Part 18

93 2 0
                                    

သုတသွားသည်နှင့်ခွန်းဆွဲလက်စပန်းချီကားဆက်ဆွဲနေလိုက်သည်။ပန်းချီကားပြီးသည်နှင့်အောက်ထပ်ဆင်းကာဧည့်ခန်းထဲတွင်လိမ္မော်ရည်လေးသောက်နေတုန်းကားသံကြားသဖြင့်သုတပြန်လာမှန်းခွန်းသိလိုက်သည်။

" ပြန်လာဘီလားသုတ "

" ဟုတ်မမ ဒီမှာမမအတွက် မုန့်ပါတယ် "

" မုန့်စားရအောင်ခွန်းကကလေးမှမဟုတ်တာ "

" မမကမောင့်ကလေးလေးဘဲလေ "

" မင်းနော်...လူကြီးတွေရှိနေတာကို "

" ဟားဟားဟား....မမကလည်းမောင်ကအတည်ပြောတာကို ရပါတယ် မမမစားဘူးဆိုလဲမောင်လမ်းထဲကကလေးတွေဘဲကျွေးလိုက်တော့မယ် "

" ဟာ...မင်းနော် ..မစားဘူးလို့ဘယ်မှာပြောလို့လဲ ကလေးမဟုတ်ဘူးဘဲပြောတာကို "

" ဟုတ်ပါတယ် ဟုတ်ပါတယ် မောင်မှားပါတယ်ဗျာ ...နှုတ်ခမ်းကြီးလဲမောင့်ကိုလာထိုးမိပါအုန်းမယ် "

" သုတနော် "

" ဟုတ်ပါတယ်ဗျာ..မမယောက်ျား အမောင်သုတလေးပါဗျ"

" မင်းရွဲ့လို့ပြီးအုန်းမှာလား "

" ဟောဗျာ.....မောင်ကဘယ်မှာရွဲ့လို့တုန်း သုတလို့မခေါ်ချင်ရင်မောင်လို့ခေါ်လေ "

" မခေါ်ချင်ပါဘူး "

" ဒါဆို ယောက်ျားလို့ခေါ် "

" မခေါ်ပါဘူးဆို "

" ဟားဟားဟားဟား...."

သုတသဘောကျစွာရယ်နေလေသည်။

" မမ "

" ဘာလဲ "

" ဟော ...မမကမောင့်ကိုစိတ်ကောက်သွားတာလား "

" မကောက်ပါဘူး စိတ်ကောက်ရအောင် ခွန်းကလေးမဟုတ်ဘူး "

" မောင်နဲ့ဆိုကလေးလဲလုပ်လို့ဖြစ်ပါတယ်...မမဆိုးချင်သလိုဆိုးလို့ရတယ် စိတ်ကောက်လဲရတယ် မောင့်ရင်ခွင်ကမမတွက်ဆိုအရာအားလုံးအိုခေဘဲ "

" ခုနကတော့ ခွန်းကိုစိတ်ဆိုးအောင်လုပ်ပြီးတော့ "

" မမစိတ်ဆိုးနေတဲ့ပုံလေးကချစ်စရာကောင်းတာကိုဗျာ မောင့်ကိုအသည်းယားအောင်လုပ်တာဘယ်လိုအပြစ်ပေးရမလဲပြော "

♡မမမောင့်ကိုပြန်ချစ်ပါလားဗျာ♡Where stories live. Discover now