုခံနေရပြီ..ဟွင်းးးး''

Matthew's mom-
''သားသားရယ် ခုတော့ အူတိုတတ်နေပြီပေါ့ ''ဟု မားမားက ကားသော့ကို ယူရင်း မတ်ချူးပါးမို့မို့သို့ အနမ်းထပ်ပေးကာ နှစ်သိမ့်၏။

My FanboyWhere stories live. Discover now