Part24(ဇာတ်သိမ်း)Uni\Zawgyi

5.9K 75 4
                                    

#အခန်း၂၄(ဇာတ်သိမ်းခန်း)
#သနပ်ခါးရနံ့လေးကြူကြူမွှေး

ဧရာ၀တီတိုင်း
သင်္ကြန်အကြိုနေ့💦💦

🎵အတာကူးတဲ့ တန်ခူးလအချိန်ခါ....
.....နှစ်ကူးသင်္ကြန်မဟာ🎵

🎵သူကလေးနဲ့ တွေ့ရပုံမှာ..
...... မေ့လည်းမမေ့နိုင်ပါ...🎵

🎵ဒီနှစ်တွင်လည်းကြုံရမှာပဲ .....
......တမ်းတတယ်ဒီချိန်ခါ🎵

🎵ပိတောက်ပန်းပွင့်တိုင်း သတိရနေသူပါ🎵

အာရုဏ်ဦး၏ နေခြည်နုနုပွင့်ဖူးလာသည်နှင့်
မဏ္ဍတ်များမှ သင်္ကြန်တေးသီချင်းများ စတင်၍ပျံ့လွင့်လာလေသည်။
စတုဒီသာကျွေးရန် ပြင်ဆင်သူများကလည်း
လှုပ်လှုပ်ရှားရှားဖြစ်နေကြသည်။

ရွာလမ်းမပေါ်တွင်တော့ ကျောင်းဆင်းဥပုဒ်စောင့်ရန် အိင်္ကျီအဖြူနှင့် ယောဂီရောင်လုံချည်တို့ကို တွဲဖက်၀တ်ဆင်ထား‌ သော လူကြီးသူမများဟာ ပုတီးကိုယ်စီဆွဲကာဘုန်းကြီးကျောင်းသို့ သွားနေကြသည့်နည်းတူ ရေကစားလိုသော ကလေးသူငယ်များနှင့်ကာလသားတစ်သိုက်ကလည်း အပြန်အလှန် စနောက်ကျီစယ်ရင်း အာရုံများနေကြလေသည်။
အားလုံး၏ နှုတ်ခမ်းထက်တွင်တော့ အဓိပ္ပာယ်မတူ၊ ဆန္ဒမတူညီကြပေမဲ့ မြန့်မာ့နှစ်သစ်ကူးပွဲ‌တော်၏ လန်းဆန်းသောအငွေ့အသက်ကြောင့် အပြုံးကိုယ်ဆီတော့ ပန်ဆင်ထားနှင့်ကြလေသည်။

ထိုစဉ် ရွာလမ်းနံဘေးရှိ ပိတောက်ပန်းများ
ဝေဝေဆာနေသော အပင်ကြီးအောက်မှ ဗိုက်‌ဖုံး အိင်္ကျီ၀တ်ဆင်ထားသည့် အမျိုးသမီးလေးဟာ ပေါ့ပါးသွက်လတ်နေသည့်အလား ခပ်မြန်မြန်လမ်းလျှောက်လာနေလေသည်။

သင်္ကြန်ရေကို ပျော်ပါးစွာ ပတ်တိုင်းကစားနေကြသည့် အချိန်ဖြစ်ပေမဲ့ သူမကိုတွေ့သည်နှင့် မည်သူကမှ ရေပတ်ဖို့မစဉ်းစားကြပေ။
မြန်မာလူမျိုးတို့၏ ဓလေ့တစ်ခုအား အလေးထားသော အကျင့်ဖြစ်လေသည်။သက်ကြီးရွယ်အို၊ ကိုလေးလက်၀န်သည်၊
ဥပုဒ်စောင့်သူနှင့်သံဃာများကို သင်္ကြန်ရေ မပတ်ဖို့ရန် လူကြီးများဟာကလေးများကိုပါတားဆီပေးလေ့ရှိခြင်းက ကျင့်၀တ်ကောင်း တစ်ရပ်ပင်ဖြစ်လေသည်။

သနပ်ခါးရနံ့လေး ကြူကြူမွှေးDonde viven las historias. Descúbrelo ahora