🧶 Chapter 2.1

192 25 0
                                    

🧶 ထောင်ပေါင်း‌ပေါ်က အာင်သွယ်တော်လေး
🧶 Chapter 2.1

ရှန်းချူးချူးသည် သူနာပြုဆရာမလေး သပ်သပ်ရပ်ရပ်ပြင်ဆင်ထားသည်ကိုမြင်လိုက်ရသောအခါ သူ(မ)သည် System စာမျက်နှာပေါ်တွင်မြင်ခဲ့ရသောအရာများကို မေးမြန်းလိုက်တော့သည်။ 

"တစ်ဆိတ်လောက်...ဒါနဲ့ ရှင် မကြာခင်လက်ထပ်တော့မှာလား ?" 

ယနေ့သည် ဇန်န၀ါရီလ ၇ ရက်နေ့ဖြစ်ပြီး သဘက်ခါသည် ဇန်န၀ါရီ ၉ ရက်ဖြစ်သည်။ သူ(မ) အမြင်တိုင်းသာ မှန်ကန်နေပါက သူနာပြုဆရာမလေးသည် သဘက်ခါတွင် မင်္ဂလာဆောင်လိမ့်မည်ဖြစ် သည်။

အဲ့လိုမဟုတ်ခဲ့ရင် သူ(မ)မြင်နေရတဲ့ဟာက ထင် ယောင်ထင်မှား ဖြစ်နေတာများလား ?

သူနာပြုမလေးသည် ကြည်နူးနေသောအကြည့်ဖြင့် ပြုံးပြကာ ရှက်ရှက်ဖြင့်ပြန်ဖြေလာသည်။ 

"ဟုတ်တယ်...ကျွန်မ ကောင်လေးနဲ့ သဘက်ခါကျရင် လက်ထပ်စာချုပ်မှာ လတ်မှတ်သွားထိုးတော့မှာ"

ရှန်းချူးချူးသည် သူနာပြုမလေး၏စကားကြောင့် အံ့အားသင့်သွားသည်။ သူ(မ)မြင်နေရတဲ့ဟာက  သူ့(မ)ဦးနှောက်ထဲမှာတင်မဟုတ်ဘဲ တကယ်အစစ် အမှန်ဖြစ်နေတာလား ?

ရှန်ချူးချူးသည် သူနာပြုဆရာမလေးခေါင်းငုံ့ထားစဉ် ပန်းရောင်နှလုံးသားလေးကိုထပ်မံထိကြည့်လိုက်ရာအရှေ့ကအတိုင်းပင် တိတိကျကျဖော်ပြနေလေသည်။

"ကျွန်မလက်ထပ်တော့မယ်ဆိုတာ ရှင် ဘယ်လိုသိတာလဲ ?"  ဟု သူနာပြုဆရာမလေးက ပြန်မေးလာ သည်။

ရှန်းချူးချူးသည် တုန်လှုပ်နေသေးသော်လည်း သူ(မ)ပါးစပ်ကိုဖွင့်ကာ "ကျွန်မ တခြားသူနာပြုတစ်ယောက်ဆီက ကြားခဲ့တာပါ" ဟု လိမ်ညာလိုက်သည်။

၎င်းတို့၏မဂ်လာသတင်းသည် သူနာပြုဌာန၌ လျှို့ ဝှက်စရာ မဟုတ်သည့်အတွက် သူနာပြုမလေးသည် သူ့ကိုယ်သူဖြစ်နိုင်သည်ဟုစဥ်းစားပြီးခေါင်း ညိတ်ကာပြန်ဖြေလိုက်သည်။

"အော်...ဖြစ်နိုင်ပါတယ်လေ"

ရှန်းချူးချူးသည် သူနာပြုမလေးမတ်တတ်ရပ်ကာ တုံ့ဆိုင်းချင်းမရှိပဲ System မျက်နှာပြင်အားဖြတ်လျှောက်သွားသည်ကိုကြည့်နေခဲ့သည်။ အဆိုပါမျက်နှာပြင်သည် သူ(မ)မျက်စိရှေ့ အမှန်တကယ်ရှိနေသော်လည်း သူနာပြုမလေးသည် ထိုအရာအား လုံးဝသတိမထားမိပုံရသည်။

ထောင်ပေါင်းပေါ်က အောင်သွယ်တော်လေး Where stories live. Discover now