Part 13

95 1 0
                                    

🌱🌱🌱

ခွန်းအိမ်ထဲဝင်လာတော့ မင်းရာဇာနဲ့မေပယ်မြတ်ကိုတွေ့သည်။သူတို့အပြစ်လဲမကင်းတာမို့ဘာမှမပြောတာထင်ပါရဲ့..

" ‌ဒေါ်နွဲ့ သားအတွက်ဆန်ပြုတ်လေးပြန်နွှေးပေးပါ ခွန်း
ခနစောင့်ပေးနော်"

ခွန်းခေါင်းငြိမ့်ကာ ဧည့်ခန်းထဲဝင်ထိုင်ပြီးစောင့်နေသည်။ခနကြာတော့ ပန်းကန်လာပေး၍ခွန်းအပေါ်တက်လာသည်။ကျန်တဲ့လူတွေတော့တက် မလာပါ။

တောက်တောက်( တံခါးခေါက်သံ)
ပြန်ဖြေသံမကြား၍အခန်းထဲဝင်ခဲ့လိုက်သည်။အိပ်ယာပေါ်မှာအိပ်နေတဲ့ဖြူဖက်ဖြူယော်ကောင်လေးက မျက်နှာလေးအတော်ချောင်ကျနေသည်။နှုတ်ခမ်းတွေလဲဖြူဖျော့နေလေသည်။တကယ်ကိုလူမမာပုံစံအတိပါဘဲ။ခွန်းသူ့အနားကပ်ကာသူ့ကိုနှိုးလိုက်သည်။မျက်လုံးလေးတွေဖြေးဖြေးချင်းပွင့်လာကာ ခွန်းဘက်လှည့်ကြည့်လာသည်။ပြီးတော့မျက်လုံးပြန်မှိတ်ကာ ..

" ကျစ် ...အ့ပုံရိပ်တွေဝင်မလာစမ်းပါနဲ့ကွာ..မမအနားရောက်လာတာမျိုးတွေမပြစမ်းပါနဲ့..မမကငါ့ဆီကထွက်ပြေးနေတာဘဲဖြစ်နေကြကို..."

ခွန်းမျက်ရည်တွေနဲ့ပြောနေတဲ့ကောင်လေးကိုကြည့်ရင်းသနားမိသွားသည်။သူခွန်းလာတာပုံရိပ်တစ်ခုထင်နေပုံရသည်။ဒါကြောင့်ခွန်းပဲစကားစပြောလိုက်သည်။

" သုတ မင်းဘာမှမစားဘူးဆို.."

" ဟင် မမ...တကယ်မမလား "

ခွန်းပါးလေးကိုထိမယ်အလုပ်သူ့လက်တွေရပ်တန့်သွားတာကြောင့် ခွန်းဆန်ပြုတ်ပန်းကန်ကိုဘေးနားချကာ သူလက်လေးလှမ်းကိုင်ပေးလိုက်သည်။ထိုမှဒီကောင်လေးယုံကြည်သွားသည်။

" မမသားဆီလာတာလား မေမေတို့ခေါ်လို့လား "

" မင်းဘာမှမစားဘူးဆို "

" ဟုတ် "

" ဘာလို့ခုလိုလုပ်တာလဲ မင်းမှာမိဘတွေရှိသေးတယ်လေ "

" သားမှာမမမှမရှိတာ "

" ဆန်ပြုတ်ယူလာတယ်စားလိုက်နော် "

" သားမစားချင်ဘူး မမ"

" မင်းဘဲကို့ကိုချစ်တယ်ဆို ချစ်ရင်ကို့စကားနားထောင်လေ "

♡မမမောင့်ကိုပြန်ချစ်ပါလားဗျာ♡Where stories live. Discover now