🧶Chapter 1.2

347 43 6
                                    

 🧶 Chapter 1.2


ရှန်းချူးချူးသည် သူ့ဖုန်းပေါ်ရှိ အတွင်းရေးမှူးဝမ်အား တစ်ချက်ကြည့်လိုက်သည်။ မဟုတ်သေးဘူး၊ အဲ့ဒါက အဲ့ဒီနေရာမှာရှိနေတုန်းပဲ။ အတွင်းရေးမှူးဝမ်က လိမ်နေသည်ဟု သူ(မ)သံသယဖြစ်ခဲ့သော် လည်း ထပ်မကြည့်ခဲ့ပေ။ ရှန်းချူးချူး မျက်မှောင်ကြုတ်လိုက်ပြီး 'ပန်းရောင်အသဲနှလုံး'ကို သူကျ ဘာလို့ မမြင်ရတာလဲ ? ဒါ ဘာကိုဆိုလိုတာလဲ ?

ရှန်းချူးချူးသည် အတွင်းရေးမှူးဝမ် မမြင်နိုင်သောကြောင့် သူ(မ)၏ ထူးဆန်းသောအိပ်မက်ကိုအနည်း ငယ်ပြန်တွေးတောကြည့်လိုက်သည်။ သူ(မ)သည် အတွင်းရေးမှူးဝမ်ကို နောက်တစ်ကြိမ်စိုက်ကြည့်ကာ

"Oh -- ဟုတ်သား၊ ဘာမှမရှိဘူးပဲ။ ကြည့်ရတာ ကျွန်မ နိုးခါစမို့လို့စိတ်ရှုပ်ထွေးသွားတာဖြစ်မယ်"

အတွင်းရေးမှူးဝမ်သည် ရှန်းချူးချူး ကို စူးစူးရဲရဲစိုက်ကြည့်လိုက်သော်လည်း ထိုအကြောင်းအရာနှင့် ပတ်သက်၍ဆက်မပြောတော့ချေ။ အတွင်းရေးမှူးဝမ်က ဆက်ကာ

"မိန်းကလေး၊ ကျွန်တော့်သူဌေး ကိုယ်တိုင်ကိုယ်ကျ လာမတောင်းပန်တဲ့အတွက် စိတ်မရှိပါနဲ့။ သူ့အဖိုး ရဲ့မကျန်းမာမှုရေးက ရုတ်တရက်ပိုဆိုးလာတာကြောင့် လက်ရှိမှာအရေးပေါ်ကုသမှုခံယူနေရပါတယ်။ မိန်းကလေး အဆင်ပြေနေတာကို သူမြင်တော့ သူ့အဖိုးကျန်းမာရေးအတွက် စောင့်ရှောက်ဖို့လိုအပ်တာ ကြောင့်လိုက်သွားခဲ့တာပါ။ တစ်ခုခုလိုအပ်တာရှိရင် ဒီ Business card ကိုဆက်သွယ်လို့ရအောင် သိမ်း ထားပေးပါ။ လိုအပ်ရှိရင် ကျွန်တော့်ဆီ ဖုန်းဆက်ဖို့မမေ့ပါနဲ့။ မိန်းကလေးရဲ့ ဆေးဖိုးဝါးခအားလုံးကို ပေးချေခဲ့ပြီးပါပြီ၊ ဒါက လျော်ကြေးအနေနဲ့ နောက်ထပ်ယွမ်တစ်သောင်းပါ၊ ဒီနေ့ အခြေအနေအတွက် အရမ်းစိတ်မကောင်းဖြစ်မိပါတယ်"

အတွင်းရေးမှူးဝမ်သည် ထိုသို့ပြောကာ ဦးညွှတ်ပြီးတော့ Business card နှင့် ယွမ်တစ်သောင်းကို ရှန်းချူးချူး ၏ကုတင်ဘေး စားပွဲပေါ်ချထားလိုက်သည်။

ရှန်းချူးချူးသည် ပိုက်ဆံကိုကြည့်ကာ ဝမ်းနည်းစွာတွေးတောနေမိသည်။

ထောင်ပေါင်းပေါ်က အောင်သွယ်တော်လေး Where stories live. Discover now