Chapter 121

1.4K 167 0
                                    

Unicode

လီရှောင်းဟယ် ကြားဖြတ်ပြောလိုက်မိတယ်။

"ရွှယ်ကွေ့ဝမ်က mentorကိုတောင် စိန်ခေါ်ရဲတယ်ဆိုတော့ သူမက တကယ်သတ္တိရှိတာပဲ ဒါပေမယ့် ကျန်တဲ့သူတွေကိုတော့ အဲ့လိုမလုပ်စေချင်ဘူး ဘာလို့လဲဆို mentor တွေက အလုပ်ပြောင်းထားတော့ ပူးပေါင်းပေးနိုင်မှာမဟုတ်လို့ပဲ"

လီရှောင်းဟယ်က အရွှန်းဖောက်လိုက်တော့ ကျန်တဲ့အကဲဖြတ်ဒိုင်တွေကပါ ရယ်မောလာကြတယ်။

သူတို့နောက်ဆုံးတော့ ရလဒ်ကိုထုတ်ပြောတော့မှာဖြစ်တယ်။ လီရှောင်းဟယ်က ပြုံးပြီးပြောလိုက်တယ်။

"ဒါဆို ငါ မင်းတို့ရဲ့ရလဒ်တွေကို အခု တစ်ခါတည်းပြောလိုက်တော့မယ်
ရွှယ်ကွေ့ဝမ် A
ကျန်းရှောင် B
... "

ပထမအဖွဲ့ စင်ပေါ်ကဆင်းသွားတော့ လီရှောင်းဟယ်က ကုမျန်ရဲ့လက်မောင်းကို သာသာလေးဆွဲပြီး အသံတိုးတိုးနဲ့ပြောလိုက်တယ်။

"နင် နင် ဇာတ်ညွှန်းကိုရော ဖတ်ခဲ့ရဲ့လား"

ကုမျန်ကြည့်ရတာ မှင်တက်သွားသလိုပင်။

"ဘာဇာတ်ညွှန်းလဲ"

"အဲ့ဒါက ဒါရိုက်တာ ငါတို့ကို အရင်ကပေးထားတဲ့ ဇာတ်ညွှန်းလေ ရွှယ်ကွေ့ဝမ် သူမက shoe အဖွဲ့က ထောက်ပံ့ပေးမယ့်သူပဲ ဒါကြောင့် ငါတို့ကို သူမအတွက် ပိုပိုသာသာပြောခိုင်းထားတာ"

ကုမျန် ပြောလိုက်တယ်။

"ငါ့မှာ ဇာတ်ညွှန်းမရှိဘူး"

ထိုသို့ပြောပြီးတော့မှ သူမတစ်ခုခုကို စဉ်းစားမိပြီးမေးလိုက်တယ်။

"ဒါဆို နင်လည်း သူတို့ဖျော်ဖြေတာက သိမ်မကောင်းဘူးလို့ထင်တယ်ပေါ့"

လီရှောင်းဟယ် မိန်းကလေးကုက ချစ်စရာကောင်းတယ်လို့ မတွေးပဲ မတွေးနိုင်တော့ဘူး။

ကုမျန် လုံးဝရှုပ်ထွေးနေပြီ။ စင်ပေါ်ကဖျော်ဖြေမှုက လုံးဝကို သာမညောင်ညပဲကို သူမကလွဲလို့ အကဲဖြတ်ဒိုင်လေးယောက်လုံးက ကောင်းတယ်လို့ပဲ ပြောသွားကြတယ်။

လီရှောင်းဟယ်က သူမရဲ့အသံကိုတိုးလိုက်ပြီး ပြောလာတယ်။

"ဟုတ်တယ် ဖျော်ဖြေတာက ပရမ်းပတာနဲ့ လုံးဝသာမန်ပဲ ဒါပေမယ့် သူတို့က သင်တန်းသားတွေပဲရှိသေးပြီး ပွဲဦးထွက်မလုပ်ရသေးဘူးလေ ဒါက အဆင်ပြေပါတယ် မိန်းကလေးရွှယ်ကွေ့ဝမ်က သူတို့ထဲမှာ ပြောင်းလွယ်ပြင်လွယ်နဲ့ ကျန်တဲ့သူတွေနဲ့ယှဉ်ရင် တော်တယ်ပြောရမယ် သူမရဲ့ပင်ကိုယ်အရည်အသွေးက မျက်စိဖမ်းစားနိုင်ပြီး ကျန်တဲ့သူတွေက သူမရှေ့ရောက်သွားရင် ညှို့မှိုင်းသွားသလို ခံစားရစေတယ် ဒီတော့ ပရိုဂရမ်အဖွဲ့က အမြော်အမြင်ရှိရှိနဲ့ သူမကို အစကတည်းက မြေတောင်မြှောက်ပေးဖို့ ဆုံးဖြတ်လိုက်တာ အဆင်ပြေတယ်ပြောရမယ်"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now