Part - 2

66 15 5
                                    

အဝတ်အစားတို့ကို ရှုပ်ပွနေအောင်ဖွပြီးသည်အထိ ဝတ်ရမည့်အဝတ်ကိုရှာမတွေ့သေးတာကြောင့် Donghyun မှာ ဆူပုပ်လျက် Yeonjun Hyung ဆီ ဖုန်းဆက်ရသည်။

"Hyung~"

"အော ပြောလေ Hyunie"

"ကျွန်တော် အပြင်သွားမလို့ကို ဘာဝတ်ရမလဲမသိတော့ဘူး"

Speaker ဖွင့်ထားသည်မို့ Donghyunie ၏ စိတ်ပျက်လက်ပျက်အသံတိမ်တိမ်အား ဒါလင်ကလည်းကြားလိုက်ပြီး မျက်မှောင်ကြုတ်ကာ...

"ရား Kim Donghyun!"

"ဗျာ... Soobin Hyung ရော ရှိနေတာလား"

"အင်း ငါ့ဟန်နီတာဝန်ယူထားတာ မင်းဇာတ်ကားရိုက်တဲ့အချိန်နဲ့ ပွဲတက်တဲ့အချိန်မှာပဲလေ... အခုလိုအပြင်သွားချိန်က မင်းဘာသာရှာဝတ်ပေါ့... အခုမအားသေးဘူး ငါနဲ့အပြင်မှာဒိတ်နေတာကွ!"

Soobin Hyung ၏ ငြိုငြိုငြင်ငြင်စကားသံကြောင့် Donghyun နှာခေါင်းရှုံ့လိုက်သည်။ သူကမသိလို့ ဆက်မိတာပဲကို အတွဲတွေများ..။

"ဒါလင်ကလည်း ကလေးကို စိတ်မကောင်းဖြစ်အောင် ဘာလို့ပြောနေတာလဲ... ဘာမှမဖြစ်ဘူးနော် Donghyunie အခုသွားတော့မှာလား Hyung video call ခေါ်လိုက်ရမလား"

"တော်ပါပြီ Hyung ရယ်... ကိုယ့်ဘာသာပဲရှာတော့မယ် တော်ကြာနေ Hyung ရည်းစားကြီးက အိမ်ထိလာရိုက်နေဦးမယ်... တကယ်ပါပဲ Yeonjunie Hyung က သဘောကောင်းသလောက် Soobin Hyung က တအားအကျင့်ယုတ်တာပဲ ဟွန့်!"

ပွစိပွစိလေးပြောကာ ဖုန်းချသွားသည်မို့ သူတို့နှစ်ယောက်လုံးတိုင်ပင်မထားပါဘဲ အတူတူရယ်လိုက်မိကြသည်။ ဒီကလေးက Soobin နှင့်ဆိုလျှင် အမြဲအဲ့လိုစိတ်ဆိုးဆိုးနေတတ်သည်။ စိတ်ဆိုးပြီးခဏနေလျှင်လည်း အလိုလိုစိတ်ပြေသွားကြပြီး ပြန်တည့်သွားကြပြန်၏။ ငယ်ငယ်တည်းက ကြောင်နှင့်ကြွက်လိုမျိုး အိမ်နီးချင်းတွေဖြစ်ခဲ့သည်မှာ အခုအချိန်အထိပင်..။

"ဒါလင်က Donghyunie ကိုကျပြောပြီး မင်းလည်း အလုပ်ချိန်မဟုတ်ဘဲလည်း ငါ့ကိုအဝတ်အစားရွေးခိုင်းနေတာကို... နောက်ဆို ကလေးကိုမဆူပါနဲ့... သူ့မှာ မန်နေဂျာဖြစ်တဲ့ သူ့သူငယ်ချင်းဆီက ခဏတိုင်း ဆူတာခံရလိုက် စိတ်ဆိုးတာခံရလိုက်နဲ့မို့ စိတ်ညစ်နေပါတယ်ဆို မင်းကပါ သွားသွားစတော့ မျက်နှာငယ်နေရှာမှာပေါ့"

Rumors or Not?Where stories live. Discover now