ZG S 2/16

200 9 3
                                    

Fri(end) S 2/16

ကားစတီယာရင်ကို တင်းကြပ်စွာ ဆုတ်ကိုင်ထားတဲ့ လက်ချောင်းရှည်ရှည်လေးတွေ ဒေါသတွေ ထွက်လွန်လို့ တုန်ယင်နေခဲ့သည်

ကိုယ်ဝန်ကြောင့် တစ်ခွေခွေ ဖြစ်နေတယ် ထင်ပြီး လွှတ်ထားပေးပြီး ဂရုသာစိုက်နေမိခဲ့ပေမယ် ခုဆေးရုံသွားရမယ့်လမှာတောင် အတင်းအကြပ် သူ့ကိုထားခဲ့ဖို့ လုပ်နေသူကို ဇွတ်အတင်း လိုက်ခဲ့၍ ဒီအကြောင်းတွေ သိလာခဲ့ရတာ ဖြစ်ပြီး စိတ်တိုလွန်လို့ လူတစ်ကိုယ်လုံး ထူးပူနေခဲ့သည်

ကားကို ခြံထဲကွေ့ဝင်ပြီး ပေါ်တီအောက်ရပ်ခဲ့ကာ ခြေလှမ်းကျဲကြီးများနဲ့ အိမ်ထဲဝင်သွားခဲ့သူကို ကြည့်ပြီ ဂျီမင်းလည် စိတ်တွေ နောက်ကျိနေတာမို့ ဖြေးဖြေး သက်သာ လမ်းလျှောက်ပြီး အထဲဝင်လာခဲ့သည်

ဂျီမင်းဝင်လာတာနဲ့ ရေသောက်နေသော ဂျောင်းကု လက်တို့ တင်းသွားပြီး သောက်နေတဲ့ ရေခွက်ကို ဂျီမင်းဘေးက နံရံကို ပစ်ပေါက်ထည့်လိုက်တာမို့ ဂျီမင်းလန့်ကာ ကိုယ်လေ တုန်သွားမိခဲ့သည်

ခွမ်းးးးးး

နံရံနဲ့တိုက်ပြီး ကျကွဲသွားတဲ့ ဖန်ခွက်လေးက အစိတ်စိတ် အမွှားမွှား ကွဲကြေသွားခဲ့သလို ဂျောင်းကု လေရဲ့ အလျှင်လို ဂျီမင်းနားရောက်လာပြီး ဂျီမင်းလက်မောင်နှစ်ဖတ်ကို ညစ်ကိုင်လိုက်ပြီး မျက်ဝန်အိမ်က ဒေါသကြောင့် နီးရဲနေခဲ့သည်

""ဂျွန်းဂျီမင်း မင်းဘာလုပ်တာလဲဟမ်း ငါတို့သားအဖတွေက မင်းအတွက် အရေးမပါဖူးလား ဟမ်း မင်းပြောစမ်းပါ ငါက အလောက်ထိ စောက်သုံးမကျတဲ့ ကောင်လား ဟမ်း""

ပြောပြီ ဆောင့်တွန်းလိုက်တာမို့ ဂျီမင်း ဆိုဖာပေါ် လှဲကျသွားခဲ့သည်

""ဂျီမင်း မင်းမရှိပဲ ငါက အဲ့ကလေးကို ချစ်ပေးမယ်ထင်လား ဟမ်း မင်းကိုသေအောင်သတ်ခဲ့တဲ့ အဲ့ကလေးကို ငါက လက်ဖျားနဲ့တောင်မထိပဲ စွန့်ပစ်လိုက်မှာ မင်းသိလား ငါ့အတွက် ငါ့သား သုံးယောက်ပဲရှိတယ်""

""မောင် မင်းစကားကို ဘယ်လိုပြောလိုက်တာလဲ ဒါလည် မင်းသွေးသားပဲ""

""ငါ့သားသုံးယောက်နဲ့ ငါ့ ဘဝထဲက ထုတ်သွားမယ့် သူကို ငါမချစ်ပေးနိုင်ဖူး ဂျီမင်း ငါ့သွေးသားဖြစ်ပါစေ ငါခွင့်မလွှတ်ဖူး ငါ့သားတွေ ရမယ့် ဒဏ်ရာထက် အဲ့ကလေးက ပိုရစေရမယ် ဂျီမင်း ငါ မင်းကိုလည် ခွင့်မလွှတ်သလို အဲ့ကလေးကိုလည် ခွင့်မလွှတ်ဖူး ""

Fri(end)  ( I Can Fly Tomorrow) Uni+ZgWhere stories live. Discover now