Part - 1

146 26 2
                                    

*BREAKING NEWS!

နာမည်ကျော် Model & Designer တစ်ဦးဖြစ်သူ Choi Yeonjun နှင့် သူ့ရည်းစားဖြစ်ပုံရသော ကောင်လေးတစ်ဦးကို Choi Yeonjun ၏ အိမ်ရှေ့တွင် ပွေ့ဖက်လျက်အနေအထားဖြင့် တွေ့ရှိ..။

Choi Yeonjun နှင့်အတူတွေ့ရသောကောင်လေးမှာ မျက်နှာပါမချန် တစ်ကိုယ်လုံးအကာအကွယ်အပြည့်ဝတ်ထားပါ၍ မည်သူမှန်းခန့်မှန်း၍မရ..။*

'အဲ့ဟာ Choi Soobin နဲ့မတူဘူးလား... အဲ့လောက်အရပ်ရှည်ပြီး ခန္ဓာကိုယ်က အဲ့ဒီလိုမျိုးက ငါတို့ Soobin ပဲရှိတာမဟုတ်လား'

'ဟယ် နောက်ကျောပဲမြင်ရတာ နင်ဘယ်လိုလုပ်သိတာလဲ... မဖြစ်နိုင်တာ ဟိုတစ်လောကတင် ငါ Yeonjun နဲ့ Yubin အတူတူ မုန့်စားနေကြတာတွေ့လိုက်တာ အဲ့ဒါ Actor Yubin ပဲဖြစ်မှာ... သူတို့ကအရမ်းလိုက်တယ်မထင်ဘူးလား... အားး ငါ့ရဲ့ new ship လေး Yeonbin!!'

'ရား ရား ပေါက်ကရတွေ Yubin နဲ့က သူငယ်ချင်းတွေလေ... Yeonbin ချင်းတူပေမဲ့ ငါကတော့ Yeonjun နဲ့ Soobin ပဲနော်... သူတို့ကမှ အတည်လိုက်ဖက်တာဟဲ့ ဟိုတစ်ခါ Dior ပွဲမှာ အတူယှဉ်ရပ်နေတာမြင်လိုက်တာ တကယ်ကို အတွဲတွေအတိုင်းပဲ... Size Difference ကအစလေ အသည်းယားစရာနဲ့ အလိုက်ဖက်ဆုံး... ပြီးတော့ သူတို့ရဲ့ interaction တွေကိုကြည့်လိုက်တိုင်း ရင်ထဲတလှပ်လှပ်ဖြစ်ရတယ်... Yeonjun လိုလှလှလေးက အလန်းစား Soobin နဲ့အလိုက်ဆုံး... Choi Yeonjun က Choi Soobin နဲ့ကြိုက်နေကြတာပါဟာ'

'မဖြစ်နိုင်တာတွေပါဟယ် Go Yubin နဲ့မှပိုလိုက်ဖက်တာပါဟယ် Choi Soobin နဲ့အတူရှိတာမျိုးသိပ်မတွေ့ရပေမဲ့ Yubin နဲ့ကအမြဲလိုလိုတတွဲတွဲလေ သူငယ်ချင်းလေးရေ'

Yeonjun မှာ ရုတ်တရက်ကြီးတက်လာသော Article ကို Go Yubin လာပြ၍ ဖတ်နေရင်းမှ စိတ်ဝင်စားသွား၍ Comment တွေကိုပါ လိုက်ဖတ်နေမိသည်။ သူ့ကို Yubin နှင့်လား Soobin နှင့်လားဆိုတာ အငြင်းပွားနေကြသူများကြောင့် အသံပါထွက်၍ ရယ်မိသည်။

တကယ်ကို မဖြစ်နိုင်တာတွေ ထင်ရက်ကြတာပဲ..။

"ဘာတွေရယ်နေတာလဲ ဟန်နီ"

"ဒီမှာလေ ငါ့ကို Soobin နဲ့ Yubin ဘယ်သူနဲ့လဲဆိုပြီး အငြင်းပွားနေကြတာ"

Yeonjun မှာ tablet ကို ထိုးပေးရင်း ပြောတော့ Soobin က ယူကြည့်ကာ...

"အဟား ထပ်ပြီး ဒီလိုသတင်းတက်လာပြန်ပြီ... ပြီးရင် မှန်အောင်လည်းမဖော်နိုင်ဘဲနဲ့များ... သနားစရာ မီဒီယာပေါက်စတွေ"

Rumors or Not?Where stories live. Discover now