S 2/25

448 47 12
                                    

Fri(end) S 2/25

Kim group ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်သော Jinx restaurant ထဲ‌သို့ ခြေလှမ်းချမိရုံနဲ့ မျက်နာထက်မှာ ဂုဏ်ယူမိသော အပြုံးတစ်ခုကို ထယ်ဆော မျက်နာထက် ပေါ်ပေါက်လာခဲ့သည်

ဆိုင်မှာ စည်းကား‌လျှောက် ရှိပြီး ငြိမ့်ညောင်းသော သံစဉ်တစ်ပုတ်က ဆိုင်အတွင်း ညင်သာစွာ ပျံလွှင့်နေပြီး အေးမျှသော ပတ်ဝန်ကျင်က ဆိုင်အတွင်းလွှမ်းခြုံထားခဲ့သည်

လူနည်းနည်းရှင်းသည့် ထိတ်ဆုံးဝိုင်မှာ ဝင်ထိုင်လိုက်ပြီး အစားအသောက်အချို့မှာရင် လာမည့် ဧည့်သည်ကို ထိုင်စောင့်နေလိုက်သည်

ထိုအချိန်နားထဲသို့ ဝင်လာ ကြည်လင်ပြီး ချိုသာအေးမြသော အသံအေးအေးလေးက သူ့နာစည်းကိုတိုက်ခပ်လာသလို ကျောအနောက်ဖက်က အသံပိုင်ရှင်လေးကို စိတ်ဝင်စားမိသွားခဲ့သည်

ထယ်ဆော ခန္ဓာကိုယ်ကို လှည့်ကြည့်မည်အလုပ် ဝင်လာသော နိုင်ငံခြားသားဧည့်သည် ကြောင့် မကြည့်ဖြစ်တော့ပဲ ဧည့်သည်ကို အားရုံစိုက်လိုက်ပေမယ့် စိတ်အစဉ်က အနောက်က အသံပိုင်ရှင်လေးဆီ နားစွံမိနေခဲ့သည်

မြေနေရာနဲ့ အိမ်ခန်းဖွဲ့စည်းပုံအကြောင်းပြောနေတဲ့ အသံပိုင်ရှင်လေးက အင်ဂျင်နီယားလေးတစ်ယောက်ဖြစ်မည်ဟု မှတ်ချက်ချလိုက်မိသည်

ထယ်ဆော လုပ်နေကျ အလုပ်မို့ အရှေ့က ကိုယ်ဧည့်သည်ကိုလည် အဆက်မပြတ် အလုပ်အကြောင်းပြောနေပေမယ့် အနောက်က အသံပိုင်ရှင်လေးဆီလည် အားရုံကအပြည့်မို့ ဝိတ်တာ ရှာသလိုလိုနဲ့ အနောက်က လူကို လှည့်ကြည့်လိုက်သည်

ဆံနွယ်တိုတိုလေးအောက်က ဖြူစင်သော ဂုတ်သာလေးနဲ့ မှဲ့အနီလေးက ထင်ရှားရှင်းလင်းနေသလို မိုးပြာရောင်ရှပ် အိကျီကော်လံအောက်က လ လို့ထင်ရတဲ့ အစိတ်အပိုင်း တတ်တူလေးကြောင့် မျက်ခုံတို့မြင့်တတ်သွားပြီး ကြည့်နေစဉ် ဆံနွယ်တို့ကို သပ်တင်လိုက်သော သွယ်လျသော လက်ချောင်းရှည်ရှည်လေးနဲ့ ပလက်တီနမ် ဟမ်ချိန်အပျော့လေးက လိုက်ဖက်စွာ ရှိနေပြီး ရွှေရောင်မျက်မှန်ကိုင်လေး အောက်က ဖြူစင်နေသော သွေးကြောစိမ်လေတွေ အရှေ့ကသာ မြင်လိုက်ရရင် သူငှတ်တုတ်မေ့သွားနိုင်သည့် အနေအထား တစ်ခု ဖြစ်နိုင်သည် ခုအနောက်ဖက်မြင်ရတာတောင် သူ့ရင်ထဲ ဘင်ခရာတီးဝိုင်းရောက်နေသလို ခံစားနေရသည်

Fri(end)  ( I Can Fly Tomorrow) Uni+ZgWhere stories live. Discover now