Part - 3 (final)

64 16 3
                                    

အလုပ်အားနေ၍ ဒါလင့်ရိုက်ကွင်းနေရာဆီသို့ အတူလိုက်လာခဲ့သည့်နေ့မှာပဲ တိုက်ဆိုင်စွာဖြင့် ဒါလင့်ငယ်ဘဝနေရာတွင်သရုပ်ဆောင်ရမည့်ကလေးလေးဟာလည်း ရိုက်ကွင်းထဲအတူတူရှိနေသည်မို့ Yeonjun မှာ သဘောတကျဖြစ်နေရလျက် ကလေးအနားမှာသာကပ်နေမိသည်။ ဒါရိုက်တာက ဒါလင်နှင့်တူသော ကလေးသရုပ်ဆောင်ကို ရှာထား၍ ထိုကလေးလေး Gahyun ဟာ ဒါလင်နှင့် သိပ်ကိုတူပြီး စကားလည်းတတ်ကာ အားလုံး၏ ချစ်မွှေးလေးဖြစ်နေပါတော့သည်။ ထို့အပြင် Gahyun လေးဟာ Yeonjun နှင့်လည်း မွေးနေ့တူနေပါသေးသည်။

"ကိုကို"

"ဟင်? ပြော ကလေးလေး"

ရိုက်ကူးရေးလုပ်လက်စဒါလင်ကို ရေခဲချောင်းလေးစားရင်းကြည့်နေစဉ် ထိုကလေးက သူ့အနားရောက်လာပြီးခေါ်သည်။ ဘာမှထပ်မပြောဘဲ Yeonjun လက်ထဲက ရေခဲချောင်းကိုပဲ စိုက်ကြည့်နေပုံအရ စားချင်လို့ဖြစ်မည်။ ထို့ကြောင့် အိတ်ထဲတွင်ကျန်သေးသော ရေခဲချောင်းတစ်ချောင်းကိုထုတ်ကာပေးရင်း...

"ဒါစားချင်လို့လားဟင်"

"ဟုတ်ဝူး... သားသားမေမေက မချားဖို့မှာထားရို့... ကိုကို ရေခဲဂျောင်းတွေ မချားပါနဲ့ ကျောင်းကျိုးရိမ့်မယ်... ကိုကိုလှလှရေး ကျောင်းကျိုးရင် သေးသောက်ရမှာချိုးရို့ လာပြောတာဂျ"

စကားမပီသေးသော Gahyun လေး၏ စကားတွေကြောင့် Yeonjun မှာ ရယ်ရခက် ငိုရခက်..။ ချစ်မွှေးပါသည့်ကလေးလေးက သူ့ကိုလည်းချစ်ရှာ၍ အခုလိုလာပြောပုံလေးမှာလည်း အသည်းယားစရာလေးသာဖြစ်နေပါသည်။ ကိုက်စားပစ်လျှင်လည်း ကလေးလေးက တစ်ကိုက်စာလေးသာရယ်..။

"ဟိတ်!"

"အား ရှီး-"

အနောက်ဘက်မှ သူ့ခါးကို ရုတ်တရက်လာဖက်ရင်း အသံပေးသော ဒါလင့်ကြောင့် Yeonjun လန့်ဖျန့်ကာ ဆဲမိမလိုပင်ဖြစ်သွားရ၏။ အခုထိသူ့ဘေးမှာရှိနေဆဲ Gahyun လေးကြောင့်သာ ပါးစပ်ကိုအမြန်ပိတ်လိုက်နိုင်ပြီး သူ့ခါးပေါ်က ဒါလင့်လက်ကိုဖြန်းခနဲရိုက်ချလိုက်သည်။ ဒါတောင် ခပ်ဖွဖွရယ်မောရင်း သူ့ပါးကို ဖြတ်ခနဲ နမ်းလိုက်သေးသည်။ တကယ်ကို indoor ရိုက်ကူးရေးမို့သာပေါ့ မဟုတ်လျှင် ဒါလင့်ရဲ့ မဆင်မခြင်အပြုအမူတွေကြောင့် public မှာ ထပ်ပြီးသတင်းတွေတက်လာဦးမှာ..။

Rumors or Not?Where stories live. Discover now