S 2/31

409 46 3
                                    

Fri(end) S 2/31

တောက်ပြောင်းနေသော Royal ကား အနက်ရောင်တွေက Kimji စားသောက်ဆိုင်ရှေ့ အစီအရီ ထိုးရပ်လာသလို security တွေက ကားတံခါးတို့ကို အသီးသီး ဖွင့်ပေးဖို့ အဆင်သင့်စောင့်နေကြသည်

ကင်ဂျီဝမ်းနဲ့ ကင်ထယ်ဆော လည် ဆိုင်ထဲက ထွက်လာပြီး စောင်ကြို နေလိုက်သည်

ထယ်ယောင်းနဲ့ ဟိုဆော့လည် ဂျောင်းကုတို့ကို ထွက်လာကြိုပြီ အတူဝင်သွားခဲ့သည်

ဂျောင်းကုတို့ကား အရင်ဆင်းလာပြီး ဂျောင်းကု အရင်ဆင်းပြီး တစ်ဖက်က ဆင်းလာသော ဂျီမင်းကို စောင့်လိုက်ပြီး ဘေးနားရောက်လာသော ဂျီမင်းလက်ကိုတွဲပြီး ရှေ့က ဦးဆောင်ဝင်လာသလို ဂျီဝမ်းက ဂျီဂျီကို ကားတံခါးသေချာလေဖွင့်ပြီး မင်းသမီးတစ်ပါးကို ကြိုဆိုနေတဲ့ပုံကြောင့် ကုကီ ညီမလေးကို ထားခဲ့လိုက်ပြီး ဒယ်ဒီတို့အနောက်က လိုက်ဝင်လိုက်၏

ထယ်ဆော တစ်ယောက်သာ ရန်ရန်ရှိရာ ကားကိုကြည့်ပြီ မျောက်မီးခဲ ကိုင်မိသလို ခုန်ဆွခုန်ဆွ ဖြစ်ကာ မချင်းမရဲ ဖြစ်နေခဲ့သည်

မဖြစ်နေရိုးလား ရန်ရန်နဲ့ ထယ်ဆောကြား ကိုငယ်ဖြစ်သူက နေရာဝင်ယူထားကာ ရန်ရန်ကို အလွှတ်မပေးပဲ ရန်ရန်လက်ဆွဲပြီး ဝင်သွားတာကြောင့် ထယ်ဆော တစ်ယောက် အူးတွေ အသဲတွေယားနေခဲ့သည်

""စိတ်လျှော့ စိတ်လျှော့ ဝဠ်ဆိုတာ နောင်ဘဝ မကူးဖူး လက်တွေ့ပဲ ဟားးးဟားးး""

""ကိုကို ကျတော် ဒူးရင်းသီး သီနေတာနော်""

ဂျီဂျီ ညီအစ်ကို နှစ်ယောက်ရဲ့ တိုးတိုးလေသံမှာ နားစွန်းနာဖျားကြားပြီး ဝင်ပြောလိုက်တာကြောင့် ဂျီဝမ်းရယ်ချလိုက်မိသည်

""ဟယ် ကိုဆော က ဒူးရင်းကြိုက်တာလား ဂျီလည်အရမ်းကြိုက်တာ ပြောရင်းတောင် စားချင်းလာပြီး ဟိဟိ""

""အော် အရေးထဲ ဒါနဲ့ ဘယ်လိုခေါ်ရမှာလဲ ကိုကိုမိန်မ ဆိုပေမယ့် ကျတော့်ထက်အငယ်လေ အမခေါ်ရအောင်ကလည် ၂၀ ပဲရှိသေးတာ ညီမပြောရအောင်ကလည် အကို့မိန်မ ""

""အင်းနော် ရပါတယ် ကိုဆောရာ လွယ်လွယ်ကူကူ ဂျီဂျီလို့ပဲ ခေါ်ပါ ""

Fri(end)  ( I Can Fly Tomorrow) Uni+ZgWhere stories live. Discover now